အလှူပွဲနှင့်မိန်းမပျိုများသည်ခွဲခြား၍မရပါ။အလှူလှည့်ရာတွင်ကာလသားများသည် ဘုရားထီးတော်မိုး သာ့သနာ့အလံကိုင်ကိုင်ဆောင်သူ စသည်ဖြင့်သူ့နေရာနှင့်သူ လိုက်ပါကြပါသည်။ ရွာမှ အပျိုခေါင်းဆောင်သည် အုပ် ပွေ့ရပါသည်။ မိန်းမပျိုလေးများအား သူ့နေရာနှင့်သူလှည့်လည်လိုက်ပါရန်လဲစီစဉ်ပေးရပါသည်။ အလှူပွဲတွင်ကွမ်းတောင်ကိုင်မိန်းကလေးမှာ အတင့်တယ်ဆုံးကျက်သရေရှိဆုံးဖြစ်ပါသည်။
ဖက်စိမ်းကွမ်းတောင်ကို မိန်းကလေးတိုင်းကိုင်ဆောင်ခွင့်မရှိပါ။ရပ်ရွာမှ သည်မိန်းကလေးသည် ကွမ်းတောင်ဖြစ်ထိုက်သည်ဟု ဝိုင်းဝန်းရွေးချယ်ကြခြင်းဖြစ်ပါသည်။ ဖတ်စိမ်းကွမ်းတောင် ကိုင်မိန်းကလေးတသ်ဦးတွင်ရှိရမည့်အရည်အချင်းများမှာ ရုပ်ရည်ချောမောလှပသူဖြစ်ရပါသည်။ မိဘများသည်ငွေကြေးအသင့်အတင့်ချမ်းသာသူဖြစ်ရပါမည်။ မိန်းကလေးသည်လိမ္မာယဉ်ကျေ၍ ဂုဏ်သိက္ခာရှိသူဖြစ်ရပါမည်။ ရည်းစားသနာမရှိရပါ။ လျှပ်ပေါ်လော်လီသော မိန်းမလေးမျိုးမဖြစ်ရပါ။ မိဘများသည်ငယ်လင်ငယ်မယားဖြစ်ရပါမည်။ ငယ်လင်ငယ်မယားမှမွေးဖွားလာသော မိန်းကလေးဖြစ်ရပါမည်စသည့်အရည်အချင်းများနှင့်ပြည့်စုံပြီး ရပ်ရွာမှ သည်မိန်းကလေးတော့ဖြင့်ဖက်စိမ်းကွမ်းတောင်ကိုင်ဖြစ်ထိုက်သည်ရွေးချယ်ကြခြင်းဖြစ်ပါည်။
ရွာ၏အပျိုခေါင်းဆောင်မှ ဖက်စိမ်းကွမ်းတောင်အား ငှက်ပျောရွက်နုများဖြင့် ကော့ညွတ်လှပနေအောင်ထိုးပေးခြင့်းဖစ်ပါသည်။ ကွမ်းတောင်ချိုးပြီအလှူမဏ္ဍပ်ထဲရှိဘုရားစင်ရှေ့တွင်တင်ထားရပါသည်။ အလှူလှည့်သောအခါ ဖက်စိမ်းကွမ်းတောင်ကိုကျော့နေအောင်ပွေ့၍ အလှူလှည့်လိုက်ပါရပါသည်။ ကွမ်းတောင်ကိုင်မိန်းကလေးသည် အလှူစလှည့်သည်မှစ၍ အလှူလှည်ပြီးမဏ္ဍပ်မရောက်မချင်း ဖက်စိမ်းကွမ်းတောင်ကို အောက်ချခြင်း လွှဲပြောင်းကိုင်ဆောင်ခြင်းမပြုရပါ။ ကွမ်းတောင်ကိုင်အမျိုးသမီး အိမ်ထောင်ပြုတော့မည်ဆိုသောအခါ ရပ်ရွာမှ နောက်ထပ်ရွေးချယ်မည့် မိန်းမပျိုအား လွှဲပြောင်းပေးရပါသည်။
ဆက်ရန်......
Photo;Credit
MSU
NO;17
Nice
ဗဟုသုတ တွေအများကြီးရပါတယ် bro
အောင်မြင်ပါစေ @aggamun
ဗဟုသုတတွေရပါတယ်ဆက်ရေးပါ။ အောင်မြင်ပါစေ
Good post
MSU 018
MSU 042