ဒီနေ့တစ်ရက် အကြောင်းပြု၍
ဒီနေ့တစ်ရက် အကြောင်းပြု၍ ဘယ်ကစလို့ ဘယ်ပုံစံဖြစ်
တင်ပြရေးကာ စဉ်းစားလိုက်ချိန် မိုးလင်းအစ အိပ်ရာထချိန်
နေထွက်ချိန်မှ ဒီချိန်မိုးချုပ် ပိုစ့်တင်ရန်အတွက် ရေးသားနေချိန်အထိ
ဖြစ်ဖြစ်သမျှ ဖြစ်ပေါ်စိတ်ကို ရေးဖို့အကြောင်း ဒီတစ်ခုသာ ရှိပါသောကြောင့်
ကဗျာမဟုတ် စကားလုံးတွေ ရေးချလိုက်တယ် သူငယ်ချင်းရေ……………………………။
ဒီနေ့တစ်ရက် အလုပ်မသွား အိမ်မှာနေ၍ အားလပ်သော်လည်း
စတီးမစ်၌ စာရေးသားကာ တင်ပြနိုင်ရေး အချိန်များစွာ ရ ရှိပါလည်း စာရေးနိုင်ဖို့
အကြောင်းများစွာ ရှိနေပါလည်း စာရွက်ဖြူဖြူ၌ စာကြောင်းများစွာ ရေးချနိုင်ဖို့ထက်
စာတစ်ကြောင်းလောက် ရေးချဖို့ရန် ခံစားဖြစ်ပေါ် ရေးချင်စိတ်သည် ထက်သန်ခြင်း မရှိပါက
စာတစ်လုံးလောက်ပင် လွယ်ကူစွာ ရေးသားနိုင်ရန် ခက်ခဲလွန်းတယ် သူငယ်ချင်းရေ……………………။
ဒီနေ့တစ်ရက် နေဝင်မိုးချုပ် ညအချိန်အထိ ရောက်နေပါသော်လည်း
စာကောင်း ပေကောင်း အဓိပ္ပါယ်ပြည့်စုံ ရသမြောက်သော ဗဟုသုတ အတွေးအခေါ်
အမြော်အမြင် ထိုစာများကို ရေးနိုင်ဖို့ရန် ရေးချင်စိတ်သာ ရှိပါသော်လည်း လက်တွေ့ရေးချလိုက်ပါသော်လည်း စာတစ်ကြောင်းပင် ရသမြောက်အောင် ရေးသာနိုင်ခြင်းမရှိပါသောကြောင့်
ထက်သန်စိတ်နှင့် ခံစားဖြစ်ပေါ် ခြင်းသည် အတူတကွ တူညီပေါင်းဆက်မှသာ
ရေးသားနိုင်လိမ့်မည်ဟု ထင်မြင်ယူဆစိတ်က ဖြစ်ပေါ်မိပါတယ် သူငယ်ချင်းရေ………………………။
ဒီနေ့တစ်ရက် ညနေချိန်၌ သူငယ်ချင်းက လာခေါ်သောကြောင့် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အဝင်၏ ဂေါက်ကွင်းဘက်သို့ ကိစ္စတစ်ခု အကြောင်းပြု၍ ရောက်ရှိခဲ့အချိန် ဖြစ်ပေါ်စိတ်က
တစ်ချိန်တုန်းက စာရေးသား၍ ရ ရှိလာသော ငွေကြေးများနှင့် ဝယ်ယူခဲ့သော တက်ပလပ်ကို
ထုတ်၍ ကိုင်ကာ ဆိုင်ကယ်လေးနှင့် အပြန်လမ်းတွင် မြင်မြင်သမျှ ဓါတ်ပုံရိုက်ကာ
အလျှင်သင့်သလို ရိုက်ကူး၍သာ တင်ပြလိုက်ပါတယ် သူငယ်ချင်ရယ်………………………။
author:@thura
photo:my
စတီးမစ်မှာ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်စားတာ မင်းတစ်ယောက်ဘဲ တွေရပါသေးတယ်လေ
နက်မင်းကြီးဆီကို အခွန်ဆက်သရဦးမယ်ဗျ
စတီးမစ်ကိုဝင်လာတဲ့နေ့ကစပြီ နက်မင်းကြီးဆီအခွန်တစ်ခါမှ
မပေးဆောင်ရသေးဘူး။အခွန်ပေးဆောင်ခကတော်တော်များတယ်ဗျ
ဆုတောင်းလို့ပြောလိုက်ကွာ
ဒီမှာ ဈေးတွေကျလို့တိုင်ပတ်နေပါတယ်ဆို
ဟုတ်ကဲ့
ကျွန်နော်တောင်းပန်စကားပြောလိုက်မယ်
Hello Friend how are you? a question what language is that you wrote your pots? forgive me the question.
Just imagine Sister
myanmar language
လို့ပြောပလိုက်ကွာ သူကစာလုံးလုံးဝိုင်းဝိုင်းလေးတွေကို
သဘောကျနေတာဖြစ်မယ် မြန်မာစာက ထူးခြားတယ်လေ
မသိဘူး မန့်ခဲ့ပြီ
ဟုတ်လောက်မယ်ဗျ
ဘာအဓိပ္ပါယ်လဲသူကသိချင်နေတာလေ