ကိုယ်ဖတ်တဲ့စာကရတာကို

in #ecency4 years ago

child_945422_640.jpg
https://pixabay.com/photos/child-reading-bible-bed-african-945422/

ချစ်မိတ်ဆွေတို့ရေ စာတွေဖတ်တဲ့အခါ ကောင်းမွန်တဲ့စာတွေကုသာ ရွေးဖတ်ရမယ်နော်
စာတွေက အမျိုးမျိုး စုံလင်အောင်ရှိနေတယ် ဒီထဲမှ ကိုယ်နဲ့သင့်တော်တာကိုရွေးဖက်ရမယ်
အတွေ့အ ြကုံအတွက်နဲ့ စာဖတ်တာတော့ သိပ်မနီးစပ်ပါဘူး ယင်းအတွေ့ အကြုံများကို ရလိုသော ဆန္ဒရှိရုံဖြင့် ပြည့်စုံလာမည် မဟုတ်ပါဘူး လက်တွေ့ဘ၀နဲ့ စာတွေ့က အများကြီးကွာပါတယ်နော်
စာကို ခပ်ပေါ့ပေါ့ အပေါ်ယံ စိတ်ဝင်စား ဖတ်တာနဲ့လည်း ဗဟုသုတ ကြွယ်ဝမ လာနိုင်ပါဘူး ဗဟုသုတ
ရှိရန် စာပေနှင့် ပတ်ဝန်း ကျင်မှ အတွေ့ အကြုံများကို အချိန်ယူ၍ ဖတ်ရှုရှာဖွေတတ်ရ မည်
ပညာတစ်ခုကို အသေအချာ ထဲထဲဝင်ဝင် လေ့လာဖို့ လိုပါသည် အပေါ်ယံရှပ်လေ့လာလို့တော့ မရပါ စိတ်စေရာ ခဏတာ လုပ်၍ အလုပ်မဖြစ် တစိုက်မတ်မတ်
ကြိုးစား လုပ်မှသာ လိုရာဆန္ဒ ပြည့်ဝ လာနိုင်ပါတ,် မည်သည့် အလုပ်ကို လုပ်လုပ်
စနစ်တကျ လေ့လာ မှတ်သား ကြသူများ သာလျှင် အသိပညာ အစစ်အမှန်ကို ရရှိကြမှာပါ
စာတတ်ရုံ မျှနှင့် ဗဟုသုတ မပြည့်စုံနိုင်တာကိုတော့ သိရပါလိမ့်မ,် ဖတ်ဖူးတဲ့ စာတစ်ကြောင်း
သိပ်ကောင်းတဲ့ စာသားလေး ငယ်ရွယ်စဉ်က ဗဟုသုတသည် ကြီးသောအခါ ပညာ တဲ့ ဒါအမှန်ပါဘဲ
မှန်ကန် ပြည့်စုံသော ဗဟုသုတ ရှိမှသာ ဘ၀မှာ အဆင်ပြေပြေ အသုံးချနိုင်လိမ့်မည်ပေါ့
စာတွေတော့ များစွာ ဖတ်ခဲ့တာပါဘဲ ကိုယ်ဖတ်တဲ့စာကရတာကို ပြန်အသုံးမချနိုင်လည်း အဆင်မပြေပါ
အရေးကြီး သည်မှာ ပတ်ဝန်းကျင် လက်တွေ့ အခြေအနေနှင့် မိမိ တတ်ကျွမ်းတဲ့ပညာ အံကိုက်နေမှ
အကောင်းဆုံးြဖစ်နိုင်ပါတယ်
မနက်ကတော့ သိပ်အဆင်မသင့်ချင်ဘူး ညနေပိုင်းကို ထပ်ကြိုးစားထားတယ် အဆင်ပြေနိုင်မလား
ကိုယ်မသိပါ လုပ်နေရမှာက ကိုယ့်တာဝန်သာဖြစ်တယ် ခက်ခဲတဲ့ အချိန်တွေမှာ ကောက်ရိုးတမျှင်ကလည်း
အားကိုးရာတစ်ခု ြဖစ်စေပါတယ်