အားနာခြင်းနဲ့ကျွန်တော့်အမြင်

in #argument8 years ago

IMG_20170312_114714.jpg

အားနာတတ်တယ် ဆိုတာကို လူတွေက
အကောင်းဘက်က မြင်လေ့ရှိကြတယ်။
အားနာတတ်တဲ့သူဆိုတာ လူကောင်းဆိုတဲ့
ပုံစံမျိုး ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ
တွေ့ရတယ်။ အားမနာပဲ ဒဲ့ပြောတဲ့သူတွေ
ကျတော့ လူမုန်းများကြတယ်။

ကျွန်တော်ကတော့ အားမနာတတ်တဲ့သူမျိုး
ထဲမှာပါဝင်ပါတယ်။ ကျွန်တော်အားနာတတ်တဲ့
သူတွေကို အထင်လည်း မကြီးပါဘူး။ အားနာ
ပြီး Yes Yes ပြောတတ်တဲ့ ဝန်ထမ်းမျိုးကိုလည်း
အထင်ကြီးလေ့မရှိပါဘူး။ ပြီးမှ မနိုင်မနင်းနဲ့
ဘော့စ်ကပဲ အတင်းအကြပ်ခိုင်းနေသလိုလုပ်
တတ်ကြတဲ့သူတွေရှိပါတယ်။ အစတည်းက
လုပ်နိုင်မလုပ်နိုင်ကို မပြောပဲYes Yes လုပ်
ကြတာ မြန်မာလူမျိုး တော်တော်များများရဲ့
အကျင့်ပါ။ ကျွန်တော်နဲ့အလုပ်အတူတူတွဲလုပ်
ပြီးခင်တဲ့ နိုင်ငံခြားသားတွေဆို ကျွန်တော့်ကို
မေးလေ့ရှိတယ်။ မင်းတို့မြန်မာတွေက ဘာလို့
ဘာပြောပြော Yes Yes ပဲပြောကြတာလဲတဲ့။
Question ထုတ်တဲ့သူ၊ မှန်မှန်ကန်ကန်
argument ပြန်လုပ်တတ်တဲ့သူ တော်တော်
ကိုတွေ့ရခဲတယ်တဲ့။ ကျွန်တော့်ကို သူတို့မေး
တာလည်း အကြောင်းရှိပါတယ်။ ကျွန်တော်
က နားမလည်ရင် Yes မပြောပါဘူး။ မလုပ်
နို်င်ရင် No ပါပဲ။ မကြိုက်တဲ့ အစားအစာကို
သူတို့သဘောကျအောင် ဟန်ဆောင်ပြီးမစား
ပါဘူး။ သူတို့နဲ့ ဆိုင်ထိုင်ရင်တောင် Asian
Food ပဲ ပေါ်တင်မှာစားပါတယ်။ သူတို့စား
တဲ့ဟာတွေ မကြိုက်လို့ပါ။ တကယ်တော့
သူတို့တွေအားလုံးက ပွင့်ပွင့်လင်းလင်းတွေ
ချည်းပါပဲ။ ဟိတ်ဟန်ကြီးနေတာ မြန်မာတွေ
ဖြစ်နေတတ်ပါတယ်။ သူတို့က ခင်ဗျားဓားနဲ့
ခက်ရင်း မကိုင်တတ်ရင် လှောင်မယ့်အထဲ
မှာ မပါပါဘူး။ သင်တောင် သင်ပေးပါအုံး
မယ်။

ပညာရေးစနစ်ကြောင့် ဖြစ်တာ လူတိုင်းသိပါ
တယ်။ ဒါပေမယ့် သိရုံပဲသိနေကြတယ်။ မပြင်
ကြဘူး။ မသိရင် အားနာတာကြီးက လူကောင်း
တွေရဲ့အလုပ်လိုလို ဘာလိုလိုနဲ့။ ကျွန်တော်
အားမနာတတ်လို့ ကျွန်တော့်ကိုလူကောင်း
လို့ မထင်လည်း ကျွန်တော်ဂရုမစိုက်ပါဘူး။

အားနာခြင်းဟာ သင့်ကို လူလိမ်တစ်ယောက်
ဖြစ်စေလာတာပဲ ရှိပါတယ်။ လောကကြီးမှာ
လူတိုင်း ပျော်အောင်ပြုံးအောင်လုပ်ပေးတာ
လူရွှင်တော်ပဲရှိပါတယ်။ ကျွန်တော် လူရွှင်တော်
မဟုတ်ပါဘူး။ ငြင်းသင့်ရင်ငြင်းမယ်။ လုပ်ပေး
နိုင်ရင် လုပ်ပေးမယ်။ အားနာတယ်ဆိုတာကြီး
ကျွန်တော်ရှိခဲပါတယ်။ (အနည်းအကျဉ်း
လက်ကျန်တော့ရှိပါသေးတယ်)

အားနာနာနဲ့ အယောင်ဆောင်တွေထက်
ကိုယ့်အလုပ်ကိုယ်မှန်မှန်ကန်ကန် လုပ်တတ်တဲ့
လူတွေကိုပဲ ဘဝထဲမှာ ပိုလိုချင်ပါတယ်။

အကာတွေ အရမ်းများနေတဲ့သူတွေတွေ့ရတာ
တစ်ခါတစ်လေတော့ မျက်စိစပ်မိတယ်။

မိုးရှင်း ​ရေးသားသည်