စတင်းဘယ်လဲဘာလဲ

in #busy7 years ago

@bobokyaw.jpg

စတင်းကတော့ ခပ်ပေပေ လုပ်နေပါပြီ ရှေ့က နောင်တော်ကြီးတွေက သူ့အလုပ်
သူလုပ်နေကြပြီ နောက်က ညီဘွားတွေကလည်း ကြိုးစားပမ်းစား တိုးတက်လို့
သွားကြချေပြီ ဈေးက အတက်ဘက်သို့ သွားနေခဲ့ပါပြီ မျှော်လင့်ချက်တွေ ရောင်နီ
သမ်းလာချေပြီပေါ့ သို့သော် ကျွန်ပ်တို့ရဲ့ ချစ်လှစွာသော စတင်းကတော့ ခပ်ပေ
ပေ ခပ်စောင်းစောင်းနဲ့ ရူးချင်ယောင်ဆောင်နေလေရဲ့
သူက အိုက်တင်ခံလို့ ဂိုက်ပေးကြမ်းနေတာ ပြသနာမဟုတ် ကိုယ်တွေမှာ ဆုပ်လည်းစူး စားလည်းရူးရမည့် အနေအထား ရောက်လို့ နေကြချေပြီ
ယခုချိန်မှတော့ နောက်ကြောင်းလည်း ပြန်မလှည့်လိုတော့ပြီ အောင်မြင်စွာလည်း
မဆုပ်ခွါလိုပြီ ယုံကြည်ချက်တွေလည်း သဲထဲရေမသွန်လိုတော့ပြီ
ဖြစ်သမျှအကြောင်း အကောင်းဆုံးလို့ မှတ်ယူကာ သူစတင်လှုပ်ရှားမည့်
အချိန်ကို စောင့်လို့ကြည့်နေရလေပြီ
နှစ်မျိုးတွေးကြည့်မည်။ ဒီအတိုင်း တရားသေဆက်သွားရင်ဘာဖြစ်မလဲ
ဘာလုပ်မလဲ ဘယ်လိုခရီးဆက်ရမည်လဲ
ဒီထက် တန်ဖိုးမြင့်လာရင် ဆိုတာကတော့ အမြဲမျှော်လင့်နေတဲ့ အခြေအနေပေါ့
ဒါကလည်း ဆောက်ဖြစ်မှ ကျောင်းဒကာ ပေါ့နော်
လက်ရှိ အခြေအနေကိုဘဲ ဘယ်ညာမယိမ်းဘဲ တွေးကြည်ရရင်ဖြင့် ဒီထက် တန်ဖိုးလျှော့မသွားရင် ဘာမှမဖြစ်ပါဘူး ဆိုတဲ့ အဖြေကောင်းတစ်ခု သွားတွေ့
ရပါသည်။ ဒါကြောင့်ပြောပါတယ် မချစ်ရင်နေပါ မုန်းတော့မမုန်းပါနဲ့တဲ့
ချစ်ခြင်းမုန်းခြင်းကင်းရပါလို၏ပေါ့
တက်ချင်တက်ပါ မတက်လဲနေပါ ဒီထက် အရုပ်ဆိုးစွာ မလျှော့ပါးသွားရင်ဘဲ
ဆက်လျှောက်ရမည့် ရည်မှန်းရာပန်းတိုင်သို့ အရောက်လှမ်းနိုင်ကြပါလိမ့်မည်လို့
ဘယ်တစ်ယောက် ပြောတယ်တော့ မမှတ်မိပါဘူး ဘာတဲ့..........
အကောင်းဆုံးကို မျှော်လင့် .......အဆိုးဆုံးအတွက် ပြင်ဆင်........ လက်ရှိဘ၀လေးကိုတော့ မပျက်စီးစေနဲ့တဲ့........... လုပ်ရမှာ တစ်ခုတည်းပါ
လက်ရှီအခြေအနေလေး ထိန်းထားနိုင်ရင် အောင်မှတ်တော့ ရနိုင်ပါတယ်လေ
@bobokyaw

Sort:  

သူငယ်ချင်း ရှေ့ဆက်မင်းဘဝအောင်မြင်ပါစေ
တခါတရံမှာခါးသီးလဲ ကျော်ဖြတ်လိုက်ပေါ့ဟေ့

ကျေးဇူးတင်ပါတယ် အစ်ကိုကြီးရေ

ဘယ်လိုတွေ ဖြစ်လာမလဲ

ဒီထက်ကောင်းလာဖို့သာရှိပါတယ်