ဒီပိုစ့်ကို သေသေချာချာလေး ဖတ်ပေးပါ

in #community6 years ago

ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ပြဿနာတစ်ခုက စာတစ်ပုဒ်ကို သေသေချာချာမဖတ်တာပါပဲ။ ဒီပိုစ့်ကိုတော့ သေသေချာချာဖတ်စေချင်ပါတယ်။ အခုကျွန်တော်တို့ လုပ်ထားတဲ့စနစ်က အမည်ပျက်စာရင်းသွင်းခြင်းနဲ့ အလိုအလျှောက်မဲပေးခြင်း စတာတွေပေါ်ကို အခြေခံထားပါတယ်။ ကျွန်တော့်အနေနဲ့ ပိုစ့်တစ်ခုကို ကိုယ်တိုင်ဖတ်ပြီးမဲ(upvote)ပေးမယ်ဆိုရင် ကျွန်တော်အားတဲ့အချိန်မှပေးရတာဖြစ်တဲ့အတွက် ပိုစ့်တင်တဲ့အချိန်ကို အနည်းငယ် ကမောက်ကမဖြစ်စေပါတယ်။ အဲ့ဒိ အစား အလိုအလျှောက်မဲပေးတဲ့စနစ်ကို သုံးထားပါတယ်။ တစ်ဖက်ကလဲ copy/paste တွေဝင်လာမှာ စိုးရိမ်တဲ့အတွက် လူတွေကို စိစစ်ပြီးမှ အလိုအလျှောက်မဲပေးတဲ့စနစ်ထဲကို ထည့်သွင်းပါတယ်။ ပြီးတော့ အချိန်ရတဲ့အခါမှာ အဲ့ဒိ ပိုစ့်တွေကို ဖတ်ကြည့်ပြီးတော့ comment ပေးပါတယ်။ အလိုအလျှောက်မဲပေးခံရတဲ့သူတွေအနေနဲ့ကလဲ copy/paste တွေ မသုံးဖို့ တာဝန်ခံဖို့လိုပါတယ်။ Copy/paste သုံးတာမိရင် အလိုအလျှောက်မဲပေးစနစ်ကနေ ပယ်ဖျက်မှာဖြစ်ပါတယ်။ နောက်တစ်ကြီမ် ပြန်ပြီး မဲရဖို့ဆိုရင်တော့ အောက် က အချက်အလက်တွေကို လိုက်နာဖို့လိုပါတယ်။

ဒီနည်းလမ်းတွေကို လက်ရှိအချိန်မှာ Cheetah မှာ သုံးနေပါတယ်။

  • မိမိရဲ့ community ကို တောင်းပန်တဲ့ ပိုစ့်တစ်ခုတင်ပါ။ myanmar, esteem
  • မိမိ copy/paste လုပ်ထားတဲ့ ပိုစ့်လင့်ခ်တွေ အကုန်ထည့်ပါ။
  • အဲ့ဒိနောက်မှာ ခုနှစ်ရက်အတွင်းမှာ မိမိကိုယ်တိုင် ရေးထားတဲ့ ပိုစ့်ခုနှစ်ခုတင်ပါ။
  • အဲ့ဒါတွေလုပ်ပြီးသွားရင် ကျွန်တော်တို့ဆီကို လုပ်ပြီးသွားတဲ့အကြောင်းလာပြောပါ။
ကျွန်တော်တို့က စိစစ်ပြီး ပြန်လည်ရွေးချယ်သင့်တယ် ထင်ရင် အလိုအလျှောက်မဲပေးစနစ်ထဲကို ပြန်ထည့်ပေးမှာဖြစ်ပါတယ်။

အခုအချိန်မှာ အလိုအလျှောက်မဲပေးစနစ် ထဲကို ထည့်သွင်းထားတဲ့သူ ၂၆ ယောက်ရှိပါတယ်။ ၂၅ ယေက်ကတော့ ကို @lwanwai ရဲ့ ပိုစ့်မှာ ပါပါတယ်။ နောက်ထပ်ထည့်ထားတဲ့သူကတော့ @winko ဖြစ်ပါတယ်။

https://steemit.com/myanmar/@lwanwai/esteem-mwa-sa-ep-eyathathundefined-ab631ef67f12b

 

