နံနက်ခင်း တေးသီကျူးတဲ့ ငှက်ကလေးများရဲ့ အသံနဲ့အတူ သူမလည်း နိုးထလာခဲ့တယ် ။
ပြူတင်းပေါက်ကို ဖွင့်လိုက်တော့ အား လေတွေက လဲ အေးလိုက်တာ ။အော် ဆောင်းတွင်းရောက်နေတာဘဲမေ့လို့ ။
ကျောင်းပိတ်ရက် ဒီဇင်ဘာမှာ အပူပင်ကင်းကင်း အိပ်လိုက်တာ နေမြင့်မှဘဲ နိုးတော့တယ် ။ သူမ နံနက်စာ စားဖို့အောက်ထပ်ဆင်းလာတော့ အမေက နေ့ဖို့ညစာချက်ပြုတ်နေပြီ ။
"မေမေကသမီးဖို့ ထမင်းကြော်လေး ကြော်ထားပေးတာဘဲ " ။
"အော် အိပ်ပုတ်မလေး နိုးပြီကိုး"။ ဟီးဟီး နိုးပြီလေ မေမေရဲ့ ။
သူမ မေမမေရဲ့ ရှယ်နံနက်စာထမင်းကြော်လေးစားရင်း "မေမေ့ ဖေဖေကာ?"
လမ်းထိပ်ဘက် ခဏသွားတယ်လေ ။ဘာလုပ်မလို့လဲ သမီးရဲ့။
မေမေကလည်း မေ့နေပြီ ထင်တယ် ။
ဒီလ ဘာလ လဲ ?
ဒီဇင်ဘာလေ သမီးရဲ့ ။
" အင်းလေ... ဒီဇင်ဘာဆို ဖေဖေ့ဆီက မုန့်ဖိုး တောင်းရ မှာပေါ့ မေမေရဲ့ "။
"အော် ဒီကလေး ဒီလိုမျိုးဆိုရင်တော့ လုံးဝ မမေ့ဘူး "။
"ဟဲဟဲ မမေ့ပါဘူးလေ မေမေကလဲ " ။
"သမီးလဲ မုန့်ဖိုးရချင်တာပေါ့ သူငယ်ချင်းတွေနဲ့ လည်ရင် သုံးမို့ လေ "။
"အေးပါ သမီးရယ်" ။ ဟုတ် သမီးစားလို့လဲပြီးပြီ ပန်းကန်လဲဆေးပြီးပြီဆိုတော့...မေမေ သမီး အပေါ်ထပ်မှာ စာ သွား လုပ် လိုက်ဦးမယ် ။ ကျောင်းသာပိတ်သာ ဆရာမ က အိမ်စာတွေ အများကြီးဘဲပေးလိုက်တာ အဲ့တာ သွားလုပ်ဦးမယ် "
ဖေဖေ လာရင် သမီးကိုခေါ်လိုက်နော်မေမေ သမီးအောက်ထပ်ကို ဆင်းခဲ့မယ် ။
"အေးအေး သမီးလေး " ။
သူမ အပေါ်ထပ် စာကြည့်ခန်းထဲမှာ စာကြည့်ရင်း အတွေးတို့က စာထဲ မရောက်နိုင်ဘူး ။ ခရစ်စမတ်ကာလ ဒီဇင်ဘာ 25 ရက်နေ့ သူမတို့ရဲ့ သခင်ယေရှုခရစ်တော်မွေးနေ့အတွက် တွေးပြီး ရင်ခုန်နေမိတယ် ။
ခရစ်စမတ်ကာလမှာ သူမ ရင်ခုန်ရတဲ့ အကြောင်းရင်းတွေကလဲ ရှိနေသေးတယ် ။
အဲ့တာ ဘာလဲဆိုတော့ သူမငယ်ငယ်ထဲကနေ ခရစ်စမတ်ကာလ သခင်ခရစ်တော်မွေးနေ့မရောက်ခင်မှာ သူမလိုချင်တာလေးတွေ ဆုတောင်းလေ့ရှိတယ် ။ ဖေဖေ မေမေကလဲ သူမငယ်ငယ်လေးကတည်းက ပြောပြထားတယ် ။
"ခရစ်တော်မွေးနေ့ မတိုင်ခင်ညမှာဆုတောင်းရင် ဆန်တာကလော့ဖိုးဖိုးကသမီးတောင်းတဲ့လက်ဆောင်ကိုလာပေးလိမ့်မယ်"
