ပင်လယ်ပြင်ဟာ ကျယ်လွန်းသလား ကောင်းကင်ဟာ မြင့်လွန်းသလား။
ဘဝတွေဟာမေရရာ ငါ့ကတော့ ဘာမှ မသေခြာပေ။
မင်းကို မျှော်လင့်လျက် ရှင်သန်နေသူတစ်ဦးပါ။
ချစ်ရသူလေး အလွမ်းဆိုတဲ့ ဆန္ဒတစ်စုံနဲ့ ပစ္စုပ္ပန်အချိန်များကို
ငါ့ဟာ ဥပက္ခာပြုခဲ့တာ မင်းမှာ မသိပါဘူး။
တစ်လောကလုံး မေ့လျော့နေတဲ့အထိပေါ့။
ပျောက်ဆုံးနေဆဲ အနာဂတ်တစ်ချို့ ပျောက်ရှသွားတဲ့ မင်းခြေလှမ်းများကို
အပြန်လမ်းက စောင့်လို့တော့ကြိုနေမယ်။
ငါ့ချစ်ခြင်းများ တစ်ပွေ့တစ်ပိုက်နဲ့ပေါ့။
အလွမ်းတိုင်း နေ့ရက်များ မိန်းကလေး ငဲ့ကြည့်လိုက်အုံး။
သတိတရရှိနေတယ်ဆိုတဲ့ စကားတစ်ခွန်း ငါ့ကို ဖြေသိမ့်လိုက်ပါ။
အနီးဆုံး နှလုံးသားနှစ်ခု ပေါင်းဆည်းဖို့ ငါ့ကို တွေ့ဆုံခွင့်ပေးပါ။
မင်း မေ့ပစ်လိုက်တဲ့ နေ့တစ်နေ ငါဟာအသည်းကွဲငါ့ နုံ့ချာခဲ့တယ်။
တယုတယနဲ့ လွဲမှားချက်များ အနက်ရှိုင်းဆုံး ဇစ်မြစ်တစ်ခု ရှာဖွေနေတယ်။
မိန်းကလေးရေ ခွင့်လွှတ်မှုတွေဟာ အဆုံးသတ်မှာ
မင်းနဲ့ငါ့ ဇတ်လမ်းတစ်ပုဒ်ကို ကြေကွဲစရာဖြစ်အောင် ငါဇတ်ညွှန်း မရေးတတ်ဘူး။
မင်းနဲ့ငါ့ ဝေးကွာရခြင်းကိုကဗျာတစ်ပုဒ်ဖြစ်အောင် ငါကာရံညီဖို့ မဖွဲ့တတ်ပါဘူး။
သို့ပေမယ့်လည်း မင်းကိုတော့ ငါဟာ စူးနစ်အောင် ချစ်ခဲ့ပါတယ်။