အားငယ်တဲ့စိတ်မထားပါနဲ့

in #ecency3 years ago

img_0.4869440153974763.jpg
အားငယ်ဆိုတာ မကောင်းတဲ့စိတ်

အားငယ်တဲ့စိတ်ကြောင့်

ဘာကောင်းကျိုးမှ မခံစားရပါဘူး

ထို့ကြောင့် ငါ့ဘော်ဒါတွေ များ

သူတို့တွေ များ ဘာတွေဖြစ်ကုန်ပြီ

ညာတွေဖြစ်ကုန်ပြီ

ငါ့ကျတော့ ဘာမှဖြစ်မလာသေး ပါလား

အစရှိသဖြင့် အားငယ်စိတ်က

တော်တော် များများ ဝင်တတ်ကြပါတယ်

အဲ့လို ဝင်စရာမလိုပါဘူး

သူတို့လည်း ထမင်းစား တို့လည်း ထမင်းစားပေမယ့်

ဘဝပေး ကုသိုလ်၊ ကံကြမ္မာကြောင့်

သူတို့မြန်မြန် ဖြစ်သွားကြတာပဲ

ကိုယ်က ဘဝရဲ့အဓိပ္ပါယ်ကို

သူတို့ စောစော စီးစီး ရှာမှီးခွင့် ရတယ်လို့ သဘော ထားလိုက်

ဘာကြီးဖြစ်မှ ညာကြီးဖြစ်မှ အောင်မြင်တယ်လို့ မခေါ်ဘူး

ကိုယ် ကျင်လည်နေရတဲ့ အခြေအနေ ထဲမှာ စိတ်အကျေနပ်ဆုံး

အကောင်းဆုံး ဖန်တီးလိုက်နိုင်ခြင်းကလည်း အောင်မြင်ခြင်း တစ်မျိုးပဲ။

ပြီးတော့မှ နောက်တစ်ဆင့် တက်ပေါ့

ဒီတော့ တွေးပြီး အားငယ်နေမယ့် အစား

သူတို့ထက်ပိုပြီး ကြိုးစားဖို့အားရှိနေလို့

နောက်ကျတယ်ဆိုတဲ့ ခံယူချက် ထားရပါမယ်

ဒါကြောင့်အားငယ်ဖို့မလိုပါဘူး။

@ukyawkyaw

Sort:  

အားငယ်စ်တ်မရှိပါဘူး

အေးပါကွာ