လူငယ်

in #esteem7 years ago (edited)

ကျွန်​မ မိန်းက​လေးတစ်​​ယောက်​ဖြစ်​သည်​။
သို့​သော်​ မိမိကိုယ့်​ကို မိန်းက​လေးတစ်​​ယောက်​ကဲ့သို့ခံယူရခြင်းထက်​ လူငယ်​တစ်​​ယောက်​ဟု ခံယူရခြင်းကို ပိုပြီး နှစ်​သက်​မိသည်​။
မိန်းက​လေးတစ်​​ယောက်​ဟု ဆိုလိုက်​လျှင်​အားနွဲ့တတ်​​သော မှီခိုလိုတတ်​​သော​ထုံးတမ်းဓ​လေ့များစွာထဲတွင်​ ပိတ်​​လှောင်​ခံ​နေရ​သော လူသားတစ်​​ယောက်​ကို သာ ယေဘုယျအားဖြင့်​ မြင်​​နေမိကြ​လေ့ရှိ​သော ဤလူ့​ဘောင်​အဖွဲ့အစည်းထဲတွင်
လူငယ်​တစ်​​ယောက်​ဆိုလိုက်​လျှင်​ လွတ်​လပ်​ခြင်း​၊စူးစမ်းခြင်း​​၊မျှော်​လင့်​ခြင်းတို့ဖြင့်​ အနာဂတ်​အ​ပေါ် မှီခိုမှု အားကြီး​သော ဖျတ်​လတ်​သည့်​ လူငယ်​တစ်​​ယောက်​ကို ပို၍ မြင်​​ယောင်​​ပေးတတ်​ကြ​လေသည်​။

မိန်းက​လေးဟု ​ပြောလိုက်​လျှင်​ ထိန်းချုပ်​ရခြင်း​တို့ဖြင့်​ အသားကျ​နေရပြီး လူငယ်​ဆိုသည့်​ တက်​ကြွမှု​တွေထဲမှ အချို့ကိုပါ ဖဲ့ထည့်​လိုက်​ရသကဲ့သို့ ဖြစ်​​နေရခြင်းကို ကျွန်​မ လက်​ခံ​နေရသည့်​တိုင်​ သိပ်​ပြီးမှ မကြိုက်​လှ​ပေ။ထို့​ကြောင့်​လည်း ကိုယ့်​ကိုယ်​ကိုယ်​ ပိုပြီး ​ရွေးချယ်​ခွင့်​များသည့်​ လူငယ်ဘဝကို ပိုပြီး ခံယူမိခြင်း ဖြစ်​သည်​။

လူငယ်​ဘဝတွင်​ ​ယောက်ျားမိန်းမ ခွဲခြားသတ်​မှတ်​ခြင်း အားနည်းသည်​။အနာဂတ်​တို့အ​ပေါ် စီးမိုး ​မျှော်​ကြည့်​​နေ​သော လတ်​ဆတ်​မှုမျိုးတို့ဖြင့်​ ပတ်​ဝန်းကျင်​၏ အားကိုးမှီခိုမှု အားကြီးသည်​။
အထူးသဖြင့်​ ​အရှိန်​အဟုန်​​ကောင်း​ကောင်းဖြင့်​ လွတ်​လပ်​​​ပေါ့ပါး​နေရတတ်​​သော ထိုလူငယ်​ဘဝကို ကျွန်​မ ပို၍ နှစ်​သက်​မိ​လေသည်​။

မိန်းက​လေးတစ်​​ယောက်​ပင်​ ဖြစ်​လင့်​ကစား လူငယ်​ဘဝသည်​ လူငယ်​ဘဝသာ ဖြစ်​​လေသည်။

I'm ATM.
Msu 021
Photo crd image

Sort:  

Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.

Spam is discouraged by the community, and may result in action from the cheetah bot.

More information and tips on sharing content.

If you believe this comment is in error, please contact us in #disputes on Discord

Long Time., No See
But Nice Post

အလုပ်​များ​နေတာထက်​ broswerထဲ ဝင်​​လောက်​တဲ့အထိ လိုင်းကမရတဲ့​နေရာမို့ပါ အက်​ဒမင်​​ရေ.

ကျွန်တော်လည်း လူငယ်ပါ ခင်ဗျ 😊
@aggamun

လူငယ်​ဘဝကလွတ်​လပ်​တယ်

ထိတယ်

ဖြစ်​နိုင်​တာ​ပေါ့

လူငယ်​ပဲဖြစ်​ချင်​​နေတာ လူကြီးမဖြစ်​ချင်​ဘူး😁😁

ဟုတ်​ပါ့

လူငယ်တစ်ယောက်ပဲထာဝရဖြစ်နေရင်ကောင်းမယ်