ကျွန်တော်တို့ရဲ့ စနစ်ကို ဘယ်လိုအကျိုးရှိအောင် အသုံးချမလဲ။

ဒီနေရာမှာ ကိုယ်အားတဲ့အချိန်နဲ့ ပိုစ့်တင်ရမဲ့အချိန်က မကိုက်တာတွေကိုလဲ ကြုံရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မပူပါနဲ့။ Esteem မှာ မိမိပိုစ့်တင်ချင်တဲ့အချိန်တင်လို့ ရတဲ့ စနစ်ပါပါတယ်။ ကျွန်တော်ကတော့ esteem surfer သုံးတဲ့အတွက် SS ကိုလဲ esteem surfer ကနေပဲယူပြထားပါတယ်။ Schedule ဆိုတာကို ရှာပြီး နှိပ်လိုက်ပါ။


နောက်တစ်ဆင့်မှာ select date ကိုနှိပ်ပါ။ပြီးတာနဲ့ ကိုယ်ပိုစ့်တင်ချင်တဲ့ အချိန်ကိုရွေးပါ။ eSteem က မြန်မာနိုင်ငံရဲ့ စံတော်ချိန်နဲ့ အလုပ်လုပ်တယ်လို့ထင်ပါတယ်။ နောက်တစ်ဆင့်မှာတော့ schedule ကို နှိပ်လိုက်ပါ။ ဒါဆို ရပါပြီ။


နောက်တစ်ခုကလဲ အရေးကြီးပါတယ်။ အဲ့ဒါကတော့ follower များဖို့ပဲဖြစ်ပါတယ်။ Follower များမှ တန်ဖိုးများတဲ့ မဲကို ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ကတော့ curation မှသည် community ဆီသို့ဖြစ်ပါတယ်။ eSteem သုံးတဲ့သူတွေ တိုင်းဟာ မိမိတို့ပါဝင်နေတဲ့ အဖွဲ့အစည်းတွေကို upvote (မဖြစ်မနေ )ပေးရမယ်ဆိုတဲ့ အချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ အခြား esteem သုံးတဲ့သူတွေကို follow လုပ်တာကိုတော့ ဘယ်အဖွဲ့အစည်းကမှ ကန့်ကွက်မယ်မထင်ပါဘူး။ အဲ့ဒိတော့ အခြား esteem သုံးတဲ့သူတွေကို follow လုပ်ပေးစေချင်ပါတယ်။ အပြန်အလှန် follow လုပ်ကြစေချင်ပါတယ်။


ဝေဖန်အကြံပြု ဆွေးနွေးလိုတဲ့အချက်တွေရှိရင် comment ရေးခဲ့လို့ရပါတယ်။ အလိုအလျှောက်မဲပေးတဲ့ စနစ်ထဲကို @ptcmyanmar ကို ပါထည့်သွင်းသွားမှာဖြစ်ပါတယ်။ စုစုပေါင်း ၂၇ ယောက်ရှိပါပြီ။

Universal Basic Income

This is for very basic income. Use the following link to register in mannabase.com.

Promoting Service

I am also a whitelisted user of minnowbooster. If someone want to get whitelisted from minnowbooster. I can check your blog and send an invitation. Use the following link to log into minnowbooster.com.

Building Network

Join Discord: https://discord.gg/RSrv669

Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=488


ကျွန်တော်တို့က အလိုအလျှောက်မဲပေးတဲ့ စနစ်ကို သုံးထားတာဖြစ်တဲ့အတွက် ပိုစ့်တင်ပြီး ၁၆ မိနစ်အကြာမှာ မဲစပေးမှာဖြစ်ပါ။( အနည်းဆုံး လူနှစ်ယောက်က မဲပေးထားဖို့လိုပါတယ်။) အခိျု့လူတွေကိုတော့ ပိုစ့်တင်ပြီး မိနစ် ၃၀ အကြာမှာမဲပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ ဥပမာ ဒီနေ့ နံနက် ၉ နာရီမှာ ပိုစ့်တင်တယ်ဆိုရင် နောက်နေ့မနက် ၉ နာရီ ၅ မိနစ်မှာပိုစ့်တင်ပါ။ ဒါဆိုရင် နေ့တိုင်း esteem ရဲ့ မဲ ရမှာဖြစ်ပါတယ်။ နောက်တစ်နေ့မှာ ၉ နာရီ ၁၀ မိနစ်မှာ ပိုစ့်တင်ပါ။ အသေးစိတ်သိချင်ရင် (ကျွန်တော်ရေးထားတာ မရှင်းရင်) @tunnaingwin ကိုမေးလို့ရပါတယ်။ သူဆိုနေ့တိုင်း မဲရပါတယ်။ @mmunited
Sort:  

thank you@mmunited

Posted using Partiko Android

ကိုယ်ေးလည်းမပါပု :( စိတ်တောင်မကောင်းဝူး ဟီး

ထည့်ပေးမယ်လေဘရို

ဟုတ် လတ်တလောတော့ ချိတာ့ကို လိုက်ကွန်ပလိန်းတက်နေတယ်

ကျွန်​​တော့်​ဆီမှာ လည်း အာမခံထားတဲ့ တစ်​​ယောက်​​တော့ ရှိတယ်​ ဘရို
@lwinoomg ကို yuzana ​ပြော​ပေးထားပါတယ်​ ထည့်​​ပေးလိုက်​ပါအုံး

