ဒိုင်ယာရီ

in #esteem7 years ago (edited)

FB_IMG_1520442542159.jpg

Sasha's daughter, Sophie Young, was born on this day (May 2) in 1961.Sophie nursed her mother during her last illness and remembers that "this poem was written towards the end of Sasha's illness,when her condition had deteriorated after a period of remission.She refused to let the pain and weakness of her body prevent her from writing poetry, and she was still able to see the beauty in everything.The week before she died, she wrote these few lines in her diary:

  ဆာရှာရဲ့ သမီးဖြစ်တဲ့ ဆိုဖီယန်းက သူ့အမေ နောက်ဆုံး နေထိုင်မကောင်းဖြစ်နေချိန်မှာ ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ခဏလောက် ပြန်သက်သာသလို ဖြစ်ပြီးမှ ဆာရှာရဲ့အခြေအနေက လုံးဝ ဘုန်းဘုန်းလဲ ပြိုကျပျက်စီးသွားတယ်။ နာမကျန်း နေထိုင်မကောင်းမှု အဆုံးသတ်ချိန်ဆိုက်လာချိန်မှာ ဒီကဗျာလေးကို သူ့အမေရေးခဲ့တာ ဆိုဖီက အမှတ်ရနေတယ်။ ဆာရှာက သူ့ခန္ဓာကိုယ်ကြီး ဝေဒနာတွေနဲ့ ဘယ်လောက်ပဲ နွမ်းယဲ့ချိနဲ့နေနေ ကဗျာအရေးကိုတော့ အဟန့်အတားမဖြစ်စေခဲ့ဘူး။အရာရာမှာ အလှတရားကို မြင်အောင်ကြည့်နိုင်ဆဲပဲ။ (ဆီးမနိုင်၊တားမရ ဖောက်ပြန်နေတဲ့ ရုပ်ကြီးကို၊ကိုယ်ကောင်အတ္တဘောကြီးကို

အပြစ်မတင်၊အပြစ်မြင်ဘဲ နားလည်သိမြင်မှုတွေနဲ့ အနိုင်ပေးခဲ့လိုက်သေးတယ်)။သူမသေခင်တစ်ပတ် သူ့ဒိုင်ယာရီထဲမှာ ခုလို တစ်ကြောင်းစ၊နှစ်ကြောင်းစ ရေးသွားခဲ့သေးတယ်။

FB_IMG_1520442545434.jpg

*"Skin now soft and bloated can take
Any impression like the cliffs at Lyme Regis.
On the side of my knee a beautiful shell
Fans itself out like an ammonite."

*ပွယောင်းရွဲရိ အထိမခံလေတော့တဲ့ အရေပြားဟာ
Lyme Regis က ကျောက်တောင်စောင်းများလို
ဘယ်နည်းနဲ့မဆို ခမ်းနားလို့ထည်ဝါ။
ငါ့ဒူးစပ်နားမှာတော့
ကြော့မော့လှပတဲ့ အခွံတစ်ခုဟာ
ပင်လယ်ခရု ရုပ်ကြွင်းလို သူ့ကိုယ်သူဖြန့်ခင်းလို့။

                               (တင်ဇော်မိုး)

photo ; google

![FB_IMG_1520442549913.jpg]
()

Sort:  

ငါက တစ်ဖက်
လောက ကတစ်ဖက်...မြင်
လောက ကို ထိုးနှက်ချင်တိုင်း
ထိုးနှက်နေတော့