အရေးကြီးလှသည့် အသိပညာ

in #busy7 years ago (edited)

ကျွန်ုပ်တို့ ငယ်ရွယ်စဉ်မှာ ကျွန်ုပ်တို့ ဘယ်လုပ်ကို ဘယ်လိုမြတ်နိုးတယ်ဆိုတာ အတိအကျသိဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်တ်ု့ လုပ်ချင်တဲ့အလုပ်ကို တိတိကျကျမသိဘူးဆိုရင် ရွေးချယ်တက်ဖို့ တော်တော်ခက်ခဲသွားပါမယ်။ ဘာကြောင့်လဲဆို ကျွန်ုပ်တို့ ဝါသနာပါတာ လုပ်ချင်တာတွေက တောင်ပုံရာပုံဖြစ်နေလို့ပါ၊ ကျွန်ုပ်တို့ဟာ ဆရာဝန်လဲဖစ်ချင်တယ်၊ ကောင်းကင်ကြီးထဲမှာ တဝီဝီပျံသန်းနေတဲ့ လေယာဉ်မောင်းတဲ့သူလဲ ဖြစ်ချင်တယ်၊ အောင်မြင်ကျော်ကြားတဲ့ ရှေ့နေ တစ်ယောက်လဲ ဖြစ်ချင်တယ်၊ အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီး ဖြစ်ချင်တယ်၊ ထက်မြတ်တဲ့ နိုင်ငံရေးသမားလဲ ဖြစ်ချင်တယ်၊ ပန်းချီဆရာလည်းဖြစ်ချင်တယ် ၊ ကဗျာဆရာ၊သီချင်းရေး ဆရာလဲ ဖြစ်ချင်တယ်၊ ဦးနှောက်နဲ့လုပ်လို့ရတဲ့ အရာတွေရော၊ လက်နဲ့ရေးလို့ရတဲ့အရာတွေပါလုပ်ချင်တယ်။ကျွန်ုပ်တို့ အ့လို ဖြစ်ချင်တဲ့အလုပ်တွေဟာ အမှန်တကယ် မြတ်နိုးတဲ့ အလုပ်တွေရော ဟုတ်ရဲ့လား?။
ထိုအလုပ်တွေ စိတ်ဝင်စားနေတာ ကျွန်ုပ်တို့ ပန်ဝန်ကျင်က ဖိအားပေးနေလို့လား? ဒါကို သိအောင် ဘယ်လိုလုပ်မလဲ? ကျွန်ုပ်တို့ လုပ်ချင်တဲ့အလုပ်ကို သိမြင်ဖို့အတွက် အသိပညာ အများကြီးလိုအပ်ပါတယ်။ အသိပညာသာရှိလျှင် စားဝတ်နေရေး ဖူလုံအောင် မလုပ်နိုင်မှာကို မကြောက်ရသလို၊ လုပ်ကိုင်နေတဲ့ အလုပ်တွေမှာလဲ အံဝင်ခွင်ကျ မဖြစ်မှာပါ ကြောက်စရာမလို့တော့ပါ။ ထ်ု့ကြောင့် ငယ်စဉ်အခါထဲ ကျွန်ုပ်တို့ ဝါသနာပါရာကိုရွေးချယ်တက်ဖို့အတွက် အသိပညာရှိဖို့ လိုအပ်ပါတယ်။ကိုယ့်ပတ်ဝန်ကျင်က ဘယ်လိုဖိအားပေးပေး ကိုယ်မြတ်နိုးတဲ့အလုပ်ကို ရွေးချယ်တက်ဖို့ အသိပညာရှိဖို့ အရမ်းအကြီးလှပါသည်။
image

Credit Photo Facebook