ခွးတောက်ပင်ကိုမြင်ဖူးကြပါသလား။နွယ်ပင်မျိုးဖြစ်သည်။ထိုဟာ၏အရွက် အဖွင့် အဖူးတို့ကို့ကြော်၍တမျိုး ချက်၍တဖုံ ပြုတ်ပြီးအတို့အမြှုတ်လုပ်၍တမျိုးအမျိုးမျိုးပြုလုပ်စားသုံးကြပါသည်။ ခါးသက်သောအရသာရှိသည်။
ထိုဟာကိုမည်သို့စိုက်ပျိုးကြပါသနည်။
.
၁။အစေ့မှပျိုးယူခြင်း
၂။ကိုင်းဖြတ်ပျိုးယူခြင်း
ဟူ၍နည်းနှစ်နည်းဖြင့်ပျိုးယူစိုက်ပျိုးနိုင်ပါသည်
၁။အစေ့မှပျိုးယူခြင်း
ပျိုးစေ့မျာရကိုရေတနာရီခန့်စိမ်ထားပါ
သဲသို့မဟုတ်စက်ဖွဲပြာကိုအရိပ်ကျသည့်နေရာတွင်ဘောင်လုပ်ရေဝအောင်လောင်းထားပြီးရေစိမ်ထားသည့်
ဂွေးတောက်မျိုးစေ့ကိုပါးပါးဖြူးပေးပါ
ယင်းပျိုးဘောင်လေလုံအောင်ပလပ်စတစ်အကြည်စဖြင့်ဖုံးအုပ်ထားပေးပါ
၃ရက်ခန့်အကြာတွင်အညှောင့်လေးများပေါက်လာပါမည်
အညှောင့်ပေါက်လာသည့်ဂွေးတောက်မျိုးစေ့များကိုအသင့်ပြုလုပ်ထားသည့် ၆×၈ပျိုးအိပ်ထဲသို့ပြောင်းရွှေ့ပေးပါအစေ့ကိုအိပ်အပေါ်ယံတွင်အသာချပြီးစက်ဖွဲပြာမရှိပါကမြေသို့သဲံဖြင့်ဖုံးယံသာဖုံးထားပေးပါ
ဂွေးတောက်မျိုးအညှောင့်ပေါက်ခါစကိုပျိုအိပ်ထဲမထည့်မှီရေကြိုတင်လောင်းထားပေးရပါမည်
ပြီးမှအပေါ်ယံမြေဖွဲပြာစိုယုံလေးရေဖြန်းကရိယာဆေးဖြန်းပုံးတို့ဖြင့်ဖြန်းပေးပြီးအရိပ်အောက်တွင်ထားပေးပါ
နေ့စဉ်မြေအစိုအခြောက်ကိုကြည့်ပြီးဆေးဖြန်းပုံးဖြင့်ရေမှုန်လေးဖြန်းအေးပါ
အရိပ်ထဲ၃ရက်ခန့်ထားပါကအပင်လေးများပေါက်လာပါမည်အရွှက်နှစ်ရွှကာခန့်ထွက်လာပါကနေရောင်အောက်သို့ပြောင်းရွှေ့ပေးပါ
အပင်အရွှက်၎ ၅ ရွှက်ခန့်ထွက်လာပါကအသင့်ပြုလုပ်ထားသောစိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါပြီ
၂။ကိုင်းဖြတ်ပျိုးယူစိုက်ပျိုးခြင်း
ဂွေးတောက်ကိုင်းအဆစ်တဆစ်လျင်တပင်ပျိုးယူနိုင်ပါသည်အဆစ်မှအောက်သို့၅လက်မခန့်အဆစ်တိုင်းဖြတ်ယူစုဆောင်းပါ
၎င်းအဆစ်တခုစီပါသောဂွေးတောက်ကိုင်းများကို အသင့်ပြုလုပ်ထားသော ၆ ×၈ပျိုးအိပ်များကိုရေဝအောင်လောင်းပြီးပျိုးအိပ်အလယ်တွင်ထမင်းစားသည့်တူချောင်းဖြင့်မြေကြီးကိုထိုးချကာအပေါက်ဖြစ်အောင်လုပ်ပြီးဂွေးတောက်ကိုင်းကိုအဆစ်ပါသည့်ဘက်ကို၁လက်မခန့်ဖော်ထားပြီးအရင်းဘက်ကိုတူချောင်းဖြင့်အပေါက်ဖော်ထားသည့်နေရာတွင်ထိုးထည့်ကာမြေကိုကြပ်နေအောင်ဖိထားပေးပါ
ဂွေးတောက်ပျိုးကိုင်းထည့်ပြီးသည့်ပျိုးအိပ်ကိုအရိပ်အောက်တွင်ထားပေးပါ
နေ့စဉ်မြေအခြောက်အစိုကိုကြည့်၍ဆေးဖြန်းပုံးဖြင့်ရေလိုသလောက်ဖြန်းပေးပါ
၁၀ရက်ခန့်အကြာတွင်ရွှက်သစ်များထွက်လာပါမည်
အမြစ်များကတလခန့်မှထွက်လာမည်ဖြစ်၍
၄၅ရက်ကျော်မှမြေချစိုက်သင့်ပါသည်
မြေချစိုက်ပျိုးရာတွင်ပင်ခြား၂ပေ တန်းခြား၎ပေခန့်စိုက်ပျိုးသင့်ပါသည်
အပင်ကိုတအားမကြီးစေဘဲ
၎ပေအောက်ထားရှိကာ
ခြုံဝီုင်းသဖွယ်ဖြစ်အောင်စိုက်ပျိုးယူပါကခူးယူရလွယ်ကူ
ပြုစုရလွယ်ကုမည်ဖြစ်ပါသည်။
photo credit
knowledge
Thanks teacher
Thant you @yemon
for your support.
Happy.
Knowledge
good
good
good
good