" ငွေဓာတ်ဖွင့်ပုံ အစီအစဉ် "
လိုအပ်သော ပစ္စည်းများ ။
၁ - ကြွေပန်းကန်ပြား အသေးတစ်ချပ် ၊
၂ - ဇော်စိမ်း ၃ညွန့်
၃ - ပျဉ်းမ ၅ ရွက် + ရွက်လှ ၄ရွက်
၎ - ငွေစက္ကူ ၅၀၀ ကျပ်တန် တစ်ရွက် ။
၅ - ဖန်ခွက်တစ်လုံး ။
ပြုလုပ်ပုံ ။
၁ - ကြွေပန်းကန်ပြားထဲသို့. ပျဉ်းမရွက် ၅ရွက်နှင့် ရွက်လှ၎ရွက်အား ပက်လက်လှန်၍ ထည့်ပါ ။ အရွက်ဖျားများသည် တစ်လက်တည်းဖြစ်နေရမည် ။
၂ - ထိုခင်းထားသော အရွက်ပေါ်သို့ ငွေစက္ကူ ၅၀၀တန်အား ဖြန့်၍ တင်ရမည် ။
၃ - ထို ငွေစက္ကူပေါ်သို့ ဖန်ခွက်တစ်လုံးအား ရေထည့်၍တင်ပါ ။
၎ - ထိုဖန်ခွက်ထဲသို့ ဇော်စိမ်း၃ညွန့်အား ထိုးရမည် ။
၅ - ထိုဓာတ်ဆင်သောပွဲအား ကောင်တာ ၊ အမြင့်တစ်နေရာ ( ခေါင်းရင်းဘက်သန့်ပြန့်သောနေရာ ) ၊ ဘုရားကျောင်းဆောင်ရှေ့တွင် ငွေကြေးလာဘ်လာဘတွေ အဆင်ပြေပြေနဲ့ဝင်လာပါစေဟု ဆုတောင်း၍ တင်ထားရမည် ။
၆ -ပြီးလျှင် ဒိဝါတပတိဂါထာတော်မြတ်အား ၁၀၈ခေါက်ရွတ်ဖတ်ပါ ။
၇ - ဤ ဓာတ်ဆင်ခြင်းအား
တနင်္ဂနွေနေ့ နံနက် ၆နာရီမှ ၇နာရီခွဲအတွင်း ပြုလုပ်၍ ကြာသာပတေးနေ့ နံနက် ၆နာရီမှ ၇နာရီခွဲတွင် နောက်တစ်ကြိမ် အသစ်လဲလှယ်၍ ပြုလုပ်ရမည် ။
စတင်ပြုလုပ်သည့်ရက်မှ ကြာသာပတေးနေ့မနက် ပြန်မလဲမီ အချိန်အတွင်း ဒီအတိုင်းသာထားရမည် ။
ပြုလုပ်ပုံအား အောက်ပါပုံများတွင်ကြည့်ပါ ။
ဤ ဓာတ်ဆင်ခြင်းအား အခက်အခဲရှိသူ မည်သူ့ကိုမဆို ပညာဒါနအဖြစ် အခမဲ့ ပြန်လည်လက်ဆင့်ကမ်း ပေး၍ အသုံးပြုခွင့်ရှိသည် ။
ထိုသို့မဟုတ် အခကြေးငွေ အသပြာတို့ဖြင့်ပေးခြင်း ၊ လုပ်စားခြင်း၊ ပြုပြင်၍ဖျက်စီးသုံးစွဲမှူ့များရှိခဲ့သော် ပြုလုပ်သူနှင့်တကွ မိသားစုအားလုံး ငရဲမီးပူသကဲ့သို့ ပူလောင်ပါစေသော်ဝ်။ မသေမီကာလ လူလုံးမလှဖြစ်ပါစေသော် ။ သေသည့်နောက်ပိုင်း ငရဲမှ ပြန်မတက်တမ်း ခံရပါစေသော်ဝ် ။
လူ့ဘဝ လူအဖြစ်ပြန်ရသည့်တိုင် သူများပေးမှ ကမ်းမှစားရသော အပူကြီးသည့် ထမင်းလုတ်ဖြစ်ပါစေသော်ဝ် ။ မျက်ရည်လည်ရွှဲ ဘဝကို ဖြတ်သန်းရကာ
သောကအပူမီးတောက်လောင်ပါစေသော် ။ ဤသည်မှာ ကျွနုပ်၏ ကျိန်စာတည်း ။
ဤ ယတြာဓာတ်ဆင်ခြင်းသည် ကျွနုပ်သုံးစွဲနေသော
ဓာတ်ဆင်ခြင်းဖြစ်သည် ။
Credit# ရှေးဟောင်းပညာရပ်များ
MSO-34 (@aungpaing)
Congratulations @aungpaing! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP