မြန်မာနိုင်ငံတွင် Bitcoin နှင့် Crypto-currency များကို အသိအမှတ်မပြုကြောင်း ကြေငြာရန်အတွင် ဘဏ်လုပ်ငန်းများမှ ကြိုးစားနေသည့်အဆင့်တွင်သာ ရှိနေပါသေးသည်။ ၎င်းကဲ့သို့ ကြေငြာနိုင်ရန်လုပ်ဆောင်ရခြင်းမှာ Bitcoin အပါအ၀င် Crypto-currency များသည် ဈေးနှုန်းအတက်အကျ မတည်ငြိမ်းခြင်းနှင့် ပြောင်းလဲမှုမြန်ဆန်ခြင်းကြောင့် သုံးစွဲသူ ပြည်သူများ ဆုံးရှုံးနစ်နာနိုင်ခြင်းကြောင့် ဟုဖော်ပြကြပါသည်။ ၂၀၁၇ခုနှစ်တွင် မြန်မာနိုင်ငံ၌ crypto-currency အကြောင်းပြပြီး ငွေကြေးလိမ်လည်သည့် MLM လုပ်ငန်းများပေါ်ပေါက်ခဲ့ခြင်း ကြောင့်ဟုလည်း ယူဆနိုင်ပါသည်။ နိုင်ငံတကာတွင်လည်း ၎င်းနည်းတူ လိမ်လည်မှုများစွာ ဖြစ်ပေါ်လက်ရှိပါသည်။ ထိုကဲ့သို့ လိမ်လည်မှုတွင် အလိမ်ခံခဲ့ရသောသူအများစုသည် (စားရေးသူအပါအ၀င်) bitcoin နှင့် crypto-currency များ အကြောင်းကို ဂဂဏဏနားမလည်ခြင်းကြောင့် ဖြစ်သည်ကို တွေ့ရှိရပါသည်။ ထိုကြောင့် မြန်မာနိုင်ငံအနေဖြင့် Bitcoin နှင့် Crypto-currency များကို ပိတ်ပြင်ခြင်းဖြင့် ဖြစ်ပေါ်လာမည့် ကောင်းကြိုးနှင့် ဆိုးကြိုးများကို စားရေးသူ၏ အမြင်သတ်သတ်ဖြင့် တင်ပြလိုပါသည်။
Bitcoin နှင့် Crypto-currency များကို ပိတ်ပြင်ခြင်းဖြင့် ရရှိလာမည့် ကောင်းကြိုးများ
မြန်မာနိုင်ငံတွင် bitcoin အပါအ၀င် မည်သည့် crypto-currency ကိုမှ တရားဝင် ပြဌာန်းပြီးသုံးစွဲနေခြင်း မရှိသည့်အတွက် အထူးတလည် ပိတ်ပြင်ရန်လိုသည့် ကိစ္စမဟုတ်ပါ။ ပိတ်ပြင်ရမည့်အပိုင်းသည် bitcoin အကြောင်းပြပြီး လုပ်ငန်းများဆောင်ရွက်နေသည့် MLM network များ၊ company ကိုသာ ထိထိရောက်ရောက် စုံစမ်းပြီး ပိတ်ပြင်တားဆီးရပါမည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ပါက အသိပညာဗဟုသုတနည်းပါသော ပြည်သူပြည်သားများ အလိမ်ခံရခြင်းမှ ကာကွယ်ပြီးသား ဖြစ်ပါမည်။
Bitcoin နှင့် Crypto-currency ကိုခွင့်ပြုထားခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံသားများသည် ၎င်းတို့ ဈေးနှုန်း တက်ခြင်း ကျခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှု နှင့် အမြက်ကို ကာကွယ်ထားပြီးဖြစ်သည့်အပြင် ဈေးနှုန်းမတည်ငြိမ်ခြင်းကြောင့် စိတ်ညစ်စရာ မလိုတော့ဘူးပေါ့။ (ဤအချက်တွင် ကောင်းခြင်း၊ ဆိုးခြင်းက သုံးစွဲသူအပေါ်တွင်သာ မူတည်ပါသည်။)
Bitcoin နှင့် Crypto-currency များကို ပိတ်ပြင်ခြင်းဖြင့် ရရှိလာမည့် ဆိုးကြိုးများ
