တွဲလျှက်ရှိနေကြပါတယ်

in #busy7 years ago (edited)

49ov2ma9xa.jpg
အကောင်းတွေဘဲ ကြုံချင်သလို အဆိုးနဲ့တော့ မည်သူကမှ မကြုံဆုံချင်ကြပါဘူး
လောကသဘာဝကိုကလည်း အကောင်းတစ်လှည့် အဆိုးတစ်လှည့် စီမံထား
လေသလားတောင် ထင်ရပါသည်။ အကောင်းဆုံးတွေကြုံပြီးတဲ့မကြာခင် အဆိုး
တွေက မဖိတ်ခေါ်ဘဲရောက်လို့လာတက်ပါတော့သည်။ ဒီလိုရောက်လာတဲ့အခါ
အချို့ စိတ်ညစ်ကြသည်။ ကြေကွဲကြသည် ၀မ်းနည်းကြသည်။ သိပ်မကြာခင်မှာ
ဘဲ ပျော်ရွှင်နေသော သူတို့ကို ထပ်တွေ့ရပြန်သည်။ အပြောင်းအလဲမြန်ခြင်း မတည်မြဲခြင်းတော့ မဟုတ်ပါဘူး ဘ၀ကိုက ပျော်လိုက် ကြေကွဲလိုက် ၀မ်းနည်း
လိုက်နဲ့ တစ်လှည့်စီ ဖြစ်နေတာပါ ဒီအတိုင်းဘဲ လူတွေက လိုက်ပါ နေထိုင်ကြရတာဘဲ မဟုတ်လား ပျော်လို့လည်း ၀မ်းမသာပါနဲ့ စိတ်ညစ်နေလို့လည်း ၀မ်းနည်းမနေပါနဲ့ အားလုံးက ခဏလေးတွေပါဘဲ တစ်လှည့်စီပါဘဲနော်

photo-google image @zinminaye

Sort:  

စိတ်ချမ်းသာခြင်းဆိုတာ အကောင်းဆုံးဆုလာဘ်ပါ