အချစ်လို့ပြောလိုက်လို့ ထူးဆန်းနေသလား
ဘာမှထူးထူးဆန်းဆန်းဖြစ်စရာအကြောင်းမရှိပါဘူး
ဘာလို့လဲဆိုတော့ နေရာတိုင်းမှာ မြင်တွေ့နေရလို့ပါပဲ
လူတွေက ကြိုးစားနေရင်းနဲ့ အရမ်း Romantic ဆန် သွားရင်
ရောင့်ရဲ သွားတတ်ကြပါတယ်
တော်ပြီလေ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရတာမျိုး မဟုတ်တောင်
တိုက်ခန်းလေး တစ်လုံးနဲ့ နေရရင်ပြီးပါပြီ ဆိုတာမျိုးနဲ့
ဘဝရည်မှန်းချက် တွေကို အတိုက်စား ခံလိုက်ကြတယ်။
စိတ်ညစ်နေတုန်း အားပေးဖော်လေးရှိ
ပင်ပန်းနေတုန်း ရေတိုက်မယ့်သူရှိတာက ကောင်းပေမယ့်
ဘယ်သွားသွား ခြေတောက်မှာတွဲပါနေမယ့်
ကျောက်ခဲ တုံးကြီးဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။
@thihakyawwin
ရေးတာတွေကောင်းတယ်
ကျေးဇူးတင်တယ်