ဒီဖြစ်စဉ်တွေကိုြ

in #artzone7 years ago

အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို အောက်မှာ ဖတ်ကြည့်လိုက်ရအောင်ပါ။စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုတွေ အရမ်းများလာတဲ့အခါ
image
မှာ sympathetic လို့ခေါ်တဲ့ အာရုံကြောစနစ်က ထကြွလာပြီးတော့ အသက်ရှူတာက အဆုတ်အောက်ပိုင်းအထိ မရောက်ဘဲ တိမ်တိမ်လေးနဲ့ မြန်မြန်ရှူလာကာ နောက်ဆုံးမှာ အသက်မရှူနိုင်ဖြစ်သလို ခံစားရမယ်။ သွေးတိုးလာမယ်၊ သွေးခုန်နှုန်းတွေလည်း မြန်လာမယ်။ ဒီဖြစ်စဉ်တွေကို ပြန်လည်ပြီး ထိန်းသိမ်းပြီး တည်ငြိမ်ဖို့အတွက် vagaus အာရုံကြောကနေပြီးတော့ Parasympathetic ဆိုတဲ့ အာရုံကြောစနစ်ကို လှုံ့ဆော်ဖို့ လိုပါတယ်။ ဝမ်းဗိုက်ကြီးတစ်ခုလုံး ဖောင်းလာတဲ့အထိ အသက်ပြင်းပြင်း ရှိုက်ရှူလိုက်ခြင်းအားဖြင့် vagus အာရုံကြောကို လှုံ့ဆော်ပေးပြီး ပြန်လည်တည်ငြိမ်လာစေပါတယ်။
စိတ်ခံစားမှုနဲ့ အားအင်တွေကို တိုးတက်ကောင်းမွန်လာစေတယ်။ စိတ်ခံစားမှုတွေနဲ့ အားအင်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ထိရောက်တဲ့ နည်းလမ်းတွေထဲက တစ်ခုကတော့ အသက်ရှူခြင်းအပေါ်မှာ အာရုံစိုက်ထားခြင်းပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အသက်ရှူတဲ့ပုံစံက သူ့ရဲ့စိတ်ခံစားချက်အမျိုးမျိုးနဲ့ ဆိုင်ပါတယ်။

Sort:  

Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!