အိမ်မှာ အားနေတုန်းလေး ဟင်းချက်စားရပါတယ် အရင်တုန်းကတော့ အလုပ်တွေများနေတော့ အိမ်မှာ မချက်စားဖြစ်ပါဘူး ဆိုင်မှာဘဲ အလွယ်တကူဝယ်စားလိုက်ပါတယ်
ဟင်းချက်စားရမယ့် အခွင့်အရေးလေးရတုန်း အိမ်မှာ အပျင်းပြေဟင်းချက်စားဖြစ်ပါတယ် ထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူး ကြက်သားကို နာနတ်သီးလေးနဲ့ ချဉ်စပ်လေး ချက်စားတာပါ အရင်တုန်းကတော့ မချက်ဖူးပါဘူး အခုမှ စမ်းပြီး ချက်စားကြည့်တာ
ဒီအချိန်က နာနက်သီး ပေါတဲ့ရာသီဖြစ်လို့ စိတ်ကူးပေါက်တာနဲ့ လက်ဆောင်ရလာတဲ့ နာနက်သီးလေးကို အသုံးပြုထားပါတယ်
လိုအပ်တာတွေကတော့ နာနက်သီးတစ်လုံး ကြက်သား ဆား ဂျင်း နနွင်း ကြသွန်ဖြူ ဆိုဒါနဲ့ ကြက်ဥ ကြက်သွန်နီ ငရုပ်ပွသီး သကြားညို ငံပြာရည် ငရုပ်သီးကျက်မှုန့် တို့ဖြစ်ပါတယ် လိုအပ်တာတွေစုံပြီဆိုရင်တော့ ကြက်သားကို အရင်ခုတ်ပါတယ် အဆင်သင့်သလိုလေး တုံးတစ်လိုက်ပါတယ် ကြက်သားကို ဆားရယ် ဂျင်းရယ် ငရုပ်ကောင်းမှုန့်ရယ် နနွင်းရယ် ဆိုဒါရယ် ရောမွှေပြီးနှပ်ထားလိုက်တယ် အော်မေ့တော့မလို့ ကြက်ဉလေးတစ်လုံးကိုလည်း ဖေါက်ထည့်လိုက်ပါသေးတယ်
ပြီးရင်တော့ ဆီအိုးတည်ပြီး ကြက်သားတွေကို ကြွပ်အောင် ကြော်လိုက်တယ်လေ
နောက်တစ်ဆင့်အနေနဲ့ကတော့ ကြက်သွန်ဖြူ ဆီသပ်ပြီးနာနက်သီးတွေကို ကြော်လိုက်တယ် ပြီးတော့ ငရုပ်သီးစိမ်းလေးထည့် ကြော်ထားတဲ့ကြက်သားကိုပေါင်းထည့် ရေလေးနည်းနည်းထည့်ပြီး နှပ်ထားလိုက်တယ် အရည်လေး ခမး်သွားပြီး ဆီပြန်လာ၇◌င်တော့ စားလို့ရပါြပီ အရသာကတော့ ချဉ်ချဉ်စပ်စပ်လေးပါဘဲ သိပ်အကောင်းကြီးတော့ မဟုတ်ပါဘူး ကိုယ်လုပ်တက်သလိုလေး စမ်းလုပ်တာဆိုတော့ စားဖြစ်ပါတယ် ဒီနေ့ တစ်ရက်တော့ ကြက်သားနာနက်သီးနဲ့ ထမင်းစားမိန်ရပါတော့တယ်
နောက်ရက်တွေတော့ ဘာချက်စားရမယ် မသိသေးပါဘူး အိမ်မှာနေရင်း အလုပ်မရှိတော့ ဟိုဟာလေး စားချင် ဒီဟာလေး စားချင်နဲ့ စားချင်တာလေးတွေ ချက်စားဖြစ်နေပါတယ်
Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!
Support Ecency
Vote for Proposal
Delegate HP and earn more, by @arrowqueen.