ငယ်စဉ်တုန်းအခါ

in #busy6 years ago

DQmZ6hMvvQzYj539EYDTCpo4ArqHi1TV9eZ1Latt3joAf9U.jpg
လူဆိုတဲ့ အမျိုးသည် ဘာမှဖြစ်မလာခင်ကတော့ မထင်မရှားသာဖြစ်သည်
ကြီးကျယ်ခြင်းတွေ မဖြစ်တည်ခင်ကတော့ သူလည်း သာမာန် လူသား
တစ်ယောက်လိုပါဘဲ
ကဘာကျော်သောသူကြီးလည်း တစ်ချိန်က ပန်းစိုက်သူပါဘဲ
ပြင်သစ်တွင်တက်နေကြသော စစ်ကျောင်းသားများသည် အများစုမှာ ချမ်းသာသော မူးမတ်သားသမီးများ ဖြစ်
ကြပါလေသည်။ သူတို့သည် သုံးနိုင်ဖြုန်းနိုင်ကြပါလေသည်။ စာမကြိုးစား အပျာ်အပါးနှင်ပ အချိန်ကုန်ကြရ
ပါသည်။ နပိုလီယွန်မှာ စာကြိုးစားလေသည်။ အပေါင်းအသင်းများနှင့် မပျော်ပါးနိုင်ပါ အပေါင်းအသင်းလည်း
မရှိပါ နယိုလီယွန်သည် ပြင်သစ် စကားမတက်သဖြင့် အီတလီလိုသာ ပြောနိုင်လေသည်။ ထို့ကြောင့်
အခြားကျောင်းသားတွေက သူ့အား လူစိမ်းလို ဆက်ဆံကြလေသည်။ အထင်အမြင်သေးကြလေသည်။
ထိုအတွေ့အကြုံများကြောင့် နပိုလီယွန်ရဲ့ စိတ်တွင် အရည်အချင်းရှီလျှင်ရှိသလို အထက်တန်း ရောက်
သင့်ကြောင်းကို ခံစားမိလေသည်။ သူ့အထွတ်အထိပ်သို့ ရောက်သောအခါတွင် မွေးဇာတိအရမဟုတ်ပါ
အရည်အချင်းရှိသူများကို ရွေးချယ်ခန့်ထားခဲ့လေသည်။
အခြားကျောင်းသားတွေ ပျော်ပါးရင်း အချိန်ဖြုန်းနေစဉ်မှာ နပိုလီယွန်သည် အခန်းတွင်းအောင်းပြီးတော့
စာအုပ်တွေ မြေပုံတွေကို နေ့ရောညပါ လေ့လာမှတ်သား အချိန်ကုန်ခဲ့လေသည်။ ကြာတော့ သူ့ရဲ့ အရည်
အချင်းကို သိမြင်လာကြသဖြင့် တခြားကျောင်းသားတွေက သူ့ကို ဆရာတင်လာကြလေသည်။ သူသည်
နိုင်ငံရေး သမိုး သင်္ချာ ကဗျာ လင်္ကာတို့ကို နောကျေအောင် ဖတ်ထားသည် ထိုစဉ်က သူ့အမေထံရေးသော
စာတွင် ဓားကို ဘေးမှာထား ဟိုးမား ရဲ့ စာအုပ်ကို အိတ်ထောင်ထဲမှာ ထည့်ပြီး လောကထဲမှာ ကျွန်တော်
လမ်းထွင်မယ်ဟု ပါရှိလေသည်။ စတင်ကြွေးကြော်ခြင်းလည်း ဖြစ်လေသည်။
စစ်ကျောင်းတွင် ကျောင်းသားတိုင်းအား မြေကွက်တစ်ကွက်စီ ပေးလေ့ရှိသည်။ နပိုလီယွန်သည် သူရသော မြေကွက်ကို ဥယျာဉ်ကလေးတစ်ခု ဖြစ်အောင် စိုက်ပျိုးပြီး ၀င်းလည်း ကာထားသည်။ ထိုဥယျာဉ်
ထဲတွင် တစ်ယောက်တည်း တွေးတောနေတက်သည်။ ထိုဥယျဉ်ကလေးသည် သူငယ်စဉ်က ကော်ဆီကာ
တွင် ကျောက်တောင် ကမူကလေးကဲ့သို့ သူ့ရဲ့ နားခိုရာဖြစ်ခဲ့ပါလေသည်။
သူ့ရဲ့ စိတ်ကူးများ မွေးမြူရာနေရာဖြစ်ခဲ့သည် အင်ပါယ်ာကြီးကို ထူထောင်ရာ
နေရာအစဟုလည်း ခေါ်နိုင်ပါလေသည်။ ထိုအချိန်မှစလို့ သူ့စိတ်ကူးတွေကို
အကောင်အထည်ဖော်ခြင်းလည်း ဖြစ်လေသည်။ငယ်စဉ်အခါ စိတ်ကူးများ
ကို အသက်အရွယ်ရလာသည်နှင့် တဖြည်းဖြည်းချင်း ပုံဖေါ်ခဲ့ပါလေသည်။
@nightboy
photo - google image

Sort:  

Hi! I am a robot. I just upvoted you! Readers might be interested in similar content by the same author:
https://steemit.com/writing/@nightboy/sitkuekangte-thu

not similar .
what cheetah ?