အချိန်ဆိုတာ နာရီမဟုတ်ဘူး။ နာရီဆိုတာလည်း အချိန်မဟုတ်ဘူး
နာရီဆိုတာ အချိန်ကို သတ်မှတ်ပေးတဲ့ သတ်မှတ်ချက်တစ်ခုပဲဖြစ်တယ်။
အချိန်ဆိုတာ အချိန်ပဲဖြစ်တယ်။နာရီမဟုတ်ဘူး။ အချိန်ကသူ့ဖာသာရွေ့လျားကုန်ဆုံးနေပေမဲ့ နာရီတော့ လည်ပတ်နေခြင်းဖြစ်တယ်။နာရီက ချွတ်ယွင်းချက်တွေကြောင့် ရပ်တန့်နေတတ်ပေမဲ့ အချိန်ကတော့ အမြဲတစေရွေ့လျားနေတယ်။နာရီရဲ့နံပါတ်တွေကို နောက်တစ်နေ့မှာပြန်ရနိုင်ပေမဲ့ အချိန်ရဲ့ကုန်ဆုံးခြင်းတွေကိုတော့ ပြန်မရနိုင်တော့ဘူး။
လူတွေက ဈေးကြီးနာရီတွေကိုပဲတန်ဖိုးထားကြလေ့ရှိပြီး အချိန်တွေကိုတော့ တတိတိနဲ့ ဖြုန်းတီးနေလေ့ရှိတယ်။အချိန်ကို ဖြုန်းတီးမနေပဲ သုံးပြီးစစ်ထုတ် အမြတ်တစ်ခုခုရကိုရအောင်လုပ်နိုင်ကြရင်ပိုကောင်းမှာပေါ့။
အချိန်ကို သိဖို့ နာရီကိုကြည့်ပြီး စကားပြောကြပေမယ့် နာရီကိုကြည့်တိုင်း ကိုယ့်ရဲ့ကုန်လွန်သွားတဲ့အချိန်တွေကိုတော့ သတိမရကြဘူး။
ဘယ်အချိန်ရှိပြီဆိုတဲ့ အသိတစ်ခုမှာပဲ ကိုယ့်ရဲ့ စားဝတ်နေရေးဆိုတဲ့ နိစ္စဓူဝတွေအောက်မှာ နာရီကို အသုံးချနေကြတယ်။
အချိန်တွေကို ဖြတ်ကျော်နေလိုက်ကြတယ်..
အချိန်နာရီဆိုပြီး တွဲလို့ ပြောတန်ကြပေမယ့် အချိန်က လူတိုင်းအတွက် ရွေ့လျားနေတဲ့သက်တမ်းဖြစ်ပြီးတော့ နာရီက ရုပ်ဝတ္ထုပစ္စည်းတစ်ခုဖြစ်တယ်ဆိုတာ ကျွန်မတို့ မေ့ထားခဲ့ကြတယ်။ မေ့ထားနေကြတယ်။
ဈေးကြီးပေးဝယ်ရတဲ့ နာရီကို လူကြားသူကြား ထုတ်ထုတ်ကြွားတတ်ကြပေမယ့် တန်ဖိုးကြီးလွန်းတဲ့အချိန်တွေကိုတော့ ဖြတ်သန်းမှန်းမသိ ဖြတ်သန်းကြရင်း ကုန်ဆုံးမှန်းမသိကုန်ဆုံးစေရင်း ဖြုန်းတီးမှန်း မသိ ဖြုန်းတီးနေမိကြတယ်။
အချိန်တွေကို အကျိုးရှိရှိအသုံးချပါလို့ လမ်းညွှန်နိုင်ပေမယ့် ဘာအတွက်လုပ်ပါ လို့ သူတပါးရဲ့အချိန်တွေကို စီမံခန့်ခွဲပေးဖို့တော့ ခက်ပါတယ်။ အချိန်ဆိုတာ ကိုယ်တိုင် စီမံခန့်ခွဲရမယ့် လူတစ်ယောက်ရဲ့ ပိုင်ဆိုင်နေမှာတစ်ခုဖစ်လို့ပါပဲ..
အချိန်တွေကို တန်ဖိုးထားဖို့ နာရီကြည့်နေဖို့ထက် ကိုယ့်ရဲ့ အသိ သတိတွေကို ပိုပြီး ဆင်ခြင်ကြည့်နေကြဖို့ လိုတယ်လို့ပဲ သတ်မှတ်ချင်ပါတယ်။
နာရီဆိုတာ အချိန်ကို သိဖို့ သတ်မှတ်ချက် ရုပ်ဝတ္ထုပစ္စည်းတစ်ခုသာဖြစ်ပြီး အချိန်ကတော့ဘဝရဲ့ ရှင်သန်နေတဲ့ သက်တမ်းတစ်ခု ဖြစနေလို့ပါပဲ..
လွတ်လပ်စွာ သဘောထား ကွဲလွှဲနိုင်ပါတယ်..
I'm ATM.
Msu 021
Photo credit. 1. item
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.nhl.com/player/josh-jooris-8477591
ကျွန်တော်တို့ မေ့ မေ့ နေတတ်တဲ့ အချက်လေးတွေပေါ့ဗျာ ဖတ်ရတာ အကျိုး ရှိပါတယ်ဗျ
ဆုရတဲ့ အတွက်လည်း ဂုဏ်ယူပါတယ်နော်
ဟုတ်ကဲ့ ကျေးဇူးအထူးတင်ပါတယ်
Wow....your idea is so good..
Thanks အန်တီရေ
Post ဖတ်ပြီးပြီးချင်းကျွန်တော် ဆော့တဲ့ dota game ထဲမှာ ....
Hero တကောင်ပြေားတဲ့သူ့ရဲ့မူပိုင်စကားလေးကိုတန်းကြားမိတယ်။
Time is the money(အချိန်ဆိုတာငွေပဲ)တဲ့။
အပြင်လက်တွေ့ဘဝမှာ အချိန်တွေကိုဖြန်းတီးတတ်ကြတယ်။
သတိမထာမိကြဘူး။
ဥပမာ အနေနဲ့..........
gamer တွေကိုဥပမာထားရင်အနီးစပ်ဆုံးနဲ့
နှိုင်းယှဉ်ပုံဖော်ပြရတာ လွယ်လိမ့်မယ်။အချိန်ရဲ့တန်ဖိုးကိုပေါ့။
ဘယ်လိုနေရာတွေမှာဆင်ခြင်သတိထားမိတတ်ကြမလဲ.....
Dota playerနဲ့ Mobile legend ဆော့ကြတဲ့သူတွေ....
Gameထဲက lifeကို သတိပြုမိစေချင်တယ်။
dota ထဲမှာ 5 minutes အလုပ်မလုပ်ပဲရပ်နေရင် ဒီplayer ရှုံးဖို့အနေအထားများပြီး။ ML မှာ 2 minutes နောက်ကျရင်ဒီလူရှုံးဖို့သေချယသလောက်ပဲ။
ဒါကတော့ ကိုယ့်ဘာသာယှဉ်တွေးကြည့်မိတာပါ။
လက်ရှိဘဝရဲ့အချိန်တွေကျတော့အရများကြတယ်လေ....
နာရီပေါင်းများစွာရထားကျတော့.....သတိမပြုမိကြတာမျိုးပါ။
ဟော......
ကျွန်တော်ခု cmt ရေးနေတာတောင်အချိန်တွေကုန်သွားပြီ။ game တစ်ပွဲးသာဆော့နေရင်းနဲ့ ဒီမှာစာရေးလိုက်ရင်...ရှုံးနိမ့်ဖို့ကောင်းမွန်လုံလောက်တဲ့အချိန်တစ်ခုပါပဲ။
လက်တွေ့ ဘဝရဲ့ အချိန်ကို...game တစ်ခုရဲ့အချိန်နဲ့နှိုင်းယှဉ်ပြီးပြေးရင် အဲ့ဒီလူသေချာပေါက်အောင်မြင်လိမ့်မယ်။
(Gamer တွေကို အချိန်ဖြုန်းနေတာလို့ပြေားတာမဟုတ်ဘူးနော်.
ခုခေတ်အနေအထားအရမှာ.....တချို့ gameတွေဆို esportအနေနဲ့တရာဝင် အသိအမှတ်ပြုထားကြပြီး ပြိုင်ပွဲးတွေတခမ်းတနားရှိတယ်....ဝင်ငွေတွေဆို ရင် လဲ ဘောလုံးသမားတစ်ယောက်လိုပဲ
သိန်း ထောင်ချီပြီးရကြပါတယ်။ dota pro တွေအတွက်ပေါ့၊😉
Good post ပါ၊ ဒီစာဖတ်ရင်း.... ကျနော်လဲ ပိုပြီးပြေးရမယ်။အရက်ထက်ပိုပြီးအချိန်ကိုတန်ဖိုးရှိစွာသုံးသင့်တယ်လို့တွေးမိတယ်။
သင်တန်းတစ်ခုထက်ယူလိုက်ပါဦးမည်။😊
ဂိမ်းတွေကို ဘဝအနေနဲ့ ရွေးချယ်ထားတာလား..စဉ်းစားအုံးနော်
အေးဟာ ငါစာရေးတာလဲမရှင်းဖြစ်နေတယ်။
ငါက game ထဲကဘဝ့အချိန်ကိုမြင်ကြည့်ရင်...
အချိန်ဘယ်ဘောက်အကုန်မြန်သလဲသူများထက်ခနနောက်ကျတာနဲ့ဘာဖြစ်တတ်သလဲဆိုတာပြေားချင်တာ။
ရွေးပါဘူး....သုံးနစ်လောက်ဆော့ခဲ့ပြီးပြီး။proတယောက်ဖြစ်မလာနိင်တာကွကိုယ်သိပီပီ။😁
စိတ်ညစ်ပါဘိတောင်း
ဆုရတဲ့ အတွက် ဂုဏ်ယူပါတယ်ဗျာ
ဟုတ်ကဲ့ ကျေးဇူးပါ
အကျိုးရှိတဲ့စာလေးပါ
ဟုတ်ကဲ့ပါ
good
THANKS