ဘာသာပြန်အတတ်
ဘာသာပြန်အတတ်ကို လေ့လာတယ်ဆိုတာကို နည်းနည်းပြောချင်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကနေ မြန်မာလို ပြန်တတ်ချင်တယ်ဆိုပါတော့။
၁။ အင်္ဂလိပ်ဘာသာစကားရဲ့ သဒ္ဒါထုံးဖွဲ့ပုံကို စနစ်တကျ သင်ယူပါ။
အဓိကအားဖြင့်
ကြိယာနဲ့ပတ်သက်ရင် Voice, Tense
နာမ်နဲ့ပတ်သက်ရင် determiners, Mass Noun/Count Noun
ပြီးတော့ prepositions
(Living English Structure ဟာ အခြေခံအဆင့်အတွက် လုံလောက်ပါတယ်။)
ပြီးမှ ကြိယာပုံစံခေါ် Verb patterns သုံးဆယ်ကျော်,
နာမ်အထူးပြုပုံအမျိုးမျိုး နဲ့ Adjective patterns သုံးခု,
Noun Patterns လေးခု
(Hornby ရဲ့ A Guide to Patterns and Usage in English နဲ့ Collins COBUILD သဒ္ဒါနဲ့ Patterns စာအုပ်တွေ ကို OALDCE ခေါ် Learner's Dictionary, တက်တိုးအဘိဓာန်အကြီး၊မြန်မာစာအဖွဲ့ထုတ် အဘိဓာန်တို့နဲ့ သင်ယူပါ။)
ဝါကျဆက်ပုံအမျိုးမျိုးနဲ့ ကြိယာဝိသေသနအမျိုးမျိုး
Inversion အသုံးပြုပုံ
Auxiliaries များသုံးပုံ
(ဒီအတွက် Living English Structure နဲ့ Collins COBUILD ပဲ သုံးပါ။ စသင်ရင် လွယ်လွယ်မြန်မြန်တတ်ဖို့ အဓိကကြိုးစားပါ။)
ဒါလောက်ကိုတော့ အနည်းဆုံး သိသင့်ပါတယ် Formal Grammar စာအုပ်တအုပ်နဲ့ ပြန်ပုံပြန်နည်းပါ ရေလည်အောင် သင်ယူသင့်ပါတယ်။ မြန်မာလိုပြန်တဲ့ စာအုပ်ထဲမှာ ဆရာနိုးရဲ့ English the Easy Way လိုစာအုပ်သုံးသင့်ပါတယ်။
(မြန်မာကနေ အင်္ဂလိပ်လို ပြန်မယ်ဆိုရင်တော့ Communicative Grammar စာအုပ်တအုပ်အုပ်ကို သုံးပါ။)
ထူးခြားတဲ့အသုံးတွေ Usage ကွာဟချက်တွေအတွက် Fowler, Partridge, Garner, Hill, Michael Swan, Fitikides စတဲ့ဆရာတွေရဲ့ စာအုပ်တွေ သုံးပြီး ကွာခြားချက်တွေကို တတ်သင့်ပါတယ်။
၂။ အမည်စာလုံးပေါင်းနည်း၊ ဝေါဟာရများ၊ အီဒီယမ်များ၊ စကားပုံများ ပြန်ဆိုနည်း စတာကိုလည်း သိထားသင်ထားသင့်ပါတယ်။ ပြန်ဆိုမယ့် ဘာသာရပ်ဆိုင်ရာ ဝေါဟာရကိုတော့ သိရပါမယ်။
၃။ Text types လို့ခေါ်တဲ့ စာပုံစံမျိုးစုံကို စနစ်တကျ ရင်းနှီးတတ်ကျွမ်းသင့်ပါတယ်။ အလွယ်ဆုံး စရင် သတင်းပြန်ဆိုနည်းက စပါ။
၎။ လှသမိန်ရဲ့ လက်တွေ့ဘာသာပြန်စာအုပ်လို နည်းပြစာအုပ်ကို သုံးပါ။ နေ့စဉ်သတင်းစာ နဲ့ နှစ်ဘာသာရေးစာအုပ်တွေ ရှာဖွေပြီး ဆက်လေ့လာပါတော့။
ခုလောက်တတ်ရင် စာဖတ်လိုက် ဘာသာပြန်ကျင့်လိုက်နဲ့ ပါရမီရှိရင် ရှိသလောက် အထိုက်အလျောက်တော့ အလုပ်ဖြစ်နိုင်ပါတယ်။ ဘာသာပြန်ကောင်းတယ်ဆိုသူများကိုလည်း အတုယူပေါ့။ ဒါပေမယ့် ဘာသာပြန်ပညာရပ်လို့ ပြောရလောက်အောင် တတ်ကျွမ်းမယ် မမှတ်ယူနိုင်ပါဘူး။ Translation Techniques တွေကိုတောင် သေသေချာချာမသိသေးဘဲ ဘယ်လိုလုပ် ပညာတတ်တယ် ပြောနိုင်မှာလဲ။ တခါတလေလည်း အစပ်အဟပ်တည့် တခါတလေလည်း ကမြောက်ကခြောက်ပေါ့။
ဆက်ပါရစေ
World of Photography
>Visit the website<
You have earned 5.45 XP for sharing your photo!
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.09
Server time: 02:57:14
Total XP: 84.30/100.00
Total Photos: 16
Total comments: 0
Total contest wins: 0
Follow:
Join the Discord channel: click!
Play and win SBD:
Daily Steem Statistics:
Learn how to program Steem-Python applications:
Developed and sponsored by: @photocontests@fairlotto@dailysteemreport@steempytutorials @juliank