ကျွန်မတို့နိုင်ငံမှာ စိုက်ပျိုးရေးတောင်သူတွေက နိုင်ငံ လူဦးရေရဲ့ 70 %အထိ ရှိတယ်။ အဲ့ဒီတောင်သူတွေတိုင်းကတော့ ခေတ်ပေါ်စိုက်ပျိုးရေးနည်းပညာတွေကို ကျင့်သုံးနိုင်သူတွေတော့ မဟုတ်ကြပါဘူး..
လေ့လာကြည့်မိသလောက်တော့ အရှေ့တိုင်းက မိဘတွေ အတော်များများရဲ့ ကလေးကို ထိန်းကျောင်းတဲ့ပုံစံတွေဟာ ဒီနိုင်ငံက စိုက်ပျိုးရေးသမားတွေနဲ့ သိပ်တူပါတယ်။
ကိုယ့်မှာ စိုက်ပျိုးမြေကောင်းကောင်းရှိပေမယ့် စိုက်ပျိုးတဲ့မျိုးစေ့တွေကြောင့် အထွက်မကောင်းသလိုမျိုး။
ကိုယ့်ရဲ့ ပြုစုမှုကြောင့် နည်းပညာအားနည်းမှုကြောင့် အထွက်နှုန်းတွေမရသလိုမျိုးတွေ ဖြစ်နေကြပါတယ်။
ကိုယ့်ကလေးတွေကို ဘယ်လိုအခြေအနေမျိုးကို ရောက်အောင် ပြုစုပျိုးထောင်ကြမလဲဆိုတဲ့အတွေးထက် ငါလုပ်သလို ဖြစ်ရမယ်ဆိုတဲ့ ငါပုံသွင်းသလို ပုံပေါ်လာရမယ်ဆိုတဲ့ အတွေးမျိုးကို ပိုတွေးကြတာများပါတယ်။
စပါးကို ကိုယ်စားဖို့စိုက်မလား..ရောင်းဖို့ စိုက်မလား နောက်ထပ် မျိုးအဖြစ်ပြန်အသုံးချဖို့ စိုက်မလား ဆိုရင် အရှေ့ကနှစ်ခုအတွက်ပဲ စိတ်ဝင်စားနေကြသလိုပဲ ကိုယ့်သားသမီးရဲ့ ဘဝမြင့်တင်ရေး နောက်ထပ် generation တွေ ဆင့်ပွားတိုးတက်လာမဲ့ မျိုးဆက်တွေအတွက်စဉ်းစားတာထက် မင်းတို့ဘဝက ကောင်းစားရမယ်..ဝင်ငွေများရမယ်ဆိုတဲ့ အတွေးမျိုးနဲ့ ပိုပြီး ပြုစုပျိုးနေတတ်ကြပါတယ်။
ကိုယ့်သားသမီးတွေကို မျိုးကောင်းမျိုးသန့်အဖြစ်မျိုးထက် ဈေးကောင်းရဖို့အတွက်ပဲ စိုက်ပျိုးတဲ့စိုက်ပျိုးရေးသမားတွေနဲ့ ပိုပြီး တူနေကြတယ်။
တစ်ခါတလေမှာ ကိုယ့်ကလေးရဲ့ ပင်ကိုယ်ဉာဏ်လည်း ကောင်းတယ် နောက်ကနေလည်း မိဘတွေက ထောက်ပံ့နိုင်တယ်။ အဲ့ဒီအဖြစ်က လယ်မြေကောင်းမှာ မျိုးစေ့ကောင်းကို စိုက်ပျိုးနိုင်တာနဲ့ တူပါတယ်။ ဒါပေမဲ့ ဘာကြောင့် အထွက်မတိုးသလဲ နောက်ထပ် စိုက်ပျိုးလို့ ဘာကြောင့်မရတော့သလဲဆိုရင်တော့ ပြုစုပျိုးထောင်မှု နည်းလမ်းမကျလို့ ထွက်သင့်သလောက်မထွက်တော့တဲ့ သီးနှံတစ်ခုလို မင်းဘာဖြစ်ရမယ် ဆရာဝန်ဖြစ်ရမယ် အင်ဂျင်နီယာဖြစ်ရမယ်ဆိုတဲ့ ဖိအားတွေကြောင့် ထွက်သင့်သလောက် မထွက်တော့တဲ့ သီးနှံလို ဖြစ်သွားရခြင်းပါ..။
