အမေ့သားပြန်လာပြီ
ပန်းတစ်ပွင့်ချင်းစီရဲ့နာမည်ကို
ကျွန်တော်မသိဘူး
ကျွန်တော်သိတာက
ကဆုန်မှာ ကဆုန်ပန်းပွင့်ပြီး
နယုန်မှာ နယုန်ပန်းပွင့်တာပါပဲ။
ကမ္ဘာကြီးက လုံးတယ်လို့ထင်ခဲ့တာ မဟုတ်ဘူး...
၃၆၀ဒီဂရီကွေးနေတာ
ဒီလိုလောကကြီးနဲ့ခေါက်ရိုးမကျိုးခဲ့လို့
ကဆုန်ပန်းတွေမပွင့်တဲ့ရွာအပြင်ဘက်ကို
ကျွန်တော်အပို့ခံခဲ့ရတယ်
ဒီလိုပါအမေ...
ဘဝကအနားမညီခဲ့ရင်တောင်
ကျွန်တော့်အနေနဲ့
၉၀ဒီဂရီထောင့်မှန်တစ်ခုတော့ပိုင်ချင်တယ်။
ကျွန်တော့်ကိုရွှေလိုလူတွေနဲ့မနှိုင်းပါနဲ့အမေ
သူများလည်ပင်မှာအဆွဲခံရတာကိုမုန်းတယ်
ဒြပ်စင်ချင်းတူရင်တောင်
ကျွန်တော်က ကာဗွန်စစ်စစ်ခဲသားလေးပဲဖြစ်ချင်တယ်။
ကျွန်တော်က အနောက်ဘက်လှည့်ရပ်နေခဲ့ရင်တောင်
နေ က အရှေ့ဘက်ကပဲထွက်လာခဲ့တယ်
ဖောင်စီးရင်းရေငတ်တာမဟုတ်ဘူး
ရေကူးရင်းရေငတ်ခဲ့တဲ့အကောင်ပါ
ရှင်သန်ခြင်းရဲ့တန်ဖိုးကို
အုတ်ဂူတွေဆီကနေသင်ယူခဲ့တယ်
အခုတော့...အမေ့သားပြန်လာပြီ။
(သူရသေန)
photo : facebook
Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!