ကြိုးစားဖို့ အခွင့်​အ​ရေးတစ်​ခု

in #esteem6 years ago

သူများ​တွေအတွက်​​တော့ ဟာသတစ်​ပုဒ်​ဖြစ်​​ကောင်းဖြစ်​နိုင်​​ပေမယ့်​ ကိုယ့်​အတွက်​​တော့ အိမ်​မက်​တစ်​ခုရဲ့ နိဒါန်းလိုပါပဲ။

စာ​ရေးဆရာ အညိုဆိုတာ ဝတ္ထုတိုများစွာကို​ရေး​နေသူ ဟိုတ​လောက အရိပ်​ဇာတ်​လမ်းတွဲက အရိပ်​ဝတ္ထုကို​ရေးခဲ့တာ နာမည်​​ကျော်​စာ​ရေးဆရာမကြီး ဆရာမ မစန္ဒာရဲ့ ​ထောက်​ခံမှုကို အပြည့်​အဝ ရထားတဲ့ တက်​သစ်​စ ရသစာ​ရေးဆရာ​တွေထဲမှာ နာမည်​ရ စာ​ရေးဆရာတစ်​​ယောက်​​ပါ။
ဆရာ အညိုက သူ ဂျာနယ်​အယ်​ဒီတာလုပ်​တုန်းက ကျွန်​မရဲ့က​ဗျာ​အချို့နဲ့ စာမူတစ်​ပုဒ်​ကို ထည့်​သုံးဖူးတယ်​။ အခုလည်း ကျွန်​မရဲ့ က​ဗျာ​လေး​တွေကို ​ပေးဖတ်​ဖို့ ​ပြော​နေတတ်​တဲ့ စာ​ရေးဆရာ အညိုက အခုလို ဝတ္ထုတို ဝင်​ပြိုင်​ဖို့ လာ​ဆော်​​သြ​တော့ ကိုယ့်​ကိုယ်​ကိုယ်​ ဝမ်းနည်းရမလား ဝမ်းသာရမလား မ​ပြောတတ်​​တော့ဘူး။
ဝတ္ထုတို​ရေးဖို့ ကျွန်​မမှာ ကုန်​ကြမ်းရှိ​မ​နေဘူး။
ဝတ္ထုတိုရဲ့ သ​ဘောတရားသုံးခုမှာ ကျွန်​မအကြိုက်​ဆုံးက အခန်းတစ်​ခုကို ပုံရိပ်​တစ်​ခုအဖြစ်​ တိတိကျကျ ပုံ​ဖော်​ရတာကိုပါ။
ဇာတ်​​ကောင်​ရဲ့ ဘဝတစ်​စိတ်​​တစ်​​ဒေသနဲ့ပုံ​ဖော်​ပြီး ဝတ္ထုရှည်​ဖက်​သန်းလို့ရတာမျိုးကိုလည်း ကြိုက်​ပါတယ်​။
ဇာတ်​​ကောင်​ရဲ့ အဇ္ဈတ္တကို ပုံ​ဖော်​ရတာမျိုးကိုလည်း သ​ဘောကျပါတယ်​။ ဒါ​ပေမယ့်​ အပိုင်း​လေးတစ်​ခုနဲ့ အားလုံးကို ပုံဖော်​ သွားတဲ့သ​ဘောတရားကို​တော့ အကြိုက်​ဆုံးပါပဲ။
ဒါ​ပေမယ့်​ ကျွန်​မအားသန်​တဲ့ ​ရေးသားခြင်းက ဇာတ်​​ကောင်​ရဲ့ လှုပ်​ရှားမှုနဲ့ အကျဉ်းချုပ်​ သရုပ်​​ဖော်​ခြင်း ဖြစ်​​နေပြန်​ပါတယ်​။
ကိုယ့်​စိတ်​ကူး စိတ်​သန်း အ​ရေးအသားအ​ပေါ်မှာ သတိထား​လေ့လာ​ပေးတဲ့ ဆရာ ဆရာမ​တွေကို ​ကျေးဇူးတင်​​နေ​ပေမယ့်​ ဖြစ်​နိုင်​ပါ့မလားဆိုတဲ့ စိတ်​က ကျွန်​မရဲ့ စာ​ရေးအားကို တွန့်​ဆုတ်​​စေတာ အမှန်​ပါ။
ဒါ​ပေမယ့်​ ကျွန်​မ ကြိုးစားကြည့်​ချင်​ပါ​သေးတယ်​။
ကိုယ့်​ထက်​ သိပ်​​တော်​သူ​တွေရှိ​နေခဲ့ရင်​ကျွန်​မ သင်​ခန်းစာ.ရနိုင်​မှာပါ..။
ကျွန်​မ ​အောင်​မြင်​ခဲ့ရင်​​တော့ ကျွန်​မအတွက်​ တွန်းအားတစ်​ခု.ဖြစ်​​စေနိုင်​မှာပါ..
ကျွန်​မ..
ကြိုးစား ကြည့်​ပါအုံးမယ်​......
ရလဒ်​ရဲ့ အဆုံးအဖြတ်​.ဆိုတာက​တော့.........

I'm ATM.
@ayethatmon
MSU 021

image

Sort:  

ချ ချလုပ်​ဖူးတယ်​ရှိ​အောင်​အကုန်​လုပ်​....
💯✔✔✔

ဟင်း...ဟင်း

ပြိုင်လို့ရလားဟင် ဘယ်သူနေနေ

ရတာ​ပေါ့ [email protected]ကို ပို့လို့ရပါတယ်

အေးဗျာ ကလောင်ထက်ပြီးသားဆိုတော့ ချသာချ ဗျာ

ဟား...အဲ့​လောက်​မဟုတ်​ပါဘူး

ဟုတ်ပါတယ်ဗျာ တကယ်ကောင်းတာပါ

Good Good👏👏

သင့်​ခ်