*မိန်းမတစ်ယောက်ရဲ့ နားလည်နိုင်မှုကို
သင်ခဏခဏ မစမ်းပါနဲ့
သူနားမလည်နိုင်တော့အချိန်ရောက်ရင်
သင် ရှင်းပြခွင့်တောင် ရလိမ့်မယ် မထင်နဲ့
*မိန်းမတွေရဲ့ နှလုံးသားက
ဖယောင်းချက်နဲ့ ပုံဖော်ထားတဲ့
ဖယောင်းရုပ်တစ်ခုလိုပါပဲ
နှူးညံခြင်းပြီးရင် မာကျောတတ်လာကြတယ်
*ချစ်တယ်ပြောပြီး
ပစ်ထားခဲ့တဲ့အချိန်တွေ များလာခဲ့ရင်
လွမ်းတယ်ပြောပြီး လျစ်လျူရှူထားတဲ့အချိန်တွေ
များလာခဲ့ရင်ခမ်းခြောက်သွားတဲ့မျက်ရည်စတွေကြား
သူမရက့်ကျက်သွားခဲ့ရင်
*အရင်ကလို
သင်ရဲ့ဂရုစိုက်မှုတွေကို လိုအပ်တော့မှာ မဟုတ်ဘူး
သင်ရဲ့ လျစ်လျူရှူမှုတွေက သင်ရဲ့ခံနိုင်ရည်စွမ်းကို
ရိုက်ချိုးခဲ့ပြီးလေ
*သင်ရဲ့ ပစ်ပယ်ထားမှုတွေက
သူမကို အထိုက်အလျှောက်
နေသားကျစေသွားပြီးလေ
*သင်မပေးခဲ့တဲ့ အချိန်တွေအတွက်
ကျခဲ့တဲ့မျက်ရည်တွေအစား
သူမရဲ့အချိန်တွေကို သူမဘဝအတွက်
အရေးကြီးတယ်ထင်တဲ့
အလုပ်တွေကို ကြိုးပမ်းသွားတော့မှာပါ
*သင်မမြင်နိုင်တဲ့ သူမရဲ့တန်ဖိုးကို
တစ်ခြားတစ်ယောက်ကမြင်ပြီး
တန်ဖိုးထားခဲ့မယ်ဆိုရင်
သင်မနာလိုမဖြစ်ပါနဲ့တော့
*မိန်းမတစ်ယောက်ရဲ့ အရင့်ကျက်ဆုံးအချိန်က
သင်တို့ နားလည်နိုင်စွမ်းရဲ့ နံရံတစ်ဖက်စွန်းမှာပါ
မေတ္တာဖြင့်…
photo : google