![image](https://img.esteem.ws/gc01f93utl.jpg)
photo credit
စွန်ပလွန် ပင်သည် ရေကြီးခြင်း၊ မိုးခေါင်ရေ ရှားခြင်း၊ ရေခမ်း ခြောက်ခြင်း၊ အပူချိန် လွန်ကဲခြင်း၊ အအေးလွန် ကဲခြင်းတို့ကို
ခံနိုင်ရည် ရှိသော အကြမ်းခံ စက်မှု သီးနှံ သာမက အသင့် စားသုံးနိုင်သော စားသောက်ကုန် နှစ်ရှည်သီးပင်ဖြစ်ပါသည်။
အပူချိန် ၅၀ ဒီဂရီ စင်တီ ဂရိတ်တွင် အခြားသစ်ပင်တို့ အတွက် သင့်တော်သော အပူချိန်မဟုတ်သော် လည်း စွန်ပလွန်ပင်
အတွက် ပြဿနာ မရှိ သလို ရေခဲလုနီးပါး အအေးဒီဂရီသည်လည်း စွန်ပလွန်ပင်အတွက် ပြဿနာမရှိပါ။ မြန်မာနိုင်ငံတွင်
အများ အားဖြင့် မြင်တွေ့ နေရသော ထန်းပင်များသည် လူ၏ လုပ်အားများစွာ စိုက်ထုတ်မှသာ ထန်းရည်၊ ထန်းလျက်နှင့်
ထန်းပင်ထွက်ကုန်များ ရရှိသည်။
ထန်းပင်ကို စီးပွားဖြစ် စိုက်ပျိုး၍ စက်မှုကုန်ကြမ်းသီးနှံအဖြစ် အသုံးပြုနိုင် သော အပင်မဟုတ်ဟု စီးပွားရေးပညာရှင် များက
သတ်မှတ်ထား ပါသည်။ စွန်ပလွန်ပင်သည် လူ၏ လုပ်အား အလွန်နည်းပါးစွာဖြင့် စီးပွားဖြစ် စိုက်ပျိုး နိုင်သော အပင်ဖြစ်သည်။
တစ်နှစ်လျှင် သာမန်အားဖြင့် ငါးရက်ခန့်သာ အလုပ် လုပ်ရသော စွန်ပလွန်ပင်နှင့် နေ့စဉ်ထန်း တက်ရသော ထန်းပင်တို့၏ လူ
လုပ်အား လိုအပ်မှုသည် သိသာစွာကွာခြားလွန်းလှ သည်။ ကမ္ဘာတွင် ထန်းသီးစည်သွပ်ဘူး အနည်းငယ်မျှ ဈေးကွက်ရှိသည်မှ
အပ အခြားတိုးတက်ဖွံ့ဖြိုးသော မည်သည့်နိုင်ငံ တွင်မဆို ထန်းပင်ကို စီးပွားဖြစ် စက်မှု ကုန်ကြမ်းသီးနှံ အဖြစ် အသုံးမပြုနိုင်ပါ။
စွန်ပလွန်ပင်ကို စီးပွားဖြစ် စက်မှု ကုန်ကြမ်း သီးနှံ အဖြစ် စိုက်ပျိုးရာတွင် (၁) မြေသြဇာ ကျွေးခြင်း၊ (၂) ၀တ်မှုန်ကူးခြင်း၊ (၃)
အသီးကြီး စေရန် သီးထပ်များကိုေ>ခ ပေးခြင်း၊ (၄) အသီးခိုင်များကို ခွတ်ယူဆွတ် ခူးခြင်း၊ (၅) ထုပ်ပိုး၍ ဈေးကွက်သို့ တင်ပို့
ခြင်း စသည်ဖြင့် တစ်နှစ်လုံးတွင် ၃၆၅ ရက်ရှိသည့်အနက် ငါးရက်ခန့်သာ လူ၏ လုပ်အားလိုအပ်ခြင်း လမ်းပန်းဆက်သွယ်ရေး
ခက်ခဲသောနေရာ သာမန်သီးနှံများ စိုက်ပျိုးရန် မဖြစ်နိုင်သောနေရာ၊ ရေတက် ရေကျ မြန်ဆန်သော၊ အချိန်မမှန်သော သဘာဝ
ဘေးအန္တရာယ်များသည့် နေရာ များတွင် စီးပွားဖြစ် စိုက်ပျိုးရန် သင့်တော် သော အပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အလေ့ကျပေါက်၍ သီးပွင့်နေသော စွန်ပလွန်ပင်များကို နေရာ အနှံ့ တွေ့မြင်နိုင်သည်။ ရှမ်းပြည်နယ်၊ နောင်