Posted using Partiko Android

တို့အမည်ပါလားကွဲ့ရို့

ပါတယ်လေ ဘရို။ ကိုလွမ်းဝေရဲ့ပိုစ့်မှာ ရေးထားတယ်။ နံပါတ် ၂၂ မှာပါ။

အားလပ်ချိန်နဲ့ စာရေးပြီးချိန်တွေမှာ ပို့စ်တင်ရတဲ့အတွက် အချိန်အတိအကျ နဲ့ ပို့စ်တင်ဖို့အခက်အခဲရှိတဲ့အတွက်တော့ တောင်းပန်ပါတယ်ဗျာ။

No problem ပါ ကိုစိုးရယ်။ ကျွန်တော်ဆိုရင်တော့ အားတဲ့အချိန်မှာ ပိုစ့်နှစ်ခု သုံးခုလောက်ရေးပြီး schedule ထည့်ထားလိုက်တယ်။ နောက်နေ့တွေ့ကျတော့ ပိုစ့်တစ်ခုချင်းရေးသွားတာ။ အဲ့ဒိလို လုပ်ထားတော့ ခရီးသွားနေရင်တောင် ပိုစ့်က အတင်မပျက်ဖူး။ နေ့တိုင်းပိုစ့်တင်ဖြစ်နေတယ်။ comment ပေးတာမှာပဲလျော့သွားတာ။ vote ကလဲ အပေးမပျက်ဖူး။ autovote ပေးတာကို လုပ်ထားလိုက်တယ်။

Hi, @mmunited!

You just got a 10.74% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

ကောင်းမွန်တဲ့အစီစဉ်တစ်ခုပါပဲဗျာ
Copyကိစ္စကလည်းsteemitပေါ်ရောက်ရှိနေပြီးသူတွေအဖို့ သိပ်ပြောနေဖို့မလိုတော့ပေမယ့် အလွယ်လိုက်ချင်နေသေးရင်တော့ copyနေအုံးမှာပါ။
အခုလိုစီစစ်ရွေးခြယ်ပြီးမှ autoထားထားတာကောင်းမွန်ပါတယ်။

Posted using Partiko Android

manual ပေးနေရင် ပေးတဲ့အချိန်နောက်ကျသွားမှာစိုးလို့ပါ။

ဟုတ်ဆရာ

Posted using Partiko Android

ကေင်ူတဲ့အစီအစဉ်ပါ
မမ လည်း အခု ဆို esteem vote ထားတဲ့ အချိန်ကို ပြန်ကြည့်ပီး ၂၄ နာရီပြည့်မှ post တင်တော့တယ်

ကိုယ်ပိုစ့်တင်တဲ့အချိန်ကနေ ၂၄ နာရီကျော်ရင်ရပါပြီ။ နောက်ပြီးတော့ နောက်ထပ် esteem နဲ့ပိုစ့်တင်မည့် သူများကိုလဲ ထောက်ခံပေးနိုင်ပါတယ်။ ဘယ်သူတွေက တော့ဖြင့် vote ရသင့်တယ်။ စသဖြင့်ပေါ့။

အင် သိပူးလေ

အူတူတူ ပါဆို esteem နဲ့ post တင်ထားတဲ့လူ #esteem , #esteem- myanmar အဲ့လိုဒေ တွေ့ရင် ပြောရ မှာလား ဟုတ်လား

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by ptcmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Kiwibot and run by Rishi556, you can check both of them out there. To receive maximum rewards, you must be a member of KiwiBot. To receive free upvotes for yourself (even if you are not a member) you can join the KiwiBot Discord linked hereYou got voted by @curationkiwi thanks to mmunited! This bot is managed by and use the command !upvote (post name) in #curationkiwi.

စာရင်းထဲ ပါချင်တယ်။copy မရေးပါဘူး။

Posted using Partiko Android

Ok ပါ ညီမရေ။ ထည့်ပေးထားမယ်လေ။

ဟုတ်ကဲ့။ကျေးဇူးပါအကို။

Posted using Partiko Android