အကြံ ပြုချက်များ (@aggamun)

in #blog6 years ago

ကျွန်တော့ရဲ့ မပြည့်စုံတဲ့ အတွေးတွေဆီက ထွက်လာတဲ့ အကြံအစည်တွေက လုံလောက်မှု မရှိရင် ခွင့်လွှတ်ပေးဖို့ ကြိုတင် တောင်းဆိုထားမယ်ဗျာ။

ပြောရမယ်ဆို ဒါလည်း project တစ်ခုပေါ့နော် ဘဒို။ ခုချိန်ကလည်း project တစ်ခု စဖို့ ကောင်းတဲ့ အချိန်အခါ ပါပဲဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့ ဘယ်သူ့ဆီကမှ vote တွေ STEEM တွေ မျှော်စရာ မလိုဘဲ နိုင်သလောက် ပမာဏ တစ်ခုနဲ့ project တွေ လုပ်လို့ရနေပြီ မဟုတ်လားဗျာ။ ဒါကလည်း game တွေရဲ့ ကောင်းကွက်တွေ ပါပဲ။

ပွင့်ပွင့် လင်းလင်း ပြောရရင် ဟိုလူ့ဆီက ဟိုဟာ ရမှ ဟိုဒင်း အလုပ် လုပ်လို့ရမယ့် အခြေအနေ ကို ကျွန်တော်လည်း သဘောမကျဘူးဗျာ။ sponser ရှိမှ project ဟာ ကောင်းကောင်း လည်ပတ်နိုင်တာကို သဘောပေါက်ပေမဲ့ ကျွန်တော်ကတော့ sponser ကို plan B အနေနဲ့ပဲ ထားချင်ပါတယ်။ ဒါက ကျွန်တော့ စိတ်ကူး သက်သက်ပါ။

ခုဒီ project မှာလည်း ဘဒို အခြေခံ စည်းမျဉ်းမှာ ဖြည့်စွက် အကြံပေးချင်တာလေး ရှိပါတယ်။ ကျန်တဲ့

  • team name
  • tag
  • logo

တွေကတော့ curators gp မှာပဲ ဝိုင်းဝန်း ဆွေးနွေး အတည်ပြုတာ ပိုထိရောက်မယ် ထင်တယ်ဗျ။ တခြား အချက်တွေနဲ့ ပတ်သတ်ပြီးတော့ လည်း ဘာမှ စောဒက တက်စရာ မရှိသေးပါဘူး ဘဒို။

အခြေခံ စည်းမျဉ်းမှာ ပါတဲ့ engagement ပေါ့ဗျာ။ author တွေ အနေနဲ့ ment ရေးချင်တဲ့ စိတ်ဖြစ်အောင် abh12345 လို့ comment ကောင်းကောင်း ရေးတဲ့သူကို ဆုပေးတဲ့ စနစ်လေး ထည့်ရင် မကောင်းလားလို့။ ကျွန်တော်တို့ author တွေရဲ့ post တွေမှာ ထိရောက်တဲ့ comment ပေးသူ မည်သူကို မဆို စဉ်းစား ရွေးချယ် မယ်ဆို ဘယ်လို သဘောရလဲဗျ။

တကယ်လို့ ဒီ plan ကို သဘောကျလို့ အကောင်အထည်ဖော်ဖြစ်ရင် ဆုအတွက် ကျွန်တော် STEEM နည်းနည်းလောက် အမြဲတမ်း sponser ပေးပါ့မယ်။ တခြားသူတွေဆီကလည်း sponser ရအောင် ကြိုးစားပေးပါ့မယ် ဗျ။ ဘဒို သဘောကျတယ်ဆို ဒီထက် အသေးစိတ် ဆွေးနွေး ကြတာပေါ့။ ဒါကလည်း ခု ဘဒို သွားမယ့် လမ်းကြောင်း မှာ အနှောင့်အယှက် မဖြစ်မှပါ။

ကျွန်တော် စဉ်းစား ကြည့်တယ်လေ။ 1 STEEM ကို comment လေး ပေးပြီး လာခွဲယူကြပါ ဆို တာ ခုထိ မလာကြသေးဘူးဗျာ။ မဖြစ်မနေ comment ပေးရန် ဆိုပြီး ဖိအားပေးလို့လည်း မကောင်း။ ဘာပဲ ဖြစ်ဖြစ် အကောင်းဆုံး ကြိုးစား ကြည့်ကြတာပေါ့ဗျာ ……


So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play drugwars : https://staging.drugwars.io/#!/ref/@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun

To play Magicdice : https://magic-dice.com/?ref=aggamun

To play moonSTEEM : https://www.moonsteem.com/?ref=aggamun

My bounty post for this week : https://steemit.com/msu/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-13-aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=27
Sort:  