"တကယ်လားဖေဖေရဲ့"။
"တကယ်ပေါ့ သမီးလေးရယ်" ။
"ဒါဆိုသမီးက ဆုအကြီကြီးတွေ တောင်းပစ်လိုက်အုန်းမှာ" ။
အဲ့ဒီကျပြန်တော့ ဖေဖေက "သမီးလေးရဲ့ ဆုတောင်းကို ဆန်တာကလော့ဖိုးဖိုး က ပေးတာ မှန်ပေမယ့် တစ်ခြား ကလေးတွေလဲဆုတောင်းအုန်းမှာဆိုတော့ သမီးလေးက ဆုအကြီး
ကြီးတောင်းလိုက်ရင် သမီးအတွက်လက်ဆောင်က လေးတယ်ဆိုပြီး လာမပေးဘဲနေလိမ့်မယ် " ။
"အဲ့ဆို သမီးက ဘယ်လိုဆုတွေ တောင်းရမှာလဲ ဖေဖေရဲ့" ။
"သမီးလေး ခရစ်စမတ်ကာလမှာ အသုံးဝင်မယ်ထင်တဲ့ သမီးရချင်တာလေးတွေတောင်းပေါ့ သမီးရဲ့" ။
"ဟုတ်ကဲ့ သမီးသိပါပြီ ဖေဖေ"
"အင်း ဒါမှဖေဖေ့ သမီးလေးကွ" ။
အဲ့ဒီတုန်းကဆိုရင်သူမက ကလစ်လှလှလေးတွေ ဦးထုတ်လှလှလေးတွေ အရုပ်ကလေးတွေ ဆုတောင်းခဲ့တာ ။ ဒီဇင်ဘာ 25 ရက်မတိုင်ခင် သူမအမြဲဆုတောင်းပြီး အိပ်ရာဝင်ခဲ့တယ် ။
မနက်ကျရင် သူမအိပ်ရာဘေးမှာ တစ်တယ်ဘဲ သူမဆုတောင်းခဲ့တယ့် လက်ဆောင်ကို ရခဲ့စမြဲပါ ။ အဲ့ဒါကြောင့်မို့ သူမ
ခရစ်စမတ်ကာလတွေမှာ အရမ်းကိုပျော်ရွှင်ခဲ့ရတာပေါ့ ။ သူမ
ကျောင်းပြန်ဖွင့်တဲ့ အချိန် သူငယ်ချင်းတွေကို အမြဲပြန်ပြောပြ
လေ့ရှိတယ် ။
"ဆန်တာကလော့ဖိုးဖိုးဆီမှာ ဆုတောင်းတာ တစ်ကယ်ရတဲ့
အကြောင်းပေါ့" ။
"ပြီးတော့ သူမရခဲ့တယ့် လက်ဆောင်လေးတွေကိုလဲအမြဲပြပြီး
ဂုဏ်ယူလေ့ရှိတယ် " ။
"သူမ သူငယ်ချင်းက သူဆုတောင်းတာ မရတဲ့အကြောင်းပြန်
ပြောပြတဲ့အခါ သူမကလဲ ပြန်ပြောလေ့ရှိတယ် ။ နင်က ဆုအ
ကြီးကြီးတွေ သွားတောင်းတာကိုး ။ အဲ့လိုဆို နင်ဘယ်တော့မှ
ရမှာမဟုတ်ဘူး နင်...ဟာ လောဘ သိပ်မကြီးနဲ့သိလား? " ။
အဲ့လိုပြောလိုက်တော့ သူငယ်ချင်း စိတ်ဆိုးသွားပြီ ...။
အဲ့လိုဆို သူမပြန်လိုက်ချော့ရတော့တာပါ ။
ဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားလိုက်တာ သူမတောင် အခု ရှစ်တန်းကျောင်းသူလေး ဖြစ်နေပါပြီ ။
သူမ ငယ်ငယ်က ဆန်တာကလော့ဖိုးဖိုးကိုမြင်ချင်လို့ တမင်မအိပ်ဘဲ စောင့်ကြည့်ခဲ့ဖူးပါတယ် ။ သူမစောင့်နေမှန်းသိနေလို့လားမသိဘူး ။ ဆန်တာကလော့ဖိုးဖိုးက တစ်ခေါင်ကျော်လဲရောက်မလာခဲ့ဘူး ။ဒီလိုနဲ့ သူမအိပ်ပျော်သွားပြန်တာပေါ့ ။ မနက်ကျတော့ လက်ဆောင်က သူမအိပ်ရာဘေးမှာ ။ သူမ ဆန်တာကလော့ဖိုးဖိုးကို မတွေ့လိုက်ပေမယ့်လဲ သူမလက်ဆောင်ကိုကြည့်ပီးပျော်ခဲ့ရတာပါဘဲ ။
