#ဆရာတစ်ယောက်အကြောင်း(၃)
ကျနော်ကျောင်းအုပ်ကြီး ရုံးခန်းရောက်တော့ ကျနော်စာသင်သော အခန်းတစ်ခန်းမှ ကျောင်းသားနှစ်ယောက် လက်ပိုက်ရပ်နေသည်
''လာညီ မင်းကိုစောင့်နေတာ
ဒါညီ့တပည့်တွေမဟုတ်လား''
''ဟုတ်အစ်ကို ရန်ဖြစ်ကြတာလား''
ကျောင်းအုပ်ကြီးကမျက်နှာတွင် အညိုကွက်ဖြစ်နေသော ကျောင်းသားကိုကြည့်၍
''ဒီလောက်အထိဖြစ်အောင် ရန်ဖြစ်ရသလားကွာ
ကဲညီ ထုံးစံအတိုင်းဆို မိဘခေါ်ရမယ် ကျောင်းခဏအနားပေးရမယ်
ညီဘာလုပ်ချင်လဲ''
''အစ်ကို ကျောင်းက မနိုင်လို့  မိဘလက်အပ်ရတဲ့အဖြစ်ကို
အစ်ကိုအဖြစ်ခံမလား
ကျောင်းသားနဲ့  မိဘကို ရန်တိုက်ပေးရမလား
သိပ်ကို အရိုက်အနှက်ကြမ်းတဲ့ မိဘများဆိုရင် ဒီကျောင်းသားအတွက် ခန္ဓာကိုယ်ပိုင်းထိခိုက်မှုက မတွေးဝံ့ စရာ သိပ်ကို အရှက်သည်းတဲ့ မိဘဆိုရင် ဒီကျောင်းသားနှစ်ယောက် ကိုမိဘကပြန်ပေးမယ့် စိတ်ဒဏ်ရာက သက်သာမယ်မထင်ဘူး
အစ်ကိုကျနော့်ကိုယုံရင် ကျနော့်လက်ကိုအပ်ပါ... ကျနော့် တပည့်တွေ ကျနော်ဆုံးမပါရစေ ကျနော့်ကို ကြိမ်လုံးကောင်းကောင်း တစ်လုံးလောက်ပေးလိုက်ပါ''
''အေး ညီလာမထုတ်ဖြစ်သေးတဲ့ ညီအတွက် ကြိမ်လုံးရှိတယ်
မင်းတို့ နှစ်ယောက် ဆရာမင်းသစ်နဲ့  လိုက်သွားလိုက်''
ကျနော့်နောက်သို့  ကျောင်းသားနှစ်ယောက်ပါလာသည်
ကျနော်ကတော့ ကြိမ်လုံးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်...
''မင်းတို့  Bခန်းကမဟုတ်လား... အတန်းရှေ့ မှာ ဆရာ့ကိုစောင့်နေ ဆရာလာခဲ့မယ်''
တကယ်တော့ ကျောင်းသားနှစ်ယောက်ကို ရှေ့ မှ ကြိုလွှတ်ရခြင်းမှာ ကျနော်စဉ်းစားချိန်ရရန်ဖြစ်သည်
ကျနော့်ကို ကျနော် စိတ်တည်ငြိမ်အောင် အရင် ထိန်းသည်... ကျနော့်ရဲ့ ဆုံးမခြင်းမှာ ကလေးတွေအဆိပ်မသင့်စေဖို့  ကျနော်ကြိုပြင်ဆင်ထားလိုက်သည်
ကျနော်အတန်းထဲဝင်တော့ ကျောင်းသားနှစ်ယောက်က လက်ပိုက်၍ ရပ်နေသည်
''မင်းသိန်းနဲ့  အာကာ ရန်ဖြစ်တာ
တပည့်တို့ မြင်ကြလား''
ကျောင်းသားခေါင်းဆောင်မှ
''မြင်တယ်ဆရာ''
''ဘယ်သူပိုလွန်တယ်လို့  သားထင်လဲ''
''အာကာလွန်တယ်ဆရာ သူကစထိုးတယ် မင်းသိန်းက ရန်ဖြစ်စမရှိတော့ ရန်ရှောင်ဖို့  ကြိုးစားသေးတယ်... နောက်တော့ သူလည်း ဒေါသထွက်လာပြီး ပြန်ထိုးတော့တာပဲ''
''သားတို့ က ဝင်မဆွဲဘူးလား''
''ဝင်ဆွဲလို့ 
ဒီလောက်နဲ့ ပြီးသွားတာဆရာ''
''လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာတဲ့... ဒီစကားကို ဆရာက သိပ်လက်မခံချင်ဘူး... ဆရာကိုယ်တိုင် မဖြစ်ချင်ဘဲ ဖြစ်ခဲ့ရတဲ့ ရန်ပွဲတွေရှိတယ်
ယောကျာ်းတွေဟာ ကာယမာန်ကဲ ပြီး မိန်းမတွေက အလှမာန်ကဲတယ်
ကိုယ်နိုင်သည်ဖြစ်စေ မနိုင်ဘူးဖြစ်စေ အတိုင်းထက်အလွန်အနိုင်ကျင့် ခံရရင်ပဲဖြစ်ဖြစ် ရန်ရှောင်ဖို့  စိတ်ကူးမရှိတော့ဘူး
အခုမင်းသိန်းနဲ့ အာကာ ရန်ဖြစ်ကြတယ်
လူငယ်မျက်လုံးနဲ့  ကြည့်ရင် အာကာဆော်လိုက်တာ မင်းသိန်းထိသွားတယ်
ခံရသူက အသားရော အသည်းပါ နာရတဲ့အဖြစ်
ကဲ ဘယ်လောက်မတရားလိုက်သလဲ သားတို့ ကိုယ်တိုင်ကရော လူမိုက်အားပေးလား
မင်းတို့ တွေ respectပေးကြလိမ့်ဦးမယ် ဒီကောင်က လက်ယဉ်တယ် fighterကျတယ်ဆိုပြီး...
