အချစ်ပန်းလေးတစ်ပွင့်
ဘယ်လိုအနေအထားနဲ့ပဲ ဖြစ်နေပါစေ သူ့ရဲ့အလှတွေက
ပင်မြင့်ထက်က ဖူးပွင့်ဝေဆာနေတဲ့ ပန်းလေးတစ်ပွင့်လိုပါပဲလေ
ပန်းဆိုတဲ့အမျိုးအစားက ဖူးပွင့်ဝေနေတဲ့အချိန်မှာ လှပတင့်တယ်
နေတက်သော်လည်း ကြွေနွှမ်းသွားတဲ့အချိန်ထိ မြတ်နိုးနိုးနဲ့
မပြောင်းလဲသောစိတ်တွေနဲ့ ရှိနေပါ့မယ်နော်……………………………။
ပန်းဘဝနဲ့ ပန်းအလှတွေ ဝေနေတဲ့အချိန်မှာ လှပတင့်တယ်နေပါ၏
ကာလပြောင်းလဲခြင်းတွေကို မလွန်ဆန်နိုင်တဲ့ပန်းဘဝ ကြွေကာကျလို့
မြေမှာခရတာကလည်း မမြဲသော အနိစ္စသဘော သဘာဝတရားတွေ
ရှိနေသောကြောင့်ပါနော် ကြွေလွင့်သွားသော ပန်းတစ်ပွင့် ပွင့်လန်းနေချိန်မှာ
လှပသော သူ့အသွင် ကြွေကာနွမ်းခြောက်သွားတော့ ဘယ်သူမှ နမ်းရှိုက်ချင်စိတ်
မရှိကြတော့ပါလားနော် လှပသော သူအသွင်နဲ့ သူ့ရနံ့တွေ ပျောက်ပျက်သွားလို့
ဖြစ်ပေလိမ့်မည် ဝေချိန်မှာ အလှတရားတွေနဲ့ ရနံ့တွေ မွှေးပြန့်ကြူကြူသင်းလို့
ကြွေချိန်တန်ရင် ကြွေသွားတက်တာကလည်း လောကရဲ့ နိယာမတရားတွေပါနော်………………။
ယခုဝေနေသော်လည်း ကြွေချိန်မှာ ကြွေလွင့်ရတာ သဘာဝရဲ့
ထာဝရတရားတွေပါနော် ဘယ်လိုဘဲ လောကနိယာမတရားတွေပဲ
ရှိနေပါစေလေ ငါချစ်တဲ့ ဒီပန်းတစ်ပွင့်ကိုတော့ဖြင့် ကြွေနွမ်းခြောက်သွေ့ကာ
ရနံ့ကင်းသွားသောအချိန်ထိ မြတ်နိုးတွယ်တာနေမှာပါနော် ပန်းလေးတစ်ပွင့်ကို
မြတ်နိုးစွာနဲ့ တန်ဖိုးထားကာ ချစ်မိပါသော ငါတစ်ယောက်ဟာ လောကအလည်
တဝဲလယ်လယ်နဲ့ ဖြစ်သမျှအကြောင်း အကောင်းတွေကြီးပါလားလို့ ယူဆမှတ်ယူကာ
အကောင်းမြင်စိတ်လေးနဲ့ ချစ်နေပါ့မယ် ပန်းကလေးတစ်ပွင့်ရယ်……………………။
photos:cedit google images
author:@winkyaw
တာဆီးလို့မရနိုင်ပါ
ချစ်တာကိုးဗျ
This post has received a 1.04 % upvote from @drotto thanks to: @winkyaw.
very thanks@drotto
ချစ်ပန်းလေးတစ်ပွင့်တဲ့လားနော်
အမှန်ပါခင်ဗျာ
ရေးထားတာအရမ်းကောင်းတယ်နော်
ကျေးဇူးတင်ပါတယ်
သိပ့်ကောင်းတာပဲနော်
အားပေးနေပါ့မယ်နော်
အားပေးတာကို ကျေးဇူးပါ
သဘာဝပါပဲရှင်
ဟုတ်မှာပါနော်
အကောင်းမြင်စိတ်လေးနဲ့ချစ်တဲ့သူအပေါ်ထားရှိတာကောင်းပါတယ်
ပေးဆပ်လို့သွားမှာပါနော်
ကောင်းမွန်တဲ့အရေးသာ ခံစားမှုလေး
အခုလိုအာတက်စကားပြောပေးလို့ကျေးဇူးပါနော်
နှင်းဆီပန်းပုံလေးကလှသလို
ရေးသားချက်တွေကောင်းပါတယ်
လှတယ်ပြောတော့ ကျေနပ်မိတာပေါ့
ကောင်းတယ်ပြောတော့ ထက်ရေးချင်သေးတယ်လေ
အဆင်ပြေနိုင်ကြပါစေ
ဟုတ်ကဲ့အဆင်ပြေပါတယ်
ချစ်နေပါနော်
ချစ်ပေးပါကွယ်
ပန်းချစ်သူလေးပေါ့
ပန်းကိုချစ်တယ် ပန်းကိုခင်တွယ်တယ် ပန်းကိုမြတ်နိုးတယ်ဗျ
ပန်းပွင့်လေးနဲ့နှိုမ်းယှဉ်းပြီးရေးဖွဲ့ထားတာကောင်းပါတယ်ရှင်
ဟုတ်ကဲ့