ချိုမြို့မှ သီးနေသော စွန်ပလွန်ပင်၊ ပြင်ဦး လွင်မြို့ရှိ စွန်ပလွန်ပင်၊ မန္တလေးမြို့လမ်း ဘေးတွင် လွယ်ကူစွာမြင်တွေ့နေရသော စွန်
ပလွန်ပင်များကို အလေ့ကျပေါက် စွန်ပလွန် ပင်များအဖြစ် သတ်မှတ်နိုင်ပါသည်။ လူစိုက်ထားသော စွန်ပလွန်ပင်များအား အ
လှ စိုက်ထားသည်ကို တွေ့မြင်ရုံ သာမက အသီးများ ဝေဆာစွာ သီးနေသည် ကို တွေ့ရပါသည်။ စွန်ပလွန်ပင်သည် မြန်မာနိုင်ငံ
တွင် စိုက်၍ရသော စိုက်ပျိုးရန် သင့်တော်သော စီးပွားဖြစ် စားကုန်သီးနှံ စက်မှုကုန်ကြမ်း သီးနှံအဖြစ် နေရာဒေသအလိုက်
သတ်မှတ် သင့်ပါသည်။
သက်ဆိုင်ရာ အာဏာပိုင် တို့၏ အားပေး ကူညီမှုနှင့် ပံ့ပိုးမှု ရရှိပါက တိုင်းပြည်၏ စီးပွားရေးကို အထောက် အကူပြုနိုင်သော
နှစ်ရည် သီးနှံပင်အသစ် တစ်ခုဖြစ်သည်။ စိုက်ပျိုးချိန် ငါးနှစ်မှ ခြောက်နှစ်ကြာလျှင် သီးပွင့်မည်ဖြစ်ပြီး အပင်သက်တမ်းမှာ နှစ်
၈၀ မှ နှစ် ၁၀၀ ခန့်ရှိသည်ဟု ကျွမ်းကျင်သူ ပညာရှင်များ ၏ မှတ်တမ်းမှတ်ရာများကို လေ့လာ သိရှိရပါမည်။ ဆင်းရဲသားများ
အတွက် သာမန်စိုက်ပျိုး၍ မဖြစ်သော မြေယာများ တွင် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ထွက်လာစေသလို စီးပွား
ရေးတိုးတက် လာ၍ နယ်မြေဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပါသည်။ စွန်ပလွန်ပင်နှင့် ပတ်သက်သော နည်းပညာ အချက်အ
လက်များ၊ မှတ်တမ်းမှတ် ရာများနှင့် ကမ္ဘာ့အဖွဲ့အစည်းများမှ ထုတ် ဝေထားသော စာအုပ်စာတမ်းများကို ဦးကျော်နိုင်၊ နွေရာ
သီနည်း ပညာသင်တန်း များ၊ အမှတ် စ၂(၇၁^၇၂) ရပ်ကွက်ကြီး ၁၀၊ ရတနာလမ်းနှင့် သိင်္ဂီလမ်းအကြား၊ ကား ကြီးကွင်းအနီး၊
ပဒေသာမြို့သစ်၊ ပြင်ဦးလွင် မြို့သို့ ဆက်သွယ်၍ ရယူနိုင်ပါသည်။
စွန်ပလွန်သီးသည် ဂျုံ၊ ဆန်၊ ပလော ပီနံကဲ့သို့ အဓိကအစားအစာမဟုတ်သော် လည်း အဓိကအစားအစာအဖြစ် စားသုံးနိုင်
သည့် အသုံးဝင်အကျိုးပြုသည်။ သရက်သီး၊ စပျစ်သီး စသည်ကဲ့သို့ အရန်အစားအစာ စက်မှုကုန်ကြမ်း သီးနှံအဖြစ်လည်း
အသုံး ပြုနိုင်သည်။ အဆီပါဝင်မှု နည်းသော ကြောင့် ကျန်းမာရေးအထောက်အကူပြု အစားအစာအနေနှင့် တန်ဖိုးရှိသလို
မုန့် လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ အချို ရည်လုပ်ငန်း အစရှိသည်တို့အတွက် သဘာဝအချိုဓာတ် ၈၀ ရာခိုင်နှုန်းခန့်