အဲ့လိုဆို သူမက သူမဖေဖေနဲ့ မေမေကို လက်ဆောင်လေးကိုသွားပြတော့ မေမေကတော့ အံ့သြပြီး ဝမ်းသာတဲ့ ပုံစံနဲ့ဖြစ်ပြီး
သူမ ဖေဖေကတော့ ပြုံးပြီးသူမကိုကြည့်နေလေ့ရှိပါတယ် ။
"သမီးရေ...သမီးဖေဖေပြန်ရောက်ပြီ " ။
"သူမအတွေးတို့ ပျက်တောက်သွားပြီ။ ဟုတ် လာပီမေမေ " ။
သူမမြန်မြန်လေး အောက်ထပ်ကို ဆင်းလာခဲ့ပါတယ် ။
သူမ မေမေကတော့ လှမ်းပြောပါတယ် ။ "ဟယ် ဒီကလေးပြုတ်ကျအုန်းမယ် ။ ဖြေးဖြေးဆင်းပါ ဆင်းပါတော့လား ?" ။
သူမ ဖေဖေ့ကို ဝေ့ဝဲရှာကြည့်လိုက်တော့ ထုံးစံအတိုင်း ဖေဖေက ဖေဖေထိုင်နေကျ ကုလားထိုင်လေးမှာပေါ့ ။
သူမကို ဖေဖေက လှမ်းခေါ်ပါတယ် ။
"လာလာ သမီး ဒီမှာလာထိုင် " ။
သူမက ဖေဖေနဲ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်ပါတယ် ။
"ကဲ ဒီနှစ်တော့ ဘာဆုတောင်းမို့လဲ သမီးရဲ့" ။
"ဖေဖေ ဒီတစ်ခါတော့လေ သမီးက တစ်နေ့တာ အဖြစ်ပျက်လေးတွေကို ရေးပြီးမှတ်တမ်းတင်ထားချင်တာ " ။
အဲ့ကြောင့် သမီးက ဒီတစ်ခါတော့ ဒိုင်ယာရီ စာအုပ်လှလှလေး တစ်အုပ်လောက်တော့ လိုချင်နေတယ် ။ ဖေဖေပေးတဲ့ မုန့်ဖိုးနဲ့ ကျတော့ သူငယ်ချင်းတွေနဲ့ လည်ပြီးမုန့်စားကြမှာမို့ပါ ။
"ကဲ...ဒါဆို ဆန်တာကလော့ဖိုးဖိုးဆီမှာ သမီးလိုချင်တဲ့
ဒိုင်ယာရီ စာအုပ်လေးရဖို့ ဆုတောင်းလိုက်လေ ဖေဖေပေးတဲ့မုန့်ဖိုးနဲ့ သမီး သူငယ်ခင်းတွေနဲ့ မုန့်စားကြပေါ့ဟုတ်ပီလား"။
"ဟုတ်ကဲ့ဖေဖေ သမီးလဲ အဲ့လို စဉ်းစားထားပါတယ် " ။
"အေးအေး သမီးလေး ဆုတောင်းပြည့်မှာပါ " ။
"ဟုတ်ကဲ့ သမီးလဲ အဲ့လိုဘဲမျှော်လင့်ပါတယ် " ။
ဒီလိုနဲ့ ဒီဇင်ဘာ 25 ရက်မတိုင်ခင်တစ်ရက်အလိုမှာပေါ့ ။ သူမဆုံးဖြတ်ချက်ချမိတယ် ။ သူမ ဆန်တာကလောက်ဖိုးဖိုးကို တွေ့ရမှကိုဖြစ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ကိုချလိုက်ပြီးတော့ ပြန်မအိပ်ပျော်ဖို့ကိုလုပ်တော့တာပေါ့ ။ ညရောက်တော့ သူမ စာတွေလုပ်ရသေးတာပါ ။ အိပ်ရာဝင်ခါနီးကျတော့ သူမဆုတောင်း
