ဟို့.........ရှေ့ရှေ့တုန်းက ဆင်တစ်ကောင်နဲ့ ကျားတစ်ကောင်ရှိတယ်။
နေ့တစ်နေ့၏ မနက်ခင်းတစ်ခုတွင် ရေအိုင်ရှိရာသို့ ရေသောက်ဆင်းရင်း ေရအိုင်ကြီးအနီး၌ ဆင်နဲ့ကျားဟာ ဆုံတွေ့လိုက်ကြတယ်။
ထိုအချိန်မှာ ဆင်ကကျားကိုပြောပါတယ်။
ဤတောတောင်ထဲ၌ ငါသည် အကြီးဆုံးဖြစ်သည်။
ထို့အတွက်ကြောင့် ဤရေအိုင်ထဲရှိရေကို ငါအရင်ဆုံးသောက်မည်။
မင်းက ငါသောက်ပြီးမှသောက်ရမည်ဟု ဆင်က ကျားကိုပြောလိုက်လေသည်။
ကျားကလည်း ဆင်ကို ပြန်ပြောလိုက်သည်။
ဤရေအိုင်သည် ဤတောတောင်ထဲ၌ နေထိုင်ကြသော သတ္တဝါအားလုံးနဲ့ သက်ဆိုင်သည်။
ထို့အတွက်ကြောင့် ဘယ်သူမဆို သောက်သုံးနိုင်သည်ဟု ကျားကဆင်ကို ပြောလိုက်လေသည်။
သူတို့နှစ်ဦးသည် အချိန်ကြာစွာထိုသို့ ပြောဆို ငြင်းခုံနေကြရင်း နောက်ဆုံး၌ နှစ်ဦးလုံးဟာ ဒေါသစိတ်ကို မထိန်းနိုင်ကြတော့ပဲ တိုက်ခိုက်ကြပါတော့သည်။
ထိုအချိန်မှာ ဆင်နဲ့ကျားတို့ တိုက်ခိုက်နေကြသည်ကို ခွေးအတစ်ကောင်ကမြင်တွေ့မိတော့ ဒီနေ့တစ်ရက်စာအတွက်တော့ အစာရှာထွက်ရန်မလိုတော့ဘူးဆိုပြီး
ဆင်နဲ့ကျားတို့ နှစ်ဦး တိုက်ခိုက်နေကြသည်ကို အနီးအနားကနေ ချောင်းကြည့်ကာ စောင့်ဆိုင်နေလေသည်။
ဆင်နဲ့ကျားကလည်း အပြင်းအထန်တိုက်ခိုက်နေကြသည့်အတွက် ဘေးပတ်ဝန်းကျင်ကို သတိမပြုမိကြပေ။
သူတို့နှစ်ဦးဟာ တိုက်ခိုက်လို့ မောပန်းလာချိန်မှာတော့ တိုက်ခိုက်မှုကို ခဏလောက် ရပ်နားလိုက်ကြသည်။
ထိုအချိန်မှာ ဆင်နဲ့ကျားဟာ သူတို့နှစ်ဦး တိုက်ခိုက်နေသည်ကို ချောင်းပြီး စောင့်ဆိုင်းနေသော ခွေးအကို မြင်တွေ့လိုက်ရသည်။
ထိုအချိန်မှာ ဆင်နဲ့ကျားတို့၏ စိတ်၌ အသိတစ်ခုကို ကိုယ်ဆီရလိုက်လေသည်။
ထိုအသိတရားက ငါတို့နှစ်ဦး တိုက်ခိုက်နေခြင်းသည် အကျိုးမရှိ
ငါတို့နှစ်ဦးထဲက တစ်ဦး ရှုံးနိမ့်သေဆုံးသွားပါက အမြတ်ထုတ်ပြီး စားသောက်ရန် အသင့်စောင့်စားနေသည်။
နောက်ပြီး ငါတို့နှစ်ဦး ဖြစ်နေတဲ့ ကိစ္စသည် ဘာမှမဟုတ်တဲ့ သေးသေးမွှမွှကိစ္စလေးဖြစ်သည်။
နှစ်ဦးသား ပြေလည်အောင် ပြောဆိုရင် အဆင်ပြေသွားနိုင်မည်ဖြစ်သည်။
ထို့အတွက်ကြောင့် ဤရေအိုင်သို့ ဆင်နဲ့ကျားဟာ အတူတူရေသောက်ဆင်းကြမယ်လို့ နှစ်ဦးသား ဆုံးဖြတ်လိုက်လေသည်။
အနှစ်ချုပ်ကိုပြောရလျှင်ဖြင့် ဘာမှမဟုတ်တဲ့ ကိစ္စလေးကို ကြီးကြီးကျယ်ကျယ်ဖြစ်အောင် ဘာလို့လုပ်နေမှာလဲ
ဘာဖြစ်လို့ ရန်ဖြစ်စကားများနေကြမှာလဲ
ဘာဖြစ်လို့ တစ်ဦးနဲ့တစ်ဦးဟာ အတိုက်အခံလုပ်နေကြမှာလဲ
ဘာတွေက ဘယ်သူအတွက် ဘယ်လောက်ထိ အကျိုးရှိသွားနိုင်မှာလဲ။
သေးသေးမွှမွှအဆင်မပြေမှုတွေအတွက်နဲ့တော့ ရန်စောင်း တိုက်ခိုက် ရန်မှုမနေကြပါနဲ့။
အခြားသောသူတွေအတွက် အခွင့်အရေးပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။
အကောင်းဆုံးကတော့ ဘာမှမဟုတ်တဲ့ ပါမွှားကိစ္စလေးအတွက်လောက်ကို နှစ်ဦးနှစ်ဖက် နားလည်မှုတွေယူလိုက်တာဟာ အကောင်းဆုံး နဲ့ နည်းမှန် လမ်းမှန်ပါလို့ ရေးသားလိုက်ပါတယ်ခင်ဗျာ။
https://unsplash.com/photos/nizP9Lwl2rM
https://unsplash.com/photos/UIhc7sohnvc
@thura
Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!
Support Ecency
Vote for Proposal
Delegate HP and earn more, by @thura.
ဟုတ်ပါတယ်အကို ။ သူငယ်ချင်း မိတ်ဆွေကြားမှာ နားလည်မှုဟာ အရမ်း အရေးကြီးပါတယ်။
အဲ့ဒီနားလည်မှုက အဓိက အရေးပါဆုံးပဲဗျာ
ဆင်နဲကျားဟာ နားလည်မှုသာ မထားခဲ့ရင် ဝံပလွေအတွက် အခွင့်အရေးပေးလိုက်သလို ဖြစ်သွားနိုင်တယ်ဗျ