စွဲလမ်းတယ်ဆိုတာကလည်းအချစ်ပါပဲ။
တစ်စုံတစ်ယောက်ကို စွဲလမ်းနေတယ် သတိရနေမယ် သူ့အကြောင်းကိုခဏခဏ တွေးမိနေမယ်ဆိုရင်လည်း အချစ်ကြောင့်ပါပဲ။
အချစ်ကြောင့်ပဲ အောင်မြင်မှုတွေရရှိခဲ့ကြသလို အချစ်ကြောင့်ပဲ နစ်နာဆုံရှုံးခြင်းတွေဖြစ်စေနိုင်ပြီး ဘဝအတွက် တွန်းအားတွေဖြစ်စေနိုင်တာလည်း ဒီအချစ်ပါပဲ။
အချစ်ဆိုတာကို အချို့က အဖြူရောင်ဟု သက်မှတ်ထားကြသလို ကျွန်နော်အထင်တော့ အချစ်မှာ အရောင်ဆိုတာမရှိနိုင်ပါဘူး။အချစ်ကိုအရောင်ဆိုးလိုက်တာနဲ့ လိုချင်မှု တက်မတ်မှု မနာလိုမှုတွေ သဝန်တိုမှုတွေ စသည့် စသည့် အမှုပေါင်းသောင်းခြောက်ထောင်တွေနဲ့ ရောနှော ဖြစ်ပျက်လာတော့တာပါပဲ။
အဲ့ဒီလိုပဲမြင်မိပါတယ်။
စစ်မှန်မှုဆိုတာကလည်း တစ်ဖတ်သတ်ကြီးတော့ဖြစ်နိုင်မယ်မထင်ဘူး။
သူ့ဆီက စစ်မှန်သော ချစ်ခြင်းမေတ္တာကိုလိုချင်ရင် ကိုယ့်ဘက်ကလည်း မှန်ကန်တဲ့ချစ်ခြင်းတရားကို အရင်ပေးရမှာပါပဲ။
အချစ်ဆိုတာ အလျာအနံမရှိသော်လည်း အသွား အပြန်ရှိတယ်ဆိုတာကို လက်ခံထားတယ်ဆိုရင်ပေါ့နော်။
အချစ်တဲ့လား အဲ့ဒီအချစ်ပါပဲ အဲ့ဒါအချစ်ပေါ့နော်။
အချစ်နဲ့ပတ်သတ်ပြီး တွေးကြတယ် ကြည့်မြင်ကြတယ် ရေးကြတယ်ဆိုသော်လည်း တစ်ယောက်အတွေး တစ်ယောက်အမြင် အရေးအသားတွေကတော့ဘယ်တူနိုင်ကြပါ့မလဲ။
တစ်ယောက်နဲ့တစ်ယောက်ရဲ့ ခံယူသတ်မှတ် စံထားမှုတွေအတိုင်း မတူညီးမှုတွေနဲ့ ကွဲလွဲနေကြဦးမှာပါပဲလေ.................
https://pixabay.com/photos/book-reading-read-literature-3026883/
@thura
ရေးထားတာလာမဘုတ်ဘူး