အနောက်နိုင်ငံမိဘတွေက ကိုယ့်လယ်ယာမြေနဲ့ ကိုယ်စိုက်ပျိုးရမဲ့ မျိုးစေ့တွေ ကိုယ့်လယ်ယာမြေက ထွက်ရှိမဲ့ သီးနှံအပေါ်ထားတဲ့ ရည်ရွယ်ချက်တွေကို ကောင်းကောင်းသိနိုင်ကြတာမို့ စိုက်ပျိုးရေးပညာ ကျွမ်းကျင်တဲ့ စိုက်ပျိုးရေးသမားတွေနဲ့ တူတယ်လို့ ပြောချင်ပါတယ်။
ဒါကြောင့်လည်း သူတို့ generation တွေရဲ့ မြှင့်တက်မှုက အထွက်ကောင်းတဲ့ မျိုးကောင်းမျိုးသန့်တွေကို ထုတ်လုပ်ရောင်းချနိုင်တဲ့ စိုက်ပျိုးရေးသမားတစ်ယောက်က စီးပွားရေး မြင့်တတ်လာသလို generation တွေမြင့်တက်လာမှုနဲ့အတူ ဖွံ့ဖြိုးတိုးတက်မှုတွေပါ မြင့်တက်လာခြင်းဖြစ်ပါတယ်။
ဒါတွေဟာ အရှေ့တိုင်းနဲ့အနောက်တိုင်းတွေရဲ့ မတူညီတဲ့ အချက်တွေထဲက တစ်ခု ဖြစ်မယ်လို့ ထင်မြင်ယူဆမိပါတယ်..
အရှေ့နိုင်ငံတွေမှာ ကလေးအတော်များများက မိဘတွေရဲ့ ရွေးချယ်မှုနဲ့ ဘဝလမ်းကို လျှောက်ကြရတယ်။ အနောက်နိုင်ငံတွေမှာတော့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ဘဝလမ်းကို လျှောက်ကြတယ်..
အကျိုးဆက်ကတော့ သူတို့ဆီကတွေက ကိုယ့်လမ်းကိုယ်ဖောက်ပြီး နယ်ပယ်ကျယ်ကြီးတွေကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ ကိုယ်တို့ဆီမှာတွေတော့ ဒီလမ်းမှာ ဒီပုံစံနဲ့ ဒီအတိုင်းပဲ သွားနေလိုက်တော့တယ်။အဲ့ဒီတော့လည်း ဒီအတိုင်း ဆက်ဖြစ်နေတော့တာပါပဲ..
ကိုယ်ပိုင်ရွေးချယ်မှုကို လုပ်လိုတဲ့ လူငယ်တစ်ယောက်အနေနဲ့လည်း သူ့နယ်ပယ်ဟာ အနောက်နိုင်ငံမှာတွေလောက် ရွေးချယ်စရာ မများဘူးလေ..။ဥပမာ တောတွင်းတိရစ္ဆာန်သုတေသနသမားတစ်ဦး လုပ်မယ်ဆိုရင်း လေ့လာစရာတွေများပေမဲ့ သူ့ကို ဘယ်သူက ထောက်ပံ့ပေးနိုင်မလဲ...သူ့ရှာဖွေတွေ့ရှိမှုကို ဘယ်သူက အကျိုးအမြတ်ပေးမလဲ...
အနောက်နိုင်ငံတွေမှာကတော့ အဲ့ဒီကိစ္စတွေအတွက် အကုန်အကျအတွက်ရော အကျိုးအမြတ်အတွက်ပါ အာမခံတဲ့နေရာတွေက ရှိပြီးသားလေ..ဒါကြောင့်လည်း ဒီအရှေ့တိုင်းက လူတော်တွေဟာ အဲ့ဒီလို နိုင်ငံတွေမှာ သွားရောက် ခိုလှုံနေကြတဲ့အခါ အဲ့ဒီနိုင်ငံတွေကပဲ လူတစ်ယောက်ရဲ့ ကြီးမားတဲ့ တန်ဖိုးတွေကို ခံစားသွားကြရတာ ဖြစ်ပါလိမ့်မယ်...
