My choice food eating

in #busy7 years ago

image

တ​စ်​နေ့မှာ ကိုယ်​အကြိုက်​​တွေ့ပြီး အမြဲစား​နေတဲ့
အစားစာတခုကို ညည်း​ငွေ့လာတဲ့စိတ်​​ ဖြစ်​လာတာနဲ့
အဲ့ဒီအစားအစာကို​ဖြတ်​ပြီး ဒီထက်​​အရသာ​ကောင်းမဲ့
အစားအ​စာတမျိုးကို ​ပြောင်းပြီးစားဖို့အတွက်​​ စီစဉ်​ခဲ့တယ်​။

အဲ့ဒီအစားအစာအသစ်​ကို ​စား​​သောက်​ လိုက်​ရတဲ့အခါ
ကိုယ်​အရင်​က ကြိုက်​နှစ်​သက်​လို့ အမြဲစား​ခဲ့တဲ့ အစားစာရဲ့
အရသာကိုတော့ မမှီဘူးလို့ခံစားမိတယ်​။
ကိုယ်​ရဲ့အကြိုက်နဲ့ ထပ်​တူမကျလို့လည်းဖြစ်​မယ်​။
အဲ့ဒီအရသာကို ကိုယ်​အကြိုက်​မ​တွေ့လို့လည်းဖြစ်​မယ်​။

ကိုယ်​အမြဲစားခဲ့တဲ့ အစားအစာကို ညည်း​ငွေ့ခြင်းဖြစ်​​ခဲ့​ပေမဲ့
ယခု အစားစာသစ်​ကိုစားသုံးလိုက်​ရတဲ့ အချိန်​မှာ အရင်​က
ကိုယ်အမြဲစားခဲ့တဲ့​​​ အစားအစာမှာ အစားထိုးပြီးစားသုံးဖို့
မဖြစ်​နိုင်​ဘူးဆိုတာ ကိုယ်​သိခဲ့ရတယ်​။
နောက်​ရက်​​တွေမှာ ကိုယ်​ကြိုက်​နှစ်​သက်​တဲ့ အစားစာကို
ညည်း​ငွေ့ခြင်းမရှိပဲ ဆက်​စားသွားဖို့ကို ဆုံးဖြတ်ချက်ချ​​​ခဲ့တယ်​။

လူ ၊ အရာဝတ္ထု ပစ္စည်း​တွေကို
ကိုယ့်​အကြိုက်​ ၊ ကိုယ်​လိုအပ်​​နေတဲ့အရာ​၊
ကိုယ့်​စိတ်​နဲ့ထပ်​တူကျ​စေမဲ့အရာ​တွေကို
ကိုယ်​နဲ့အသင့်​​တော်​ဆုံးဖြစ်​​အောင်​ ​ရွေးချယ်​ရမှာပါ။

လူတချို့က အခြားအရာကို​ပြောင်းပြီး စမ်းသပ်
ကြည့်​တဲ့အခါမှ ကိုယ့်​လက်​ထဲကအရာက
တန်​ဖိုးအရှိဆုံး၊ အ​ကောင်းဆုံးဆိုတာသိလာရတယ်​။
တချို့ကျ​တော့ကိုယ့်​လက်​ထဲက အရာကိုအားလိုအားမရ
ဖြစ်​မိတာနဲ့ အသစ်​ကိုမှ အထင်​ကြီးမိတက်ကြတယ်​။
အ​ဟောင်းကိုစွန့်​ပြစ်​ချင်​တက်​ကြတယ်​။

ကိုယ်​နဲ့အသင့်​​တော်​ဆုံးဖြစ်​​တဲ့အရာ၊ကိုယ်​ကြိုက်​နှစ်​သက်​တဲ့
အရာကိုကိုယ်​ကပိုင်​​ဆိုင်​ထားရပြီဆိုရင်​ အဲ့ဒီ​​နေရာမှာ
ဘယ်​အရာနဲ့မှအစားမထိုးတာ ဟာအ​ကောင်းဆုံးပါ။
တချို့အရာ​တွေက ​​ ဆုံးရှုံးသွားရင်​ ပြန်​အစားထိုးလို့ရတယ်​။
တချို့အရာ​တွေက ဆုံးရှုံးသွားရင်​ ပြန်​မရနိုင်​​တော့ဘူး။ ။

29/4/2018📝