Invitation to myanmar steemians

in #blog6 years ago

ဘာလုပ်ဖို့ ဖိတ်ခေါ်မှာလဲ

Community တစ်ခုလုပ်ဖို့ပါ။ ဒီနေရာမှာ အခြေခံကျတဲ့ အချက်တွေ၊ အဖွဲ့ဝင်တိုင်းလိုက်နာရမည့် အချက်တွေကိုတော့ အရင်ဆုံးပြောပြပါ့မယ်။

  • Copy/Paste လက်မခံပါဘူး။
  • Engagement လုပ်ပေးပါ။ အလွယ်ပြောရရင်တော့ ဗုတ် မန့်တွေ ကို ပုံမှန်လုပ်ပေးပါ။

Structure of Community

Admin နဲ့ non-admin ဆိုပြီး လုပ်မှာ မဟုတ်ပဲနဲ့ curator နဲ့ author ဆိုပြီးပဲ ခွဲထားမှာ ဖြစ်ပါတယ်။ Curator ကတော့ လူနည်းစု ဖြစ်ပြီးတော့ author ကတော့ လူများစု ဖြစ်မှာပါ။ author တွေထဲကမှ အလှည့်ကျ ဂုဏ်ထူးဆောင် curator ဆိုပြီးတော့ ပြန်ပြီး တာဝန်ပေးသွားမှာ ဖြစ်ပါတယ်။

Curator ဆိုတာကတော့ ဘယ်ပိုစ့်ကတော့ ရေးထားတာ ကောင်းတယ် ဆိုပြီး စိစစ်ရွေးချယ်တဲ့သူပါ။ Author ဆိုတာကတော့ စာရေးတဲ့သူပါ။ စာရေးနေတဲ့သူတွေထဲကလဲ curator ဖြစ်နိုင်ပါတယ်။

ဆုကြေးဘယ်လို ပေးမလဲ။

တစ်ပတ်ကို Curator သုံးယောက်က နေ ပိုစ့်သုံးခုကို ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ ပိုစ့်ပိုင်ရှင်တွေရော curator တွေရော 1 Steem စီ ရမှာ ဖြစ်ပါတယ်။ Curator တွေ အတွက် ကတော့ အနည်းငယ်ခက်ပါတယ်။ Curaotr တွေထဲမှာ English လို ကျွမ်းကျင်တဲ့သူ တစ်ယောက်ပါနေဖို့ လိုပါတယ်

ကာတွန်းတွေ ကဗျာ တွေကိုလဲ ရေးလာဖို့အတွက် အားပေးချင်ပါတယ်။ ဒီအတွက် ကာတွန်းပြိုင်ပွဲတွေ ကဗျာပြိုင်ပွဲတွေလဲ လုပ်လာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ပိုစ့်စည်းကမ်းချက်များ

ပိုစ့်မှာ အနည်းဆုံး စာလုံးရေ ၅၀ နဲ့ ပုံတစ်ပုံပါရမှာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင်ရိုက်ထားတဲ့ ပုံမဟုတ်ဖူးဆိုရင် ဘယ်နေရာက ယူထားတယ်ဆိုတာကို link ပေးရမှာ ဖြစ်ပါတယ်။ မိမိရဲ့ အကောင့်က cheetah, steemcleaner တွေက အပ်ဗုတ်၊ ဒေါင်းဗုတ် comment ရနေတဲ့ အကောင့် မဖြစ်ရပါဘူး။

အခြား အချက်များ

ကျွန်တော်တို့ အဖွဲ့အစည်းအတွက် အသုံးပြုစရာ tag တစ်ခုကို စဉ်းစားသင့်တယ်လို့ထင်ပါတယ်။ အဖွဲ့အစည်းအတွက် နာမည်တစ်ခုကို စဉ်းစားသင့်ပါတယ်။ နောက်ပြီးတော့ Logo တစ်ခုရော လုပ်ဆောင်သင့်ပါတယ်။ တစ်ကယ်လို့ အကြံပေးစရာများ ရှိရင် ကွန့်မန့်မှာ ရေးပေးခဲ့နိုင်ပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=30
Sort:  

ချ ချ … လုပ်သာလုပ်

အကြံပြုချက် ကို post အနေနဲ့ ရေးပါရစေဗျာ။

Posted using Partiko Android

Ok par bro.

Hi, @mmunited!

You just got a 4.37% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

စိတ်ဝင်စားတယ်အကို

Posted using Partiko Android