အစွယ်လိုသူမိဖုရားတဲ့....
ကျမတကယ်လိုချင်ခဲ့တာက
မင်းဆဒ္ဒန်ရဲ့အချစ်တစ်ခုတည်းရယ်ပါ...
အင်ကြင်းပန်းမှာ ခါချဉ်လေးကပ်ရုံနဲ့
ကမ္ဘာအဆက်ဆက်
သုဘဒ္ဒါမုန်းရက်ခဲ့တာမဟုတ်ပါဘူး
ပြိုင်ဘက်နဲ့ ယှဉ်ရင် အချစ်တွေအကုန်အစင်မရခဲ့လို့
သုဘဒ္ဒါရင်မှာ နာကျင်ကြေကွဲခဲ့ရတာပါ....
ဒါတွေကို ရှင်နားလည်ရဲ့လား မင်းဆဒ္ဒန်....