*** ခြုံထည်တောက်တဲ့ ခေတ် ***
မကြုံဖူးတော့
ထူးဆန်းခြင်းတွေထဲမှာ
အလူးအလဲ မေ့မြောသွား
နိုးထပြီးချိန်အထိ
နိဂုံးမချုပ်ရသေးတဲ့ ဝဲဂယက်တစ်ခုက
အတွေးတွေထဲမှာ
ဝင်္ကပါပတ်တယ် ။
တီးတိုးရေရွတ်သံအဆုံး
ခပ်ပြုံးပြုံးရယ်မောကြတယ်။
်
အမှားမကင်းတဲ့ အမှန်တွေမှာ
ဒဏ်ရာတွေနဲ့ပြည့်နှက်
သိမ်းဆည်းဖို့ခက်ခဲ ။
ငိုမိခဲ့ကြတော့ မျက်ရည်ကိုပဲ မြင်ကြတယ် ။
ရယ်မောလိုက်ကြတော့
အပြုံးတွေကိုပဲ တွေ့လိုက်ကြတယ် ။
သီသီဝေဝေ ပျောက်ဆုံးနေတဲ့
ခံစားချက်တွေကို
လျစ်လျူရှု့
ပစ်ပယ်ခြင်းတွေထက်ကိုတောင်
ဝေးးးဝေးးးလာကြ
နောက်ဆုံးရှာဖွေမရတဲ့ ကာလအထိ
ပျောက်ဆုံးးးးးးးးး
အလျှံတညီးညီး ခြုံလွှာတွေကြီးစိုး
အမှန်တရားတွေပျောက်ဆုံးကြတဲ့ခေတ်မှာ
ကိုယ့်သီးသန့်ကမ္ဘာမှာ
ကိုယ်သာရူးသွပ်
တစ်ခါတစ်ခါတော့
လူတွေကြားက
မိုးခါးရေကို
သောက်မိမတတ်
စိတ်ရူးတွေပေါက်လို ပေါက်နဲ့ ။ ။
I'm ATM.
Hey what have you written here I can't read your poem. I think it is your personal language.
Yes.thank a lot for the reads.This is subtitle by Myanmar.
@ayethatmon, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community
Curation Collective Discord community
community witness. Please consider using one of your witness votes on us here ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။This post was shared in the #burmese-curation channel in the for curators, and upvoted and resteemed by the @c-squared community account after manual review.@c-squared runs a