မဖားတတ်တဲ့ကျောင်းအုပ်ဆရာကြီးနှင့်
အဖားကောင်းတဲ့ကျောင်းအုပ်ဆရာမကြီး
✒✒✒✒✒✒✒✒✒✒✒✒✒✒
📰မဖွံ့ဖြိုးတဲ့ရွာလေးတစ်ရွာမှာ စည်းကမ်းရှိပြီးအသင်အပြ၊အုပ်ချုပ်မှုကောင်းတဲ့ ကျောင်းအုပ်ဆရားကြီးတစ်ယောက် ရောက်ခဲ့ပါရဲ့၊
အလုပ်တာဝန်ကိုလေးစားသူတစ်ယောက်ပေါ့၊ ဒါပေမယ့် လုပ်သက်မရှည်၊Eမိလို့အပြောင်းကျ ။အကြောင်းကတော့ လက်ထောက်ပညာရေးမူုးကျောင်းစစ်လာတာကို ယမကာရည်နဲ့မကြိုဆိုလို့၊အပြန်ခရီးစရိတ်မပေးလို့တဲ့။
အဲ့ဒီနှစ်ခုနဲ့Eပေးလိုက်တယ်ပေါ့။
အဖားမကောင်းတော့လည်း အန္တရာယ်များသကွဲ့။
📰အဖားကောင်းတဲ့ ဆရာမကြီးက အခုထိ ကျန်းမာဝဖြိုးအစားတိုးနေတုန်းပဲ၊တိုးနေမှာပေါ့၊ခရိုင်ကဆရာကြီးတွေနဲ့ကြုံတုန်း ကျောင်းကိုခေါ်ပြီး ပေးလိုက်တဲ့လက်ဆောင်၊
ကောက်ညင်းဆန်၁တင့်နှင့်ပိုက်ဆံဘယ်လောက်မှန်းမသိ၊စာအိပ်နဲ့ဆိုတော့။
မြိုနယ်လက်ထောက်ပညာရေးမှုးနဲ့ ကြုံပြန်တော့ ပေးလိုက်ပြန်ပေါ့၊ လက်ဆောင်တွေ
ဦးဂျမ်းပုဆိုးတစ်ထည်နဲ့ဘာတွေပေးမှန်းမသိ၊
ကျောင်းရှင်းတမ်းတွေလုပ်တော့ ဘယ်သူ့ကိုဘယ်လောက်ကန်တော့လိုက်တယ်၊သူ့ပိုက်ဆံနဲ့မဟုတ်၊ကျောင်းကရံပုံငွေနဲ့တဲ့။ဘယ်သူတွေဘာပြောဦးမလဲ၊ကြိုက်တဲ့နေရာတိုင်၊
ဂရုမစိုက်ဘူး။ ဘယ်ဂရုစိုက်ပါ့မလဲ၊အကုန်ဖားထားတာကို့။ကျောင်းကဆရာ/ဆရာမတွေလဲ
ရောက်တာတစ်နှစ်၊နှစ်နှစ်။အကြောင်းသိတော့အကုန်ပြောင်း၊သူ့အပေါ်ဖားတတ်မှသူက
ကြည်ဖြူတာ။အဖားမတော်တော့နှိပ်ကွတ်ခံရတာပေါ့။မခံနိုင်တော့ မတုချင် ဒါနဲ့ပြောင်။
ကျောင်းအတွက်နိုင်ငံတော်က ချပေးတဲ့ဘတ်ဂျက်၊ ကျောင်းမှာပြစရာမရှိ၊၊တုံရင်းတုံရင်းကျောင်းကမတိုးတက်လာ။ရွာကရံပုံငွေနဲ့
ကျောင်းအတွက်ဘတ်ဂျက်ဟာ သူ့မိသားစုစီးပွားရေးနဲ့သူ့သားကျောင်းစရိတ်တွေဖြစ်။
နိုင်ငံတော်ကစနစ်တွေပြောင်းလဲ၊ မပြောင်းလဲနိုင်တာကကျွန်တော်တို့ရွာက ကျောင်းအုပ်ဆရာမကြီးရဲ့အဖားတော်တဲ့စနစ်။

ရုံးထဲက ဖား
ဖားတဲ့ ဖားက ဖောင်း
မဖားတဲ့ ဖားက ပြား
မဖားတဲ့ ဖားကိုြေေပြောင်း
မစားတဲ့ ဖားက ပြုတ်...ဖားပြုတ်
မပြုတ်တဲ့ဖားက စား..စားဖား😜😜😜
......