သူမက Zhang Ziyi နဲ့တူတယ်...။
ချစ်စရာကောင်းသလို ဗရုတ်သုက္ခနိုင်ပြီး ပျော်တတ်တယ်။ သူမကို အမှတ်သညာပြုဖို့ သင်္ကေတတစ်ခုက ခေါင်းခေါက်တာပဲ...လက်က သိပ်သွက်တယ်။
ဒါပေမယ့် စိတ်ဆိုးစရာ မကောင်းဘူး။ချစ်စရာတောင် ကောင်းသေးတယ်။ သေးညှက်ညှက်လေးနဲ့ စကားသိပ်များတဲ့ သူမ....
Zhang Ziyi ကို စတင်ပြီး သိခဲ့တာ သူမမရှိတော့တဲ့ နောက်...
သူမကို လွမ်းတိုင်း ၊ သူမကို သတိရတိုင်း Zhang Ziyi ရဲ့ ဇာတ်ကားတွေကိုကြည့်တယ်..။
သူမရဲ့ မလှပတဲ့ ဘဝတွေထဲက တိတ်တဆိတ် ရုန်းထွက်ဖို့ ကြိုးစားနေတတ်တဲ့ သူမ...
အင်္ကျီဧရာမကြီးတွေဝတ်ပြီး ကိုယ်တွေကို စိတ်ကူးပေါက်ရာတွေ ချက်ကျွေးတတ်ရဲ့..။
ညညဆို သရဲ ကြောက်လို့တဲ့..။ဘယ်တော့မှ မိုးမလင်းခင်မထတဲ့ သူမ..။ရွာထဲလှည့်ပြီး တွေ့တဲ့အိမ်မှာ ကြုံသလို ထမင်းဝင်စားတတ်တဲ့သူမ..။
အခုတော့ ဘယ်ဆီများ ရောက်နေခဲ့လေမလဲ...
ကိုယ့်မှာတော့ သတိတွေရ...
I'm ATM.
@ayethatmon, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app Join our discord: https://discord.gg/8eHupPq