အဲ့ဒိစကားကို ထိုးတဲ့ကောင်က feelတတ်နေဦးမှာ ... ငါကွဆိုပြီး
အာကာ ဆရာမေးတာဖြေ''
''ဟုတ်ဆရာ''
''မင်းလုပ်ရပ်က မှန်လား မှားလား''
''မှားပါတယ်ဆရာ''
''ဘယ်လိုမှားတာလဲ ''
ကလေးချင်းသာ လူဇော်လုပ်နေသော်လည်း ဆရာတစ်ယောက်ရှေ့ ကျ မျက်ရည်တွေဝဲလို့ 
''သားထိုးလိုက်မိလို့ ပါ''
''မဟုတ်ဘူး ဆရာကထိုးတာကို အပြစ်တင်တာမဟုတ်ဘူး ဘယ်လိုစိတ်
နဲ့ ထိုးတာလဲ ဘာအကြောင်းပြချက်နဲ့  ထိုးတာလဲ ဆိုတာကို သိချင်တာ
မင်းအနိုင်ကျင့်ချင်တာမဟုတ်လား''
အာကာ နှုတ်ဆိတ်နေသည်
ကိုယ့်ကိုယ်ကိုလည်း ပြန်ထိန်းနေရသည်
ကလေးကို ချောင်ပိတ်မေးခွန်းတွေ မေးဖို့ မသင့်...
ကျနော်သူ့ ကို စကားအရာ
အနိုင်ယူဖို့ ဆူနေခြင်းမဟုတ်...
''တပည့်တို့ ကို ဆရာပြောရဦးမယ်
ဘယ်သူကမှ အနိုင်ကျင့်မခံချင်ဘူး
ဘယ်သူကမှ အရှက်တကွဲမရှုံးနိမ့်ချင်ဘူး
မင်းတို့ တွေ ၈တန်းဆိုတာသာတူကြတာ
အရပ်အနိမ့်အမြင့်မတူကြဘူး
ခွန်အားတွေမတူကြဘူး
တိုက်ရည်ခိုက်ရည်မတူကြဘူး
ဥာဏ်ရည် ဥာဏ်သွေးလည်း မတူကြဘူး
မတူညီမှုတွေကို နှိုင်းယှဉ်ပြီး သူသာတယ်ငါသာတယ်ဆိုပြီး
တပါးသူကို အနိုင်ကျင့်ဖို့ မဟုတ်ဘူး
ကိုယ့်အားသာချက်အားနည်းချက်တွေကို မိမိကိုယ်တိုင် လက်ခံရဲဖို့ ပဲ လိုတယ်
အခု မင်းသိန်းနေရာက ဝင်ခံစားကြည့်စမ်း
အသားနာရတယ်
ယောကျာ်းတစ်ယောက်ရဲ့ ကာယမာန်ကျဆင်းတယ်
မကျေမနပ်စိတ်တွေဖြစ်နေမယ်
မမျှတမှုကိုတော့ ဆရာမကြိုက်ဘူး
မျှတစေချင်တယ်
သား မင်းသိန်း ဆရာ့ကို ကြည့်...
ဒီပွဲဟာ အရှုံးအနိုင်ကို ဆုံးဖြတ်တဲ့ပွဲမဟုတ်ဘူး
သားတို့ လို ကလေးဘဝမှာ ကြုံ လေ့ ရှိတဲ့ မတော်တဆ ပွတ်တိုက်မှုတစ်ခုပဲ
ဒါပေမယ့်ဒီပြသနာ ဒီလိုပဲပြီးသွားမယ်ဆိုရင် သားဘက်က ဆရာနာတယ်
ဒီတော့ ဒီကြိမ်လုံးနဲ့  အာကာ့ကို ရိုက်မယ်...
မရိုက်ခင်သားကို တစ်ခုမေးမယ်
သားအသက်အရွယ်က ကလေးလား လူကြီးလား''
''ကလေးပါဆရာ''
''ကလေးဆိုတာ အမှားလုပ်တတ်ကြတယ်ဆိုတာကို သားလက်ခံလား''
'ဟုတ်ဆရာ''
''ဒါဆို အာကာကရော ကလေးလား လူကြီးလား''
''ကလေးပါဆရာ... ''
''ဟုတ်ပြီ... အာကာက ကလေးတစ်ယောက်မို့  မှားယွင်းခဲ့တယ် ဆရာ့လူကြီးစိတ်နဲ့  ဆိုရင်တော့ ခွင့်လွှတ်ပေးချင်တယ်
ဒါပေမယ့် ဆရာ့မှာ ခွင့်လွှတ်ဖို့ 
အခွင့်အရေး မရှိဘူး... ဘာလို့  လဲဆိုတော့ ဆရာက ကျူးလွန်ခံရသူ မဟုတ်ဘူးလေ....
ဒီတော့ သားမှာ ရွေးချယ်ခွင့်အပြည့်ရှိပြီ
ဆရာ အာကာ့ကို ရိုက်ခြင်းမရိုက်ခြင်းဟာ သားအပေါ်ပဲ မူတည်တယ်
ကဲ ပြော သား
ဆရာ အာကာ့ကို ဘယ်နှစ်ချက်ရိုက်ရမလဲ''
ကျနော် အာကာ့ကိုရိုက်ဖို့  ကြိမ်လုံးကို ရွယ်မြှောက်ရင်း မေးလိုက်သည်
မင်းသိန်းတွေဝေသွားသည်
အာကာ့ကို ကျေနပ်သေးပုံတော့မရ
ကျနော်ကတော့ သူ့ အဖြေကို စိတ်ရှည်ရှည် စောင့်ပေးနေမိသည်
''သားပြော ဒီကစ္စအတွက် အာကာသားကို
အငြှိုးမထားစေရဘူး
အာကာစိတ်ဓါတ်ဒီလောက်မညံ့မှန်းဆရာသိတယ်... သူ့ ကိုယ်သူလည်း မှားမှန်းသိတယ်
သူ့ အပြစ်အတွက်လည်း တာဝန်ခံရဲတယ်
ဟုတ်တယ်မဟုတ်လား အာကာ''
''ဟုတ်ဆရာ''
မင်းသိန်းက ကျနော့်ကိုကြည့်ပြီး
''မရိုက်နဲ့  ဆရာ''
ကျနော်တုတ်ကိုလွှတ်ချလိုက်ပြီး
မာန်ပါပါဟန်ပါပါလက်ခုပ်တီးပေး
လိုက်သည်... လူလတ်ပိုင်းတစ်ယောက်အမြင်မှာ ကျနော်လုပ်ရပ်တွေကို အူကြောင်ကြောင်နိုင်ကောင်း နိုင်မည်
ဒါပေမယ့် ဒီကလေးတွေအတွက် ကျနော်နားလည်ထားသမျှ အစွမ်းကုန် ပရိယာယ်သုံး ဆုံးမရမည်
''အာကာ ကြားလား
သားသူငယ်ချင်းရဲ့ ခွင့်လွှတ်မှုကို ကြားလိုက်လား
သားသူငယ်ချင်းရဲ့ သဘောထားကြီးမှုကို ခံစားမိရဲ့လား
သူ့ မှာ သားကို အနိုင်ယူဖို့  အခွင့်အရေးရှိတယ် ဒါပေမယ့်သူ မယူခဲ့ဘူး သူကသားလို အနိုင်ကျင့်တဲ့ အမှားမျိုးကို မကျူးလွန်တော့ဘူး
ဒါဆိုသားကရော''
ကျနော် သက်ပြင်းကို လေးလေးပင်ပင်ချပြီး
''စိတ်အဆင့်အတန်းမြင့်မားလာလေလေ ရန်ဖြစ်ချင်စိတ်နည်းလာလေလေပဲ
ကိုယ့်မှာ ရန်ဖြစ်ချင်စိတ် ရန်လိုစိတ်ရှိနေသေးရင် ငါ့ရဲ့ စိတ်အဆင့်အတန်း နိမ့်ပါးသေးတယ်လို့  သတိပြုမိပါစေ
ဆရာကတော့ သားတို့ အရွယ်လောက်တုန်းက ဘယ်သူ့ ကို ထိုးချင်တယ် ဘယ်သူ့ ကို ဆော်ချင်တယ်ဆိုတဲ့ စိတ်တွေရှိခဲ့ဖူးတယ်
ဆရာသိပ်ကို အဆင့်နိမ့်ခဲ့ဖူးတာပေါ့
ဒါပေမယ့် ဆရာ့တပည့်တွေက ဆရာထက်တော်ခွင့်ရှိသွားပြီ
ဒီအသိတရားတွေကို ရှစ်တန်းနှစ်မှာ ဆရာသိခွင့်မရသေးဘူးလေ
အခုတော့ တပည့်တို့ က သိခွင့်ရနေပြီ...