Bitcoin နှင့် Crypto-currencyများသည် ပိတ်ပြင်တားဆီးလို့ရသည့် အရာမဟုတ်ပါ။ ၎င်းတို့၏ ပင်ကိုမူလ တဘောတရားသည်ပင် ထို့ကဲ့သို့ ပိတ်ပြင်တားဆီးထားမှုကို ကျော်လွှားကာ နိုင်ငံတကာ၌ အတားအဆီးမဲ့ သုံးစွဲနိုင်ရန် တီထွင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ပိတ်ပြင်မှုက မြန်မာနိုင်ငံသား bitcoin သုံးစွဲသူများအတွက် အဟန့်အသား မဟုတ်ပါ။ ဆိုးကြိုးအဖြစ် ပြည်တွင်း၌ bitcoin သုံးစွဲသူများသည် ပိုမိုလျှို့ဝှက်စွာ ဆောင်ရွက်သွားခြင်းနှင့် နိုင်ငံခြားငွေကြေးများအား ပိုမို သုံးစွဲရန် လိုအပ်လာခြင်းသာဖြစ်ပါသည်။
ကျပ်ငွေ နှင့် Bitcoin လဲလှယ်မှုကို တရားဝင်ခွင့်ပြုခြင်းမရှိသည့်အတွက် ၎င်းဈေးကွက်သည် မောင်ခိုဈေးကွက်အသွင်ဖြစ်လာကာ အခွန်အခ လွတ်နေမည်ဖြစ်ပါသည်။ (အကယ်၍ တရားဝင်ခွင့်ပြုထားပါက ကျပ်ငွေ မှ bitcoin နှင့် crypto-currency များသို့ အပြန်အလှန် လဲလှယ်မှုကို ကန့်သတ်ထားနိုင်ပြီး၊ အစိုးရအနေဖြင့်လည်း အခွန်အခများကို မှန်ကန်သိကျစွာ ရရှိနိုင်မည် ဖြစ်ပါသည်)
လက်ရှိအချိန်တွင် ပြည်တွင်း၌ bitcoin (crypto-currency) တို့နဲ့ တိုက်ရိုက်တက်ဆိုင်သော ဥပဒေမရှိသေးသည့်အတွက် bitcoin သုံးစွဲသူအတွက်သာမက role of law ဆိုသည့် ကိစ္စအတွက်ပါ စိန်ခေါ်မှု ဖြစ်ပါသည်။
Bitcoin နှင့် Crypto-currency သုံးစွဲခြင်းကြောင့် ရရှိလာမည့် အကျိုးအမြက်များမှ မြန်မာနိုင်ငံသားများ အလှမ်းဝေးနေမည်။ (နိုင်ငံတကာသို့ လွယ်ကူစွာ လွှဲပြောင်းပေးနိုင်ခြင်း၊ ငွေကြေးဖေါင်းပွကို တစ်နည်းတစ်ဖုန်ဖြင့် ကာကွယ်ခြင်း၊ လူတိုင်းသုံးစွဲနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ဗဟိုချုပ်ကိုင်သူ မရှိခြင်း စသဖြင့်)
ပြည်တွင်း၎င်း တရားဝင် လဲလှယ်လို့ မရသည့်အတွက် bitcoin (crypto-currency) လဲလှယ်ရန် ပြည်ပြနိုင်ငံသားများအား ပိုမို အားကူးလာရခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကြိုးများ ပိုမိုကြုံတွေ့လာရနိုင်ခြင်း။
ပြည်တွင်းရှိ နိုင်ငံခြား ငွေစက္ကူများ ပြည်ပနိုင်ငံများသို့ တရားမ၀င် ပိုမို စီးဝင်သွားကာ ပြည်တွင်း၌ နိုင်ငံခြားငွေစက္ကူများ ရှားပါသွားနိုင်ခြင်း။ (အကယ်၍ bitcoin ဈေးထပ်တက်မယ်ဆိုတာ သေချာရင် နိုင်ငံခြားသွားပြီး bitcoin ၀ယ်ယူမည့်သူတွေ ဒုနဲဒေးရှိနေနိုင်)
ကဲစာလည်း ရှည်သွားဘီဆိုတော့ ဒီလောက်ဘဲ ..... ပြောစရာတော့ ရှိသေးတယ်.....
(ကြိုက်သလောက် ကူးပါ / share ပါ ..... )