အိမ်ထဲကနေအိမ်ပြင်ကို ထွက်နိုင်ဖို့အတွက် အချိန်တွေကို လနဲ့ချီပြီး သင်တို့စောင့်ခဲ့ဖူးပါသလား။
ကျွန်နော်ကတော့ စိတ်ရှည်သီးခံပြီး စောင့်လာခဲ့တာ လေးလဆိုတဲ့အချိန်ကာလတစ်ခုကို ရောက်ခဲ့ပါပြီ။
အဲ့ဒီလေးလဆိုတဲ့ကာလအတွင်းမှာ စိတ်မွှန်းကြပ်မှုတွေမဖြစ်အောင် နေထိုင်နိုင်ခဲ့ပါတယ်။
စိတ်ညစ်တယ်ဆိုတဲ့အရာဟာ အခြားသူတွေအတွက်ကတော့ အထူးအဆန်းဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။
ကျွန်တော်အတွက်ကတော့ သင်ခန်းစာ အတွေ့အကြုံများစွာနဲ့ ရင့်ကျက်လို့နေခဲ့ပါပြီ။
တော်သင့်သော ကိစ္စကြီးငယ်လောက်ကတော့ တုန်လှုပ်သွားခြင်း စိတ်လှုပ်ရှားမှုတွေ မဖြစ်တော့ပါဘူး။
ဘယ်ကိစ္စမဆို အောင်မြင်အောင်မလုပ်ဆောင်နိုင်ခဲ့သော်လည်း ရင်ဆိုင်ကာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဒုက္ခဆိုတာကို ကျွန်နော်ယနေ့အချိန်ထိ အခြားသောသူတစ်ယောက်က မေးမြန်လာခဲ့ရင် ဒုက္ခရဲ့ အတိမ်အနက်ကို သေခြာရေရာစွာ ကျွန်နော်ပြောမပြနိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒုက္ခဆိုတာကို ကျွန်နော်ယနေ့အချိန်ထိ မခံစားဖူးသေးလို့ပါပဲ။
အခက်အခဲပေါင်း မြောက်များစွာကိုတော့ ကြုံတွေ့ခဲ့ဖူးပါတယ်။
ဒါပေမယ့် တရားသဘောလေးနဲ့ပြောပြရရင် ဖြစ်ပြီးရင်ပျက် ပျက်ပြီးရင်ဖြစ် ဖြစ်ပြီးရင်ပျက်ဆိုတဲ့ သံသရာစက်ဝိုင်းမှာ အမြဲလည်ပတ်လို့နေတာပါပဲ။
ထိုသဘောလေးကို သေသေခြာခြာ လေ့လာသိမှတ်ကာ သိရှိထားမယ်ဆိုရင် သောကဆိုတာ ဖြစ်လာစရာအကြောင်းမရှိပါဘူး။
ကျွန်နော်တစ်သက်သာ ဖြတ်သန်းခဲ့တဲ့ကာလတလျှောက် လေးလဆိုတဲ့ အချိန်တစ်ခုလောက်အထိ အလုပ်မလုပ်ပဲနေထိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
အလုပ်မလုပ်ရရင် သေသွားမလောက်အထိ ကြောက်ခဲ့မိဖူးပါတယ်။
အလုပ်ဆိုတဲ့အရာတစ်ခုနဲ့ ရှင်သန်ရင်း လူတွေဖြတ်သန်နေကြရတာပါ။
အဓိက ကိုယ်လုပ်တဲ့အလုပ်မှရတဲ့ဝင်ငွေတစ်ခုပေါ့။
ဝင်ငွေမရှိရင် ရေရှည်ရပ်တည်နိုင်ဖို့မဖြစ်နိုင်ပါဘူး။
ထိုအတွက်ကြောင့် တစ်ချိန်ကကျွန်နော်ဟာ ဝင်ငွေရမယ့်အလုပ်ကို အချိန်အများဆုံးလုပ်ဆောင်ခဲ့တယ်။
အဲ့ဒီဝင်ငွေနဲ့ပဲ ကိစ္စကြီးငယ် အခက်အခဲများစွာကို ရင်ဆိုင်ဖြေရှင်းကာ ဖြတ်သန်းလာခဲ့တယ်။
လူငယ်ဆိုတဲ့ အသက်နှစ်ဆယ် နှစ်ဆယ်ငါးလောက်ကသာ ယခုလို လေးလလောက် အလုပ်မလုပ်ရဘူးဆိုရင် ကျွန်နော် ရူးသွားနိုင်လိမ့်မယ်ထင်တယ်။
ယခုလို လူကြီးပိုင်းအသက်အရွယ်ရောက်လာတော့ အတွေ့အကြုံတွေဆိုတာ လူတွေအတွက် ရင့်ကျက်ပြည့်ဝအောင် စွမ်းဆောင်နိုင်သော တန်ခိုးရှိပါသလားဆိုတာ ယခုသိလိုက်ရတယ်။
စိတ်အေးအေးထားပြီး ရင်ဆိုင်တက်လာတယ် ဖြေရှင်းတက်လာခဲ့တယ်။
စိတ်လှုပ်ရှားတက်ခြင်းကြောင့် မကောင်းတဲ့အကျိုးဆက်ကိုလည်း သိမြင်လာတယ်လေ။
ရးတဲ့စာတွေက ရှည်လျားနေပြီဆိုတော့ ကျွန်နော်တွေးနေတဲ့ စိတ်ကလေးကို ဒီနေရာမှာပင် ဖြတ်တောက်ကာ နိဂုံးချုပ်လိုက်တော့မယ်။ဒါပါပဲ
https://unsplash.com/photos/Zff-V01AnrE
@thura
Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!
Support Ecency
Vote for Proposal
Delegate HP and earn more, by @thura.