ဦးကဲတောင်

in #artzone7 years ago

image

ဤ တောတောင် ၌
လင်ကောင်ပိုးငှက် မြည်၏
ဒီးဒုတ်ပီစီ ရှိ၏
တယ်သီး ကြွေ၏
ချေ ဟောက်၏
ဝါးရုံရွက်ခြောက်များပေါ်
ငန်းတော်ကျား လျှောက်သံကြားရ၏
သန်းပင် အခေါင်းပေါက်မှ
ကျေး ပေါက်စတို့ ခေါင်းပြူ၏
စစ်ပုဂံရွက်နု၍
ရေငတ်ပန်းပွင့်၏ ။

image

ခရောင်းလမ်းကား
စောင်းတန်း ဖြစ်ခဲ့လေပြီ ။

ကျွန်ုပ် ခိုဝင်ရာ တောအ၀သည်
တစတစ ခမ်းနားလာ၏ ။

ကျောက်စိုင်ကျောက်တုံးပင်ဖြစ်လင့်ကစား
အကြိုအကြား၌
မြေဆီမြေသား တို့ ပုန်းအောင်းနေပါက
အမြစ်အကိုင်းတို့၏
ဖက်သိုင်းမှုကို ခံရချေအံ့ ။

                                          ညဝေးနေ

photo : facebook

image

Sort:  

Dear friend, you do not appear to be following @artzone. Follow @artzone to get a valuable upvote on your quality post!

Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!