တယ် ။ ဒီတစ်ခါကျတော့ သူမက ဆန်တာကလော့ဖိုးဖိုးနဲ့ တွေ့ရပါစေလို့ အရင် ဆုတောင်းဖြစ်တယ် ။ပြီးတော့မှ သူမ
လိုချင်တဲ့ ဒိုင်ယာရီ စာအုပ်လေးကို ဆုတောင်းတယ် ။သူမ
ိအိပ်မပျော်သွားအောင် မုန့်တွေစား စာအုပ်တွေ ဖတ်ပြီးစောင့်တယ် ။ တစ်ဖြည်းဖြည်းနဲ့ တစ်ခေါင်ကျော်ပြီ ။ သူမမျက်လုံး
တွေ လေးလာပြီ ။သူမအိပ်ချင်လာပြီ ။ "ဟာ...အိပ်မပျော်ရဘူး သူမအခန်းထဲမှာ လမ်းလျှောက်တယ် သူမမျက်လုံးတွေ
ပြန်ကျယ်လာပြီ ။ သူမထိုင်ပြီး စာပြန်ဖတ်တယ် ။ သူမမျက်လုံး
လေးတွေပြန်လေးလာပြန်ပြီ ။ သူမနာရီကို တစ်ချက်ကြည့်
လိုက်တယ် ။ နာရီလက်တံက နှစ်နာရီ ထိုးခါနီးကိုပြနေပြီ ။
သူမမရတော့ဘူး မေးခနဲ အိပ်ပျော်သွားတယ် ။ တစ်ကယ့်ကို ခဏလေးမှ ခဏလေးပါဘဲ သူမအိပ်ပျော်သွားတာ သူမရဲ့
စာဖတ်စားပွဲမှာဘဲ ။
"ချက်...(တံခါးလှည့်သံ)" ။
သူမ အခန်းထဲကို လူတစ်ယောက်ဝင်ခဲ့ပြီ ။
သူမအသံတွေကြားနေရတယ် ။ မျက်လုံးတော့ ဖွင့်မရသေးဘူး ။ ခြေသံက သူမ ကုတင်နားကိုလျှောက်သွားတယ် ။
ပြီးတော့မှ သူမအိပ်ပျော်နေတဲ့ စာဖတ်စားပွဲဆီ ပြန်လျှောက်လာတယ် ။ အော် သူမ နဖူးလေးကိုလာစမ်းတယ် ။ သူမအရမ်း သိချင်နေတယ် ။ ဘယ်သူလဲ သူမသိချင်နေတယ် ။
ဒါပေမယ့် သူမ မျက်လုံးက ဖွင့်မရဘူး ။ သူမ အိမ်မက်ထဲမှာဘဲလား? ။ ဒီတစ်ခါတော့ သူမပြတ်ပြတ်သားသားကြားလိုက်ရတယ် ။
"သမီးလေး... ဖေဖေ့ သမီးလေးရယ် ..." ။
သူမနဖူးလေးကို ကြင်နာစွာ တစ်ချက်နမ်းလိုက်တယ် ။
"ဟာ...ဖေဖေ ဒါ...ဖေဖေ့အသံဘဲ သူမသေချာသိတာပေါ့ " ။
နောက်ပြီးခြေသံက အနောက်ကိုပြန်လျှောက်သွားပြီ ။
သူမ မျက်လုံးတွေ ဖျက်ခနဲပွင့်သွားပြီ ။
"ဖေဖေ့...သူမအော်ခေါ်လိုက်တော့ ဖေဖေ့ခြေလှမ်းတွေ
ရပ်သွားတယ် ။ သူမ ဖေဖေ့ကိုပြေးဖက်လိုက်တယ် " ။
သူမအသံတွေတုန်နေတယ် ။
"ဖေဖေ့...ဆန်တာကလော့ဖိုးဖိုး တစ်ကယ်တော့ ဖေဖေဘဲ" ။ ဖေဖေက သူမမျက်နှာလေးကို ငုံကြည့်ပြီးတော့ပြော
တယ် ။
"ဒီတစ်ခါတော့ သမီးလေး နိုးသွားပြီပေါ့တဲ့ " ။
ပြီးတော့ ဖေဖေက ရယ်ပြီးပြန်ပြောတယ် ကာလနဂါးမလေးက ဒီတစ်ခါတော့ နိုးသွားပါရောလား ဟမ် .."
