ကျွန်တော်ဆိုတဲ့ကောင်ကလဲ ရေသာမကူးတတ်တာ ချောင်းတို့၊ ရေကန်တို့ မြင်ရင် မနေနိုင်ဘူးဗျ တအားဆော့ချင်တာ..။တခြားလူတွေ အဖွဲ့လိုက်ရေဆော့နေတာမြင်တော့ စိတ်ထဲမရိုးမယွနဲ့ပေါ့ဗျာ. ။အဲဒါနဲ့ကျွန်တော် လဲ မပြောမဆိုနဲ့ ထိုင်နေရာကထပြီး ချောင်းထဲ ”ဝုန်း”ခနဲ ခုန်ချလိုက်ရောဗျို..ဟော့ကောင်မင်းအဲလိုတော့မရဘူးလေကွာ ဆိုပြီး နားနေတဲ့သူငယ်ချင်းတွေကလဲ ”ဝုန်း”ခနဲ ”ဝုန်း”ခနဲ ခုန်ချပြီး ကျွန်တော်ကို ဝိုင်ပြီး လိုက်ဖမ်းကြတာပေါ့ဗျာ...။ရေထဲမှာဆော့လိုက်..ပြေလိုက်လွှားလိုက်နဲ့ သိပ်ကိုပျော်စရာကောင်းတာဗျ..။ကျွန်တော်တို့သူငယ်ချင်းတွေက အသက်ကသာ ကျွင်းနှတ်ခမ်းမျက်စောင်းထိုးနေတာ ဆော့ရမယ့်နေရာဆိုရင်တော့ ကလေးမပြောနဲ့ မျောက်တောင်ရှုံးလောက်တယ်ဗျ...။ရွေဆက်တော်ရောက်ဖူးကြတဲ့သူတွေကတော့ပြောလေ့ရှိကြတယ်ဗျ.ရွေဆက်တော်သွားလို့ ချောင်းထဲရေမချိုးရင် အဲလူရူးနေလို့ပဲဖြစ်မယ်တဲ့..။ဟုတ်တယ်ဗျ.....။ ရွေဆက်တော်ကိုရောက်ချင်ဇောနဲ့ သွားခဲ့တဲ့လမ်းတလျောက် နေရဲ့ပူလောင်မှူ့တွေ၊ မောပန်းမှု့တွေအကုန်လုံး ချောင်းရေထဲ ခုန်ချလိုက်မှ အကုန်ပြေပျောက်သွားသလိုခံစားရတယ်ဗျ..။ရေလေးကလဲ အေးစိမ့်နေပြီး ကြည်လင်နေတာပဲဗျာ..ရေအောက်မှာကလဲ နှုံးတွေမဟုတ်ဘူးဗျ ကျောက်တုန်းလေးတွေ ခင်းထားသလိုပဲ စီစီရီရီလေးတွေဗျ..ပြီးတော့ ရေကလည်းခါးလောက်လေးဆိုတော့ ကျွန်တော့လို ရေမကူးတတ်သူတွေအတွက်တော့ အန္တရာယ်ကင်းတာပေါ့ဗျာ..။တချို့သူတွေက ချောင်းထဲမှာရေချိုးပြီး ခေါင်းလျော်ကြ မျက်နှာသစ်ကြနဲ့ ဗျ..ဒါပေမဲ့ကျွန်တော်တို့မှာတော့ အဝတ်စားအပိုကလွဲလို့ဘာမှပါမလာဘူးဗျ..။အဲအချိန်မှာ ခရီးသွားတာနဲ့ပါတ်သတ်ပြီး ကျွန်တော်တခု သိလိုက်ရတယ်ဗျ..။ကိုယ်ကခရီးတခုသွားတော့မယ်ဆိုရင် အဲဒိနေရာဒေသနဲ့ ပါတ်သတ်ပြီး လိုအပ်တာတွေကိုယူသွားဖို့ မမေ့သင့်ဘူးဗျ..။အများသောအားဖြင့် လူတယောက် အထူးသဖြင့်ကျွန်တော့်လိုလူပေါ့ဗျာ တနေရာရာသွားတော့မယ်ဆို ရောက်ချင်ဇောနဲ့ ဘာယူရမယ် ဘာလိုအပ်တယ် ဆိုတာကို မစဉ်းစားမိဘူးဗျ..။မျက်စိအောက်ရှိတဲ့ ပစ္စည်းတွေတင် ဆွဲထည့်ပြီး ပြီးပြီးရော နေတတ်ကြတယ်ဗျ..။ကျွန်တော်စာအုတ်လေးတအုပ်ထဲမှာ ဖတ်ဖူးတယ်ဗျ...”ခရီးတခု သွားတော့မယ်ဆိုရင် လိုအပ်တဲ့အရာတွေကို သေသေချာချာ စဉ်းစားပြီး စာရင်းလေးတခု လုပ်ထားသင့်ပါတယ်တဲ့ဗျ..”။သိပ်မှန်တယ်ဗျ..။ကျွန်တော်တို့တတွေဟာ ခရီးသွားတော့မယ်ဆိုရင် စိတ်ထဲမှာပဲ စဉ်းစားပြီးလိုအပ်တာတွေ ယူဆောင်တတ်ကြတယ်ဗျ..။တကယ်တော့ လူ့ဆိုတာ မေ့တတ်တဲ့သဘာဝရှိတယ်လေ..။အဲတော့ကျွန်တော် ခရီးတခုခုသွားတော့မယ်ဆိုရင် လိုအပ်တဲ့အရာတွေကိုစာရင်းလေး တခု ပြုလုပ်ရမယ်ဆိုတဲ့ အသိလေးတခု ရခဲ့တယ်ဗျ...။အဲလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်းတစု တယောက်နဲ့ တယောက် ကုန်းပိုးလိုက်၊ ရေကူးပြိုင်လိုက်၊ ဓာတ်ပုံတွေရိုက်လိုက် နဲ့သိပ်ကိုပျော်ခဲ့ရတဲ့ အချိန်လေး ပေါ့ဗျာ...။
