BITCOIN နှင့် မြန်မာပရိသတ်

in #bitcoin6 years ago (edited)

Bitcoin ဆိုတာနဲ့ MLM ကို ပြေးမြင်တဲ့ ပရိတ်သတ်တွေ မြန်မာနိုင်ငံမှာ အများကြီးပါ။
အပြစ်မဆိုလိုပါဘူး။ ဂျင်းထည့်တဲ့သူကလဲ သူကြုံဖူးသလောက်ကိုပဲ ပြောပြတာကိုး။
ဒါပေမယ့် သေချာမလေ့လာပဲ အများယောင်လို့ လိုက်ယောင်တာကို တော့ အပြစ်တင်ချင်ပါတယ်။

Bitcoin ကအာမခံချက်မရှိဘူး။
မှန်ပါတယ်။ အာမခံစရာမလိုဘူးလေ။
သူ့နည်းပညာနဲ့ သူ အာမခံချက်ရှိပြီးသား။
ဘယ်သူက လာပြီး အာမခံထပ်ပေးရဦးမလဲ။
သူက blockchain နည်းပညာနဲ့ သူ့ဖာသာ ကာကွယ်ပြီးသား။
သူ့လမ်းကြောင်းကို သူစီးဆင်းပြီးသား။
ဘယ်သူ့အာမခံကို ယူရဦးမလဲ။
ရှင်းရှင်းပြောရင် ဘယ်အစိုးရမှ တရားဝင်လက်မခံဘူး။
လက်ခံရမှာလဲကြောက်တယ်။
ဒုစရိုက်လုပ်ငန်းနဲ့ ငွေမည်းခ၀ါချတာကို ကြောက်တာရယ်။
တိုင်းပြည်စီးပွားရေး မထိန်းနိုင်မှာကိုကြောက်တာရယ်ပေါ့။
ဒီတော့ ဘယ်အာမခံမလဲ။ ဘယ်အစိုးရထောက်ခံမှာလဲ။
ဒီတော့ ဂျင်းထည့်ပြီလေ။
သူ့ဖာသာထောက်ခံခံ မထောက်ခံခံ bitcoin က ကော ဂရုစိုက်မယ်ထင်လို့လားဗျာ။
သူ့ဖာသာ ကျောက်တိုင်ကြီးလို မလှုပ်မယက်ရပ်တည်နေမှာပဲ။
ဘာလို့ဆို သူက open sourse လေ။
အတားအဆီးမရှိပဲ စီးဆင်းနေတာ။
ဘယ်သူ့ရဲ့ ထောက်ခံမှုမှ မလိုအောင်စီးဆင်းနေတာ၊ ရပ်တည်နေတာပါ။
MLM platform လောက်ကြုံဘူးတဲ့သူက အပြစ်ပြောတာ မဆိုသာပါဘူး။

bitcoin မှာ မမြှုပ်နှံပါနဲ့။ hacker တွေ အလွယ်တကူ ခိုးယူသွားမယ် ဆိုတဲ့ဂျင်းနောက်တစ်မျိုး။
လာခဲ့ပါ။ ကျွန်တော့ bitcoin wallet ရဲ့ password ပေးပါ့မယ်။
2 step ကိုလဲ ဖြုတ်ပေးပါ့မယ်။ ကျွန်တော့် wallet ထဲလာဝင်လှဲ့ပါ။
Diffenence ip နဲ့ Autorize Device နဲ့တင် ရူးသွားမှာပါ။
ဒါ Client Account ပဲ ရှိသေးတယ်နော်။ Wallet Server ကို တော့ စဉ်းစားကြည့်ပေါ့။
Sending and Receiving မှာလဲ Blockchain နည်းပညာအရ transcation တွေကို ကြေငြာပြီးမှ သွားရတာပါ။
ဒါကြောင့်လဲ bitcoin ရဲ့ အားနည်းချက်က address နဲ့ transfer လုပ်ရင် ချက်ချင်းမရောက်တာပါ။
ဘာလို့ဆို တွေ့သမျှ protocol တွေကို တလမ်းဝင် တလမ်းထွက်အသိပေးကြေငြာ နေတာကိုး။
ဒါကြောင့်လဲ comfirm 6 ခါလောက်လုပ်ပြီးမှ အပြည့်အ၀ လက်ခံရရှိတာပါ။

Coinbase ဆိုတဲ့ wallet ကတော့ email address နဲ့ လွှဲလဲရပါတယ်။ သူကတော့ မြန်တယ်။
ချက်ချင်းရောက်တယ်။
အဲဒါကို ကြည့်ရင် Coinbase ကလဲ ဘာကိုစိန်ခေါ်ထားသလဲဆိုတော့
id ကို ဗြောင်ပြထားပြီး လာစမ်းပါ လာhack စမ်းပါလို့ စိန်ခေါ်ထားသလိုပါပဲ။
Blockchain နည်းပညာအရ ကြေငြာအသိပေးပြီးမှ ငွေအ၀င်အထွက်လုပ်တာမို့
သူ့အိတ်ထဲမှာ ဘယ်လောက်ရှိလဲဆိုတာ အလွယ်တကူ စုံစမ်းလို့ရပါတယ်။
သူ့ဆီရောက်မရောက်လဲ သိနိုင်ပါတယ်။

ကျွန်တော်တော့ကြိုက်တယ်။
ဘာလို့ဆို ဘယ်သူ့ကိုမှလဲ စာရင်းတင်စရာမလို လက်မှတ်ထိုးစရာမလိုပဲ အလွယ်တကူ ပို့လို့ လက်ခံလို့ရတာရယ်။
ဈေးအတက်အကျ ကို trade လို့ရတာရယ်။
မိမိနှစ်သက်တဲ့၊ ကြိုက်တဲ့ e-money နဲ့ currency ကို ရွေးချယ်ခွင့် ရတာရယ်ပေါ့။

