ဒီနေ့ရုပ်ရှင်အကြိုကဏ္ဍမှာတော့ သည်းထိတ်ရင်ဖို ဒရာမာဇာတ် ကားသစ်လေး ပရိသတ်တွေအ တွက် ဖော်ပြလိုက်ပါတယ်။
ဆရာဝန်တစ်ယောက်ဖြစ် တဲ့ အီရန်နဲ့ ပုံနှိပ်လုပ်ငန်းလုပ်တဲ့ ဆမ်တို့ လူငယ်စုံတွဲလေးဟာ နှစ်သစ်ကူးအပျော်ခရီးအဖြစ် ဆစ်ဒနီမြို့ အပြင်ဘက်က မြစ်ကမ်းနားမှာ အပန်းဖြေသွားခဲ့ကြပါတယ်။ မြစ်ကမ်းနားကိုရောက်တဲ့အခါ သူတို့ထက်အရင်ရောက်နေတဲ့ ရွက်ဖျင်တဲတစ်လုံးရယ်၊ ကားတစ်စီး ရယ်ကိုတွေ့ပေမယ့် လူရိပ်သူရိပ် တော့ မတွေ့ခဲ့ပါဘူး။
တကယ်တော့လူမရှိတဲ့ ရွက်ဖျင်တဲဟာ မာဂရက်နဲ့ရော့ဘ်ဆို တဲ့ ဇနီးမောင်နှံရဲ့တဲဖြစ်ပြီး သူတို့မှာ အမ်ဆိုတဲ့ ၁၀ ကျော်သက် အရွယ်သမီးတစ်ယောက်နဲ့ အော် လီဆိုတဲ့ လမ်းလျှောက်တတ်ခါစ သားလေးတစ်ယောက်ရှိပါတယ်။
ဒီလိုနဲ့ ညဘက်ရောက်လာ တာတောင်မှ ဟိုဘက်ရွက်ဖျင်တဲ ကလူတွေ ပြန်မလာတဲ့အတွက် ဆမ်တို့စုံတွဲ သံသယ၀င်လာခဲ့ပါ တယ်။ နောက်တစ်ရက်မှာ သူတို့ အပန်းဖြေတဲ့ မြစ်ကမ်းနားဝန်း ကျင်ကို လျှောက်သွားကြရင်းနဲ့ တောထဲတစ်နေရာမှာ လဲကျနေတဲ့ ကလေးလေးတစ်ယောက်ကို တွေ့ခဲ့ပြီး အသက်ရှင်နေသေးတဲ့ အတွက် ဆမ်တို့နှစ်ယောက်ခေါ် လာခဲ့ကြပါတယ်။
အဲဒီကလေးလေးဟာ ဆမ်တို့နားက ရွက်ဖျင်တဲမှာနေတဲ့ မိသားစုက အော်လီဖြစ်ပြီး သူ့မိဘတွေကိုတော့ အရိပ်အယောင် တောင်မမြင်ရတဲ့အတွက် ဆမ်တို့ တစ်တွေ အကူအညီရလိုရငြားပတ် ၀န်းကျင်မှာ လျှောက်ရှာကြရင်း လူလိမ်ပုံစံညစ်တီးညစ်ပတ်ဒေသခံနှစ်ယောက်ဖြစ်တဲ့ ဂျာမန်နဲ့ချုပ်ခ်တို့နဲ့ ဆုံခဲ့ပါတယ်။
အော်လီသတိလစ်နေတာ တောထဲမှာတွေ့တဲ့အကြောင်းနဲ့ လူမရှိတဲ့ ရွက်ဖျင်တဲအကြောင်း ရှင်းပြရင်း အကူအညီတောင်းခံခဲ့ ပါတယ်။
ဆမ်တို့အကူအညီတောင်းမိ တဲ့လူနှစ်ယောက်က ကူညီမယ့်သူတွေဖြစ်မလား၊ ဒုက္ခပေးမယ့်သူ တွေဖြစ်မလား၊ အော်လီရဲ့မိသား စုကကော တောထဲမှာ ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင်ခဲ့ရတာလဲ၊အီရန်နဲ့ ဆမ်တို့အပန်းဖြေခရီးက သည်းထိတ်ရင်ဖိုခရီးကြုံရတဲ့အ ခါ ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဆက်ကြည့်လိုက်ဦးနော်။
ဒီဇာတ်ကားမှာ အီရန်အဖြစ် အီရန်မဲဒိုးစ်၊ ဆမ်အဖြစ်ဟာရီရက်ဒိုင်ယာ၊ ဂျာမန်အဖြစ် အေရွန်ပီဒါဆန်၊ ချုပ်ခ်အဖြစ်အေရွန်ဂလီနိန်းတို့က သရုပ်ဆောင်ထားပါတယ်။
Credit:http://7daydaily.com/story/102662
MSO-31
Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.
Spam is discouraged by the community, and may result in action from the cheetah bot.
More information and tips on sharing content.
If you believe this comment is in error, please contact us in #disputes on Discord