ဟီးဟီး...ဒီတစ်ခါတော့ သူမနဲ့ဖေဖေနဲ့ပြိုင်တူရယ်မိကြတယ် ။
တစ်ကယ့်ကို အံ့သြမှုတွေ ပျော်ရွှင်မှုတွေကို ဆာင်ကြဉ်းပေးခဲ့တဲ့ ညလေးပါဘဲ ။
မနက်ရောက်တော့ မေမေ့ကိုပြောပြတယ် ။
"မေမေ့ တစ်ကယ်တော့ ခရစ်စမတ် ဆန်တာကလော့ဖိုးဖိုးက ဖေဖေဘဲ သိလား?" ။
"ဒီတော့ မေမေက ပြုံးပြီးပြန်ပြောတယ် " ။
"အွန်း...မေမေ သိနေခဲ့ပါတယ်တဲ့ " ။
"ဟွန်း...ဒါဆို အရင်တုန်းက သမီးကို မပြောပြဘူး ဘာလို့လဲ?။
"သမီးလေးက မေးမှမမေးဘဲ သမီးရဲ့ "
"အွန်း...ဟုတ်သားဘဲ သမီးက ထုတ်မမေးခဲ့မိဘူး ။ သူမအခုမှ ပြန်တွေးကြည့်လိုက်တော့ သူမ ဘာလိုချင်လဲ ဘာဆုတောင်းမလဲဆိုတာ ဖေဖေ အမြဲ ကြိုမေးခဲ့တာဘဲ " ။
"သမီး အရမ်းကို ကျေးဇူးတင်ပါတယ်နော် ဖေဖေနဲ့မေမေ " ။
"ဘာလို့လဲ သမီးလေးရဲ့ " ။
" သမီး ဘဝမှာ တစ်သက်လုံး အမှတ်ရနေမယ့် အမှတ်တရကို ဖေဖေနဲ့မေမေကဖန်တီးပေးခဲ့လို့လေ "။
"သမီးလေးကို ဖေဖေနဲ့မေမေ ဘယ်လောက်ချစ်တယ်ဆိုတာ
သမီးသိရင်ဘဲ ကျေနပ်ပါပြီကွယ် " ။
"အွန်း သမီးသိပါပြီ ဖေဖေနဲ့မေမေ " ။
" ချစ်လိုက်တာ သမီးလေးရယ် " ။
သူမ ဒီဇင်ဘာ ကျောင်းပိတ်ရက်မှာ ပျော်ရွှင်စွာနဲ့ ဖြတ်သန်းခဲ့ရပါတယ် ။ကျောင်းပြန်ဖွင့်တော့ သူမ သူငယ်ချင်းတွေက မေး
တယ် ။ဒီတစ်ခေါက်ကော ဘာလက်ဆောင်တောင်းလိုက်လဲ"။
" ပြီးတော့ ငါတို့ကိုကောပြပါဦး သိချင်နေပြီ " ။
"အွန်း...ပြမယ် " ။
သူမက သူမရဲ့ ဒိုင်ယာရီ စာအုပ်လေးကို ပြလိုက်တော့
"ဟယ်...လှလိုက်တာ ကြည့်ရမ်း နင်က သိပ်ကံကောင်းတာဘဲဟာ ..." ။
" ရှေ့ဆုံးစာမျက်နှာမှာ စာလေးတစ်ကြောင်း"
ဘာတဲ့ "ဆန်တာကလော့ဖေဖေ" တဲ့လေ ။ဆန်ကလော့ဖိုးဖိုး မဟုတ်လား?နင့်ဟာက "ဆန်တာကလော့ဖေဖေ"တဲ့။
သြော်...သူမ သူငယ်ချင်းတွေကို မပြောပြရသေးဘူးလေ...။
"ဒါက...အကြောင်းရှိတယ် သူငယ်ချင်းတို့ရဲ့ ...လာပြောပြမယ်" ဆိုပြီးပြုံးပြုံးလေးနဲ့ဆိုလိုက်တယ် ။ အခုတော့ သူမမျက်နှာပေါ်မှာတွဲခိုနေတဲ့ အပြုံးကိုကြည့်ပြီး သူမသူငယ်ချင်းတွေက သူမပြောပြမယ့်အကြောင်းအရာကို စိတ်ဝင်စားစွာနားထောင်နေကြလေရဲ့....။
ဝင်ရောက်ဖတ်ရှုပေးသူများအား ကျေးဇူးတင်လျက်ပါ...။
Bawk San Tun (Flawra)
Congratulations @acquaintance! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard: