အမှန်တရားအတွက်

in #busy7 years ago (edited)

အမှန်တရားအတွက်
QmPEEc9jPEUzYfpAb1JDkAysKcXzwNRmWhG4rvr4mgS2vR.jpg

အခြားသူတွေ က သင့်အကြောင်းကို ဘယ်လိုတွေးလဲဆိုတာ က သင့်အရေးမဟုတ်ပါဘူး အခြားသူတွေက သင့်အကြောင်း
ဘယ်လိုတွေးတွေး ဘယ်လိုမြင်မြင် သူတို့အရေးသာဖြစ်ပါတယ်ဒီအပေါ်မှာလည်း စိတ်ဆင်းရဲခြင်း မဖြစ်သင့်ပါဘူး
တွေးပူနေရန်လည်း မလိုအပ်ပါဘူး။ အခြားသူတွေက သင့်အကြောင်းကို ဘယ်လို တွေးမလဲဆိုပြီး စဉ်းစားနေရတာက တကယ်
တော့ သင့်ကို စိတ်ညစ်စေနိုင်ပါတယ် ဘာမှကို မလုပ်ရသေးချင် စိတ်ညစ်နေရပြီလေ ငါဒါလုပ်ရင် သူတို့တွေက ဘာများ
ပြောကြမည်လဲ ဆိုပြီးတွေးရတာကိုက သင့်အတွက် ပင်ပန်းလှပါလေသည်။ သင်လုပ်စရာရှိရင် ဖြစ်မြောက်အောင်
လုပ်လိုက်စမ်းပါ။ ကဲ့ရဲ့တာ ချီးကျူးတာတွေက သူတို့အလုပ်သာဖြစ်ပါတယ် သင့်အလုပ်မဟုတ်ပါဘူး သင့်အလုပ်က သင်
လုပ်စရာရှိတာကို ပြီးမြောက်အောင် လုပ်ဖို့သာဖြစ်ပါတယ် ဘာလုပ်လုပ် သင့်တော်တဲ့ အချိန်တစ်ခုတော့ ပေးဆပ်ရပါတယ်
အချိန်ပေးဖို့လိုအပ်ပါတယ် အကောင်းဆုံးသမားတော်ဖြစ်တာကတော့ အချိန်ပေးခြင်းပါ။ တစ်ချို့အရာတွေက အချိန်
ပေးဖို့ လိုအပ်ပါတယ် ချက်ချင်း လုပ် ချက်ချင်းမဖြစ်ပါဘူး အချိန် အတိုင်းအတာ တစ်ခုပေးဖို့ လိုအပ်နေပါတယ် အချိန်ပေး
သင့်တဲ့အရာကို အချိန်ပေးလိုက်ပါ။ သင့်ရဲ့ဘ၀ကို အခြားသူများရဲ့ ဘ၀နဲ့ မနှိုင်းယှဉ်ပါနဲ့ သူတို့လည်း သူတို့ဘ၀နဲ့သူတို့ပါ
ကိုယ်ကလည်း ကိုယ့်ဘ၀နဲ့ကိုယ်ပါဘဲ သူတို့ကိုလည်း လိုက်ပြီးမဝေဖန်ပါနဲ့ အချိန်ကုန်ပါတယ် အကျိုးမရှိပါဘူး
သင်ဟာ ကဘာပေါ်မှာ ဘယ်သူနဲ့မှ မတူသော သူတစ်ဦးဖြစ်တယ် ဆိုတာ မမေ့ပါနဲ့ ဒီတော့ သင့်ကိုလည်း ဘယ်သူနဲ့မှ
လိုက်ပြီး မယှဉ်ပါနဲ့ သင်ဟာ သင်သာဖြစ်ပါတယ် သူတို့ကိုလည်း လိုက်ပြီး ဝေဖန်မနေပါနဲ့ သူတို့ရဲ့ သေဆုံးခြင်းအချိန်
ကိုသင်မှ မသိနိုင်တာ ။အတွေးများလည်း မလွန်မိပါစေနဲ့ အရာအားလုံးရဲ့အဖြေကို သိစရာမလိုအပ်ပါဘူး
အကောင်းမြင်တက်ဖို့ဘဲလိုအပ်တာပါ။ အချို့တွေက အရမ်းအတွေးလွန်တက်ကြပါတယ် အားလုံးရဲ့ အဖြေကို သိချင်
ကြပါတယ် အကျိုးဆက်အနေနဲ့ကတော့ အချိန်ကုန်တာနဲ့ စိတ်ပင်ပန်းတာပါဘဲ။ သင်အရာအားလုံးရဲ့ အဖြေကို သိဖို့
မလိုအပ်ပါဘူး လောကကြီးမှာ သင့်ကို ဘယ်လိုအရာတွေ ဖြစ်ပျက်လဲဆိုတာက အရေးမကြီးပါဘူး သင်က ထိုအရာတွေကို
ဘယ်လိုတုံ့ပြန်လဲဆိုတာက ပိုပြီး အေ၇းကြီးတာပါ။
သင့်ရဲ့ပျော်ရွှင်ခြင်းတွေကို သင်ကလွဲပြီး မည်သူ့ကိုမှ တာဝန် မပေးထားပါဘူး သင့်မှာသာ တာဝန်အပြည့်အ၀ရှိလို့နေတာပါ
သင့်ရဲ့ ပျော်ရွှင်ခြင်းအတွက် တစ်စုံတစ်ယောက် တစ်စုံတစ်ရာကို တာဝန်မပေးလိုက်ပါနဲ့ သူတို့မရှိတော့ရင် သင်စိတ်မချမ်း
မသာဖြစ်စေပါလိမ့်မယ် သင်သာလျှင် သင့်ဘ၀ရဲ့ပဲ့ကိုင်ရှင် အစစ် အမှန် ဖြစ်ပါသည်။

photo-google image @nightgirl

Sort:  

လေ့လာမှတ်သားသွားပါတယ်နော်

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by nansu from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မှန်တိုင်း မပြောမလုပ်ရဘူးတဲ့