အခုလုပ်မည့် အစီအစဉ်က author showcase ပါဘရို။ ဒါပေမဲ့ သီးသန့်အဖွဲ့တစ်ခုဖွဲ့ချင်တာက ရေရှည်သွားဖို့အတွက်ပါ။ Community တစ်ခုရှိလာမှ သူများဆီက အကူအညီတောင်းဖို့လွယ်မယ်လို့ထင်ပါတယ်။ ကိုယ့်ဘာသာကို လုပ်ရင်တော့ ရပါတယ်။ ဒါပေမဲ့ ဘယ်လောက်ကြာကြာလုပ်နိုင်မလဲဆိုတာ မသိပါဘူး။ Sponsor ပေးမယ့်သူ ဘယ်နှစ်ယောက်ရှိမလဲ။ နောက်တစ်ခုက community တစ်ခုအနေနဲ့ တောင့်တင်းနေမယ်ဆိုရင်၊ ပြိုင်ပွဲတွေနဲ့ မြိုင်ဆိုင်နေမယ်ဆိုရင် အခြားသူဆီက အကူအညီတောင်းလို့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလဲ 20 K SP delegation ကို တစ်နှစ်စာ ပေးဖို့ ကမ်းလှမ်းချက်တွေ ရှိခဲ့ပါတယ်။ partiko တောင် ဝင်ပြိုင်သေးတယ်။ ဒါမျိုး အခွင့်အရေးကို community တစ်ခု အနေနဲ့ မရှိပဲနဲ့ လုပ်လို့မရပါဘူး။ ကျွန်တော်မနက်ဖြန် 10 K minnows ပရောဂျက် အကြောင်းကို ပိုစ့်တင်မယ် ဘရို ဖတ်ကြည့်ပေးပါဉီး။

ရေရှည် အတွက် ဆိုတာ သိရလို့ ဝမ်းသာမိပါတယ် ဘဒို။ ဒီလိုမှလည်း ဘဒို ပြောသလို 10k 20k တွေ အတွက် ကိုယ့် ဘက် က ready ဖြစ်နေအောင်ပေါ့ဗျာ။ community တစ်ခု တောင့်တင်း အောင်တော့ planning တွေ ချ လုပ်မှ ဖြစ်မယ် ထင်တယ်။ ကျွန်တော်လည်း တတ်နိုင်သမျှ ကြိုးစား ပါ့မယ်။

Posted using Partiko Android

Comment ရေးရုံနဲ့ Steem ပေးဖို့က သိပ်အဆင်မပြေဘူးလားပဲ။ ဒီပုံစံကတော့ Steembounty နဲ့ လုပ်လို့ရတယ် ဘရို။ ဒါပေမဲ့ ဘရို လုပ်ထားတာကို ဘယ်သူမှ စိတ်မဝင်စားဘူး ဖြစ်နေတယ်။ ဒီတစ်ပတ်ပိုစ့်ကိုတော့ ကျွန်တော် comment ပေးလိုက်မယ်။ upvote တော့ ပေးနော် ဘရို။

နောက်တစ်ခုက abh12345 က comment ပေးတဲ့စာလုံးအရေအတွက်ကို ကြည့်ပေးတာ ဘရို။ ဒါပေမဲ့ ရဖို့က အရမ်းခက်တယ်။ နောက်တစ်ခုရှိသေးတယ် အဲဒါက curie က ပေးတာ။ သူကလဲ သူ အပ်ဗုတ်ပေးထားတဲ့ အနည်းဆုံး ပိုစ့်ငါးခုကို ကွန့်မန့်ပေးရင် 1 Steem ပေးတယ်။ ကွန့်မန့်ကတော့ reasonable ဖြစ်ရမှာပေါ့။

နောက်ဆုံးတစ်ခုက C2 က ပေးတာဘရို။ C3 က အပ်ဗုတ်ပေးထားတဲ့ ပိုစ့်တွေကို ကွန့်မန့်ပေးရင် Steem ရတယ်။ အဲဒါမျိုးတွေက အများကြီးပဲ ဘရို။

နောက်တစ်ခုက ဘရို လုပ်နေတဲ့ စိတ်ကူးမျိုးကို လူတစ်ယောက်လုပ်ထားတာ တွေ့တယ်။ ဘယ်သူလဲ တော့ မမှတ်မိတော့ဘူး။ together with you ကိုလေ။

ဟုတ် ရပါတယ် ဘဒို။ အဆင်မပြေဘူး ဆိုလည်း နောက်တစ်မျိုး ထပ်စဉ်းစားကြတာပေါ့။ ဘဒို comment ကို upvote ပေးလိုက်ပါပြီ။ :)

ကျွန်တော်လည်း ဒီစိတ်ကူးကို pifc ရဲ့ pimp it up ဆိုလား ဘာဆိုလား အဲဒါအတိုင်း လုပ်ထားတာပါ။ copy ပေါ့ ဟီး

Posted using Partiko Android

စည်းလုံးညီညာ အောင်ကြောင်းဖြာ ပေါ့ ..
Tag ကတော့ အဖွဲ့အစည်း တစ်ခု၏ အမည်နာမ tag ထက် myanmar tag လေးကို ပို အလေးပေးစေချင်ပါတယ်... ဒါမှလည်း myanmar tag အောက်မှာ မြန်မာတွေ တင်တဲ့ ပို့စ်တွေကို မြန်မာတွေ အားလုံး လွယ်လွယ်တွေ့နိုင်ရတာပေါ့😁😁😁

အဲဒီ myanmar tag က ဘာ အကူအညီမှ မရလို့ မသုံးချင်တော့တာပါ။