မသိသေးသ၍တော့ အပြစ်ကျူးလွန်မှုကို မမှန်သေးတာလို့  ဆရာကမြင်တယ်
သိပြီးနောက်ထပ်ကျူးလွန်ရင် ဒါဟာအမှားဖြစ်သွားပြီ
သွား သားတို့ နှစ်ယောက် အတန်းထဲပြန်ဝင်တော့''
ကျနော်အခန်းပြင်ထွက်တော့ ကျောင်းအုပ်ကြီးနှင့် ပက်ပင်းတိုးသည်
''ငါ့ညီကလေးကို ဆုံးမတာ ဇာတ်ညွှန်းတစ်ခု ကြိုရေးထားသလိုပါလား
အစီစဉ်ကို ကျလို့ ''
''ဟုတ်တယ်အစ်ကို ဒါ ဇာတ်ညွှန်းတစ်ခုပဲ
ကလေးတွေရဲ့ စိတ်ကို ကျနော်နားလည်တယ်လေ
သူတို့ ကိုသာ အသိအမှတ်ပြုပေး
သိပ်လိမ္မာချင်ကြတာပေါ့
ပထမတစ်ချက်က အာကာ့ကို စိတ်ကြီးဝင်သွားမှာစိုးတာ
မိဘခေါ်ရတာကို ဂုဏ်ယူစရာလို
သူတို့ ချင်းပြောတတ်ကြတာ
အစ်ကိုသိမယ်ထင်တယ်
ဘယ်သူ့ ကို ဘယ်လိုထိုးလိုက်
တာလို့  ပြောရတာ သိပ်ကို အရသာရှိတာပေါ့... ထင်ပေါ်ချင်ကြတာ လူ့ တချို့ ရဲ့ သဘာဝပေါ့
ဒီတော့ သူ့ ပြသနာလောက်က သေးသေးလေးပါဆိုတဲ့အသိ ဝင်သွားစေချင်တာ
ကျောင်းအုပ်နဲ့ မရှင်းဘဲ
ကျောင်းဆရာနဲ့  ရှင်းတဲ့သဘော
ဒုတိယတစ်ချက်က တော့ ကျနော့် missionပဲ
ရွယ်တူချင်း အနိုင်ယူခံလိုက်ရလို့  သိက္ခာရှုံးသွားတဲ့ ကျောင်းသားအတွက် ''သဘောထားကြီးခွင့်''နဲ့  ''လက်စားချေခွင့်''ကို ပူးတွဲပြီး စီစဉ်ပေးထားတယ်
''သဘောထားကြီးခွင့်''ကို ရွေးချယ်ဖြစ်အောင်လည်း ကျနော်စည်းရုံးထားတယ်
ဘယ်သူမှ သိက္ခာမရှုံးရဘူး
ဘယ်သူမှ မနာကျင်ရဘူး
အနိုင်ကျင့်လိုခြင်းရဲ့ နိမ့်ကျမှုကိုလည်း မြင်စေရမယ်
ဒီရန်ပွဲတစ်ခုကို ဥပမာထားပြီး ကျန်အတန်းသားတွေကိုလည်း ရှင်းပြဆုံးမခွင့်ရတယ်
ကျနော့်တပည့်တွေကို လူမိုက်လူရမ်းကားတွေအဖြစ်
လူ့  အဖွဲ့ အစည်းထဲကို မစေလွှတ်ချင်ဘူး
ခွင့်လွှတ်တတ်တဲ့ သဘောထားကြီးတဲ့ လူသားတွေ အဖြစ်ပဲမြင်ချင်တာပါ
ကလေးတွေက သိပ်လိမ်မာချင်ကြပါတယ်
ကျနော်တို့ ဘက်က အသိအမှတ်ပြုပေးဖို့ ပဲလိုတာ''
writter by @dellcrazy