ပါဝင်သည်။ စွန်ပလွန်သီးကို အိမ်ရှင်မများ၏ လိုအပ်ချက်အတိုင်း အစေ့တွင် အသားထုပ်၊ လှီးဖြတ်ခြင်း အခြားသီးနှံများနှင့်
ရော၍ ယိုထုတ်ခြင်း၊ ဂျယ်လီလုပ်ခြင်းများ ပြုလုပ် နိုင်ပါသည်။
စွန်ပလွန်သီးကို အနှစ်တိုက် ကျိုချက်၍ Date Syrup ပြုလုပ်နိုင်သည်။ Date Syrup ကို ရေခဲမုန်လုပ်ငန်း၊ ဖျော်ရည်လုပ်
ငန်းနှင့် မုန့်လုပ်ငန်းမျိုးစုံတွင် အသုံးပြု သည်။ လတ်ဆတ်သော စွန်ပလွန်သီးကို နွား နို့၊ နို့ချဉ်၊ ထောပတ်၊ ဒိန်ခဲ စသည်တို့နှင့်
ရောစပ်၍ အစားအစာများစွာ ပြုလုပ်နိုင် သလို စွန်ပလွန်သီး၊ ထောပတ်နှင့် ပျားရည် သည် ဆေးဘက်ဝင်အစားအစာ တစ်ခု
ဖြစ်ပါသည်။ စွန်ပလွန်သီး၏ သဘာဝအချို ဓာတ်သည် သခွား၊ သခွားမွှေး၊ နာနတ်၊ လိမ္မော် အစရှိသည့် သစ်သီးများနှင့် တွဲ
ဖက်ထားပါက ပိုမိုထူးကဲသော အရသာကို ရရှိစေပါသည်။ အရှေ့အလယ်ပိုင်းဒေသ၏ မိရိုး ဖလာ မုန့်လုပ်ငန်းများတွင် စွန်ပ
လွန်သီး၊ နွားနို့၊ ဂျုံမှုန့်၊ ထောပတ်တို့ များသော အားဖြင့် ပါဝင်ကြသည်။ ချောကလက်နှင့် တွဲဖက်ထားသော စွန်ပလွန်သီးမှုန်
့များ၊ ချောကလက်ခဲများသည်လည်း လူကြိုက် များသော အစားအစာတစ်ခုဖြစ်ပါသည်။
စွန်ပလွန်သီးအစေ့များကို ကြိတ်ခြေ ၍ တိရစ္ဆာန်အစာအဖြစ် မျိုးစုံအောင် သုံး နိုင်သည်။ စွန်ပလွန်သီးတွင် ပါဝင်သော သဘာ
ဝ အချိုကို အော်ဂဲနစ်အက်စစ်အဖြစ် ပြောင်းလဲ၍ ရှာလကာရည်ကဲ့သို့သော မီးဖို ချောင်သုံးဟင်းချက်ရန် ပစ္စည်းများ ထုတ်
လုပ်ခြင်းဖြင့်လည်း လုပ်ငန်းအသစ်များ အလုပ်အကိုင်အသစ်များအတွက် ပေါ်လာ နိုင်ပါသည်။ စွန်ပလွန်၏ ပင်စည်မှ အသား
ကို သစ်သားအဖြစ် အသုံးပြုနိုင်ပါသည်။ စွန်ပလွန်အရွက်၏ ရိုးတံကို အပေါ့ စား လူသုံးကုန်နှင့် တိရစ္ဆာန်ဝန်တင်ရန် ပုခက်စ
သည်တို့ ပြုလုပ်နိုင်သည်။ စွန်ပလွန်ရွက်များကို အိမ်အမိုးလုပ် ရန် သက်ကယ်ကဲ့သို့ပြုခြင်း၊ ကြိုးကျစ် ခြင်း၊ ခြင်းတောင်း၊ ဦးထုပ်
အစရှိသည် တို့ကို လျှော်ရက်သကဲ့သို့ ရက်၍ လူ့အသုံး အဆောင်များ ပြုလုပ်လေ့ရှိပါကြောင်း ရေး သားလိုက်ရပါသည်။
ဦးကျော်နိုင်
အတွဲ (၁၁) အမှတ် (၁၅၅)၊ ဇူလိုင် ၆ – ၁၂၊ ၂၀၁၅ ခုနှစ် The Farmer ဂျာနယ်။
ပညာရေးနှင့်အထွေထွေဗဟုသုတ
good
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.facebook.com/747856448666937/photos/pcb.1282378125214764/1282377835214793/?type=3
Yes, please give me"upvote ".