လိုက်ခဲ့တော့ကွယ်

in #ecency4 years ago

img_0.7154482332078193.jpg

https://www.freepik.com/free-photo/beautiful-beauty-woman-asian-cute-girl-feel-happy-drinking-clean-drink-water-good-health-morning_4550561.htm#page=1&query=feeling&position=44

သေခြင်းပန်းတို့ပွင့်ရာ ကမ်းခြေဆီ

ထာဝစဥ်မငြိမ်းမယ့် မီးလျှံကို ဖြည့်ဆည်းဖို့

မေ့လျော့ခြင်း နှင်းမှုန်ဖွဲဖွဲအောက်မှာ

မပျောက်အောင် လက်တွဲခဲ့ကြနော်

ချစ်ခြင်း၏ မျိုးစေ့တွေ

မြေမှာနစ်မြုပ်နေပေမယ့် ဒီဆောင်လွန်ခဲ့ရင်ဖြင့်

ရာသီးမိုးနှင့်အတူ သူတို့နိုးထ ပွင့်လာကြဦးမယ်

ကျိန်စာဆူးတွေ နေရာအနှံ့ ပြန့်ကြဲလို့

မုန်းစိတ်ကလည်း စိမ့်စမ်းကို အရောင်ဆိုးခဲ့

မြတ်နိုးမူတစ်ခုတည်းနဲ့သာ

နွယ်ကြိုးကို ခိုင်အောင်ချည်ခဲ့တယ်။

@kyawminoo