ကျွန်တော့်ဖေဖေမေးသလိုပေါ့။
မင်းဟာက မြန်မာငွေမှ မဖြစ်တာတဲ့။
ယုံကြည်ရတဲ့ exchanger နဲ့ တွေ့ရင် မြန်မာငွေ လဲဖြစ်ပါတယ်။
လာခဲ့ပါ ညီအကိုတွေလို့ ခင်မင်ဆက်ဆံနေတဲ့ exchanger တွေနဲ့ မိတ်ဆက်ပေးပါ့မယ်။
အနာဂတ်မှာOK$ က btc Exchange ဖြစ်လာလောက်ပါတယ်။

bitcoin ဘယ်က လာသလဲ။
နည်းပညာက လာတာပါ။ အရေအတွက် ကန့်သတ်ချက်တွေရှိပါတယ်။
21 သန်းအထိ သတ်မှတ်ချက်ရှိပါတယ်။
အကုန်မထွက်သေးပါဘူး။
နည်းပညာက လာတာကို အရပ်အခေါ် တူး (mining) တယ်လို့ပဲခေါ်တာပါ။
ဆာဗာမရှိပါဘူး။ နက်နဲရှုပ်ထွေးတဲ့ ပညာဆိုင်ရာတွေကို ဖြေရှင်းနိုင်ရင် coin ရပါတယ်။
ဘာနဲ့တူးသလဲဆိုရင် ပေါက်တူးပေါက်ချွန်းတွေနဲ့မဟုတ်ပါဘူး။
ကောင်းပေ့ ညွှန့်ပေ့ဆိုတဲ့ မော်နီတာမပါ ကွန်ပျူတာတွေနဲ့တူးပါတယ်။
ကွန်ပျူတာချည်းပဲဆိုရင် မင်းကွန်ပျူတာ မြင်ကွင်းလဲမပါဘူးကောလို့ စောဒကတက်မှာကြောက်လို့ပါ။
မြန်မာပြည်မှာလဲ mining ကို အကြီးအကျယ်လုပ်တဲ့ သူတွေရှိပါတယ်။
ဆွဲခေါ်ပြပါဆိုရင်လဲ ပြပေးလို့ရပါတယ်။
ကျွန်တော်မေးစရာရှိတာက bitcoin တူးထုတ်မှုက 21 သန်းမှာ limit ထားပါတယ်။
တန်ဖိုးလဲ ရှိစရာပါ။ ခင်များတို့ မြန်မာပိုက်ဆံတွေကကော ဘယ်နှစ်ရွက်ထုတ်တယ်ဆိုတာ
ကြေငြာဘူးလား။ ခင်များတို့ကော အရေအတွက်ဘယ်လောက်မှာ ရပ်မယ်ဆိုတာ သိရဲ့လား
လို့မေးချင်ပါတယ်။
နည်းပညာမပါပဲ အစိုးရအသိအမှတ်ပြုရုံလေးနဲ့ ဒါတွေသုံးကြဟေ့
ဒါက ဘယ်လောက်တန် ဆိုတဲ့ဂျင်းအကြီးစားကို ဇွတ်မှိတ်ပြီး အိတ်ကပ်ထဲထည့်ထားကြတာပဲလား။

bitcoin ဈေးကွက်
ဆောင်းပါးတစ်ခုမှာတွေ့လိုက်တယ်။ အိမ်နီးချင်းနိုင်ငံတွေမှာတောင် မသုံးဘူးတဲ့။
ကျွန်တော် ဆွဲခေါ်ပြချင်ပါတယ်။
တစ်နေ့နဲ့တစ်နေ့ မြန်မာနိုင်ငံရဲ bitcoin ပေါက်ဈေးကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ချိန်ညှိရပါတယ်။
အနောက်နိုင်ငံ ၊ စင်္ကာပူ စတဲ့နိုင်ငံတွေနဲ့ ချိန်ညှိပြီးမှ မြန်မာbtc ပေါက်ဈေးကို ထုတ်ပြန်တွက်ချက်ရတာပါ။
ငါးထောင်တစ်သောင်းလောက်ရဖို့ ဆောင်းပါးလေးတစ်ပုဒ်ကို ထဲထဲဝင်ဝင်မလေ့လာပဲ ပေါက်ပန်းဈေး ရေးထားတာတော့
ကျွန်တော်လက်မခံပါ။ အေးပေါ့လေ ဒီလောကထဲ ထဲထဲဝင်ဝင်သိဖို့ကလဲ ညာဏ်ရည်မှီမှ ရမှာကိုး။(ညကလေးရှာမရလို့ ညကြီးနဲ့ပဲရိုက်ထားပါတယ်။)
အပြစ်မဆိုလိုပါဘူး။
ဦးသူစား လျင်သူစားခေတ်ကြီးထဲမှာ လိုက်ရှင်းပြနေရင်၊
နားလည်သဘောပေါက်သွားရင် ကိုယ့်ထမင်းအိုးတောင် ကွဲလောက်ပါတယ်။

လင်းမြင့်လှိုင်
ဆရာများ အမှားပါရင်ခွင့်လွှတ်ပါ။

Sort:  

Congratulations @yewin! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

Are you a DrugWars early adopter? Benvenuto in famiglia!
Vote for @Steemitboard as a witness to get one more award and increased upvotes!