ဆန္ဒစိတ်

in #ecency3 years ago

img_0.27139671526852255.jpg
https://pixabay.com/photos/bird-branch-perched-feathers-2295431/

တစ်ယောက်ထဲဖြစ်နေတဲ့ လောကထဲမှာ

နောက်ထက် ဖြစ်တည်ဖို့ ခွန်အားတွေပေးပါ

နောက်တနေ့များစွာအတွက်

ယုံကြည်ဖို့အတွက် သတ္တိတွေပေးပါ

အချစ်ဆိုတာကို မခံစားတတ်ဖို့

ရက်စက်တဲ့ နှလုံးသားတစ်စုံပေးပါ

မျက်ရည်ဆိုတာကို မသိတတ်အောင်လို့

ခါးသီးတဲ့ မျက်ဝန်းတစ်စုံပေးပါ

လူဆိုတာကိုနားကျဉ်းတတ်ဖို့ အတ္တတွေပေးပါ

ငါဟာ မည်သို့သောသူမှ မသိအောင်လို့

လောကကြီးထဲက တိတ်တဆိတ်နဲ့ ထွက်ခွါသွားခွင့်ပေးပါ

သေဖို့ရန်မဟုတ်ပါ

ပျောက်ကွယ်သွားဖို့အတွက်ပါ။

@thihakyawwin