စလိုက်နောက်လိုက် ပျော်လိုက်ပါးလိုက်နဲ့ရေချိုးလိုက်တာ တော်တော်လဲကြာသွားတယ်ဗျ ။အဲဒါနဲ့ ကျွန်တော်လဲသူငယ်ချင်းတွေကို ”ဟေ့ သားကြီးရေ တော်ရတော့အောင်ကွာ.. ငါတို့ ဘုရားပေါ်တတ်ရအုံးမယ်” လို့ခေါ်ပြီး ကျွန်တော်တို့ ငှါးထားတဲ့ အခန်းလေးဆီ အဝတ်စားလဲဖို့ပြန်လာခဲ့ တယ်ဗျ... ။အခန်းထဲရောက်တော့ အကုန်လုံး အဝတ်အစား တွေလဲပြီး ချောင်းကိုဖြက်ထိုးထားတဲ့ ဝါးတံတားလေးကိုဖျက်ကာ ဘုရားရဲ့ အောက်စက်တော်ရာ (ခြေတော်ရာ) ဘုရားစောင်းတန်းရှိရာကို ကျွန်တော်တို့သူငယ်ချင်းတစု ဦးတည်လျောက်လှမ်းလာခဲ့ကြတယ်ပေါ့ဗျာ....။
written by htetlinaungg
လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကရောက်ဖူးခဲ့ပေမယ့် ပျော်စရာခရီးတစ်ခုကိုအမှတ်တရရှိနေဆဲပါ
Me too
ခရီးမထွက်တာတော့ကြာပါပီ။ သူငယ်ချင်းတွေနဲ့လဲဝေးနေတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ပီးနေကြတော့ လူစုဖို့ခက်လာတယ်လေ
ခရီးသွားရင် သငယ်ချင်းတွေ့ဆို သိပ်ပျော့်ကောင်းတာဗျ
Good post bro
Thank bro
Thanks for sharing.
Yes
မန်းရွှေစက်တော် လွမ်နေလျက်နော်
ဟုတ်
Congratulations @htetlinaungg! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
သားရီး စာပိုဒ် ခွဲတင်၊ ရှင်းရှင်းလေးဖြစ်အောင်ပေါ့
စာလဲ နည်းနည်းရှည်အောင်ရေး
အကိုပြောချင်တာကို ကိုရဲပြောသွားသည်။
အေးအေးသားကြီး
သူငယ်ချင်းတွေ့စုပြီးခရီးသွားရတာဟာ တကယ်ကိုမမေ့နိုင်တဲ့ အမှတ်တရတွေပါ။
သူငယ်ချင်းတွေ့ဆို ပျေါပျော်ပါးပါးပဲ
သူငယ်ချင်းတွေ့ဆိုပျော်ပျော်ပါးပါးပဲ
မရောက်ဖူးသေးဘူးဗျာ ရောက်ဖူးချင်တယ်
ပုံက တစ်ပုံတည်းလားဗျာ ရေးထားတာကောင်းပေမဲ့ စာက နည်းနေတယ် ဗျာ ဖတ်ရတာ အားမရဘူး profile ပုံလေးရောတင်ထားပေးပါ ခင်ဗျာ
ဟုတ်ကဲ့ပါအကို
စာဖတ်ရင်းပျော်ရပါတယ် ပုံလေတွေနဲ့ဆိုပိုအရသာရှိမှာ
ဟုတ်ကဲ့အကို နောက်ကိုပုံများများတင်ပါ့မယ်
ရွှေစက်တော် မရောက်ဖူးဘူးဗျ
ကျောင်းတက်တုန်းက နီးရက်နဲ့ မသွားခဲ့ရတာ
ဟုတ်ြုးစားပါမယ်
Happy journey
Yes
ပုံလေးတွေ ထပ်ဖြည့်ရင် ပိုကောင်းပါမယ် ဗျ။
ဟုတ်ကဲ့ပါအကို
Congratulations @htetlinaungg! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
looks fun. i believe you enjoyed it.