ဒါတွေဟာ ကျွန်မရဲ့ ထင်မြင်ယူဆချက်တွေပါ..
ကွာခြားမှုကြီးမားခြင်းတွေဟာ အသေးအမွှားသော ကွဲပြားခြင်းတွေကြောင့် ဖြစ်လာတယ်ဆိုတာ ကျွန်မတို့ လက်ခံကြရပါလိမ့်မယ်....
ကိုယ်တိုင် ကိုယ့် generation တွေရဲ့အထက်မှာနေပြီး လမ်းညွှန်ကြမလား...
ကိုယ့် generation တွေရဲ့ မြှင့်တက်မှုအတွက် အောက်ခြေကနေ ခုံခုပေးမလား ကိုယ်တိုင်ရဲ့ရွေးချယ်မှုအတိုင်းပါပဲ။
စိုက်ပျိုးရေးသမားကောင်းတွေကတော့ သူတို့ရဲ့ လယ်ယာမြေကနေ ထွက်ရှိလာမယ့် သီးနှံတွေကို ဘယ်လို အသုံးချရမယ်ဆိုတဲ့ ရည်မှန်းချက်တွေကို ကောင်းကောင်း သိကြလေ့ရှိပါတယ်။
I'm ATM.
@ayethatmon
MSU 021.
Photo credit by google.
သမီးရဲ့ယူဆချက်တွေကို..ထောက်ခံတယ်။အန်တီတို့နိုင်ငံကမိဘတွေ..တော်တော်များများဟာ..သားသမီးကို၊ကိုယ်လိုခြင်တဲ့ပုံစံခွက်ထဲမှာ..ဇွတ်ထည့်သွင်းတဲ့အကျင့်။ဒါကိုမိဘရဲ့စေတနာနဲ့မေတ္တာလို့သတ်မှတ်ခြင်ကြတာလေ။မှန်သလောက်မှန်ပေမဲ့..နည်းလမ်းကျတဲ့မှန်ကန်ခြင်းလို့..အန်တီက..မသတ်မှတ်ခြင်ဘူး။
ဟုတ်...အန်တီ...။ဝါသနာပါတဲ့ လမ်ကြောင်းကို လျှောက်ခွင့်မရတာက ဆိုးတာတစ်ခုပဲလို့ မြင်မိပါတယ်
This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.
Good Luck
#msu
🇲🇲🇲🇲
ကျေးဇူးပါ
ပက်ပက်စက်စက် ထောက်ခံပါတယ်ဗျာ
mindset တွေ မပြောင်းနိုင်သေးဘူး
ဘောင်ထဲမှာ တဝဲလည်လည် မိရိုးဖလာ အစွဲအလမ်း
ကြီးလွန်းတဲ့ ကျွန်တော်တို့ နိုင်ငံ အနေနဲ့
change မလုပ်နိုင်တောင် update
လုပ်သင့်နေတဲ့ နယ်ပယ်တွေ အများကြီးရှိနေပါတယ်
ကျွန်တော်တို့ လူကြီး တွေ လုပ်တာမလုပ်တာ ကျွန်တော်တို့
မှာ တာဝန်မရှိ next generation ကို မပြောင်းနိုင်ရင်
ကျွန်တော်တို့ တာဝန် မကျေရာ ကျတယ်လို့ ခံယူထားပါတယ်
ကျေးဇူးပါ..
ရှေးထုံးတွေကို ပယ်လိုတာ မဟုတ်ပေမယ့် ကျွန်မတို့နိုင်ငံတွေက မိဘတွေအနေနဲ့ သတိပြုဆင်ခြင်စေချင့်ပါ
ကောင်းတယ်ဗျာ အားပေးနေပါတယ်
ကျေးဇူးပါ ဆက်လက်အားပေးပါအုံး
MSU 042
Thanks.
အရေးအသားgoodတယ်👍👍
ကျေးဇူးအထူးပါ