ရန်ကုန်တက္ကသိုလ်ဆိုတာ…
တစ်ချိန်က အာရှမှာ နာမည်အရမ်းကြီးခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးနဲ့ ပတ်သက်လို့ ဒီအချက်တွေရော သိပြီးကြပြီလား။
လွမ်းမောစရာကောင်းတဲ့ အဓိပတိလမ်းနဲ့ ကံ့ကော်တန်း၊ သီချင်းတွေထဲ တကူးတက ထည့်စပ်ရတဲ့ သစ်ပုပ်ပင်ကြီး၊ စာကြည့်တိုက်၊ ဂျပ်ဆင်၊ ဒါတွေက အခု ဒီနောက်ပိုင်းမှ ကျောင်းသားတွေ ပြန်ပြီး မြင်ခွင့်တွေ့ခွင့်ရကြတဲ့ အရာတွေပါ။
၉၀ ဖွားတွေအတွက်တော့ လွမ်းမောရုံ၊ အားကျရုံပဲ တတ်နိုင်တဲ့ နေရာကြီးတစ်ခုပဲပေါ့။ ဒီတော့ အားလုံးအတွက် သိထားသင့်တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးလိုက် ပါတယ်။
(၁) ရန်ကုန်တက္ကသိုလ်ဟာ အောက်စဖို့ဒ်တက္ကသိုလ်ကို ပုံစံယူပြီး ၁၈၄၈ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

(၂) ၁၉၄၀ ပြည့်လွန်နှစ်တွေကနေ ၁၉၅၀ ပြည့်လွန်နှစ်တွေကြား ရန်ကုန်တက္ကသိုလ်ဟာ အာရှရဲ့ အကောင်းဆုံး တက္ကသိုလ်တစ်ခုအဖြစ် အသိအမှတ်ပြုခံရပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကျောင်းသားတွေ ကျောင်းလာတက်ချင်တဲ့တက္ကသိုလ်၊ ဝန်ထမ်းတွေ အလုပ်လာလုပ်ချင်တဲ့နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။
(၃) ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်ဆောင်ကျောင်းသားတွေထဲက အထင်ရှားဆုံးပုဂ္ဂိုလ်နှစ်ဦးကတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကုလသမဂ္ဂရဲ့ တတိယမြောက်နဲ့ အာရှတိုက်သားတွေထဲမှာ ပထမဆုံး အတွင်းရေးမှူးချုပ်ဖြစ်တဲ့ ဦးသန့်တို့ပဲ ဖြစ်ပါတယ်။
(၄) လွတ်လပ်ရေးရပြီးတဲ့နောက် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တဲ့အပြင် အမေရိကန်နဲ့ ဆိုဗီယက် တက္ကသိုလ်တွေနဲ့ပူးပေါင်းပြီး အတန်းသစ်တွေတိုးချဲ့ဖွင့်လှစ်တာမျိုးလုပ်ခဲ့တာကြောင့် ရန်ကုန်တက္ကသိုလ်ရဲ့ ရွှေခေတ်လို့တောင် ပြောလို့ရခဲ့ပါတယ်။
(၅) ၁၉၆၀ နောက်ပိုင်း တပ်မတော်အာဏာသိမ်းမှုတွေဖြစ်ခဲ့ပြီး အင်္ဂလိပ်လိုသင်ကြားပေးနေတဲ့ သင်ကြားနည်းစနစ်တွေမှာ မြန်မာလိုပြောင်းသင်ဖို့ ဖိအားပေးခံခဲ့ရပါတယ်။ ရန်ပုံငွေလည်း လျော့ကျလာတဲ့အတွက် ကျောင်းသားတွေအတွက် လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေလည်း မဖြည်းဆည်းပေးနိုင်တော့ပါဘူး။
(၆) ၁၉၈၀ နောက်ပိုင်းကစလို့ ဌာနတွေကို ခွဲထုတ်လိုက်လို့ ရန်ကုန်တက္ကသိုလ်ဟာ အစိတ်စိတ်အမြွှာမြွှာဖြစ်ခဲ့ပြီး တက္ကသိုလ်ကြီးတစ်ခုရဲ့ ဂုဏ်အင်္ဂါနဲ့လည်း မညီတော့ပါဘူး။ ၈၈ မှာ အဆိုးဆုံးဖြစ်ခဲ့ပြီး ကျောင်းကိုပါ အကန့်အသတ်မရှိ ပိတ်ထားခဲ့ပါတော့တယ်။
(၇) အရပ်သားအစိုးရတက်လာပြီးတဲ့နောက် ၂၀၁၁ ခုနှစ်ကစလို့ ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့် ပေးအပ်ခဲ့သလို ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေလည်း လုပ်ခွင့် ရခဲ့ပါတယ်။ အခုအချိန်မှာ နိုင်ငံတကာက ပညာရေးအသိုက်အဝန်းနဲ့ ပြန်လည်ချိတ်ဆက်ထားပြီးဖြစ်သလို အောက်စဖို့ဒ်တက္ကသိုလ်အပါအဝင် နိုင်ငံတကာတက္ကသိုလ်တွေနဲ့လည်း စပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နေပါပြီ။
(၈) ၂၀၁၃ ခုနှစ်ကစလို့ ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့ကြိုတန်းတွေကို ပြန်ပြီးခေါ်ယူသင်ကြားပေးနေပါပြီ။
အခုချိန်မှာတော့ ရန်ကုန်တက္ကသိုလ်နယ်မြေကြီးက ကျောင်းသား ကျောင်းသူတွေနဲ့စည်ကားနေပါပြီ…
......
..
“အလွမ်းရက်ရှည် တစ်ပုဒ်”
ဟိုး…..အဝေးက မင်းခေါ်လေး
အနီးအနားမှာ ပဲ့တင်ထပ်နေတယ်….
ငါမရှိတဲ့အရပ်မှာ အလွမ်းတွေ တပွေ့တပိုက်နဲ့
နင်ပျော်နိုင်ပါ့မလား…..
ဘဝတစ်ခုတည်ဆောက်ဖို့
ပြည့်စုံမယ်ထင်တဲ့လမ်း ငါရွေးချယ်ခဲ့တယ်…
နောက်ထပ်လည်း မရှာပါနဲ့
နောက်တစ်ယောက်လည်း မရှိပါစေနဲ့ချစ်သူ…
အချိန်တန်ရင် ငါ့ရဲ့အရာအားလုံး
မင်းအပိုင်ရစေမယ်….
ပြန်လာမယ့်နေ့ လက်ချိုးရေကာ စောင့်ရင်း…
အချစ်တွေနဲ့ အလွမ်းဖြေပါချစ်သူ…
Smt 52
World of Photography
>Visit the website<
You have earned 5.15 XP for sharing your photo!
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.03
Server time: 00:10:42
Total XP: 40.70/100.00
Total Photos: 8
Total comments: 0
Total contest wins: 0
Follow:
Join the Discord channel: click!
Play and win SBD:
Daily Steem Statistics:
Learn how to program Steem-Python applications:
Developed and sponsored by: @photocontests@fairlotto@dailysteemreport@steempytutorials @juliank
SMT 81
SMT 79
SMT68
SMT67
thank nyi
SMT-74