ဒီနေ့တော့ ပရိသတ်တွေ အကြိုခံစားကြည့်ထားဖို့အတွက် ဖြစ်ရပ်မှန် အမေရိကန် အချစ်ဟာသဇာတ်ကားသစ်အ ကြောင်း ဖော်ပြလိုက်ပါတယ်။ ပါကစ္စတန်နိုင်ငံသားနဲ့ အမေရိကန်နိုင်ငံသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ရယ်စရာ၊ ကြည်နူးစရာ၊ လွမ်းမောစရာရသတွေကို ခံစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။
ကူမေးလ်ဟာ ပါကစ္စတန် နိုင်ငံသား လူရွှင်တော်တစ် ယောက်ဖြစ်ပြီး အမေရိကန်တက္ကသိုလ်ကျောင်းသူ အမ်မလီနဲ့ ဟာသဖျော်ဖြေပွဲတစ်ခုမှာ ဆုံခဲ့ပါတယ်။ အဲဒီပွဲကစလို့ သူတို့နှစ်ယောက်ရင်းနှီးပြီး ချစ်သူတွေဖြစ်တဲ့အဆင့် အထိ ရောက်ခဲ့ပါတယ်။
ဒီလိုကြည်နူးစရာအခြေအနေမှာ ကူမေးလ်တစ် ယောက် စိုးရိမ်နေတာကတော့ အမ်မလီနဲ့ လူမျိုးမတူ၊ ဘာသာမတူဖြစ်နေတာမို့ သူ့ရဲ့မွတ်စလင်မိဘတွေကို ဘယ် လိုအသိပေးရမလဲဆိုတာပဲ ဖြစ်ပါတယ်။
ကူမေးလ်ဟာ သူ့အိမ်ကလူကြီးတွေကို အမ်မလီနဲ့ မေတ္တာမျှနေတဲ့ကိစ္စ ဖွင့်မပြောရသေးသလို သူ့အိမ်ကလူကြီး တွေကလည်း ကူမေးလ်ကို မိန်းမပေးစားဖို့ ပြင်ဆင်နေပါတယ်။ အဲဒါနဲ့ အမ်မလီနဲ့ကိစ္စအတွက် ဘယ်လိုစပြောရ မှန်းမသိဖြစ်နေတုန်း အမ်မလီ အသည်းအသန် နေမကောင်း ဖြစ်ပါတော့တယ်။
အဲဒီနောက် အမ်မလီဟာ ရောဂါပြင်းထန်တာကြောင့်သတိမေ့မြောကာ ကိုမာဖြစ်သွားတာမို့ ကူမေးလ်တစ် ယောက် ဝမ်းနည်းပက်လက်နဲ့ အဆွေးကြီးဆွေးနေရသလိုသူ့ယောက္ခမတွေဖြစ်တဲ့ ဘက်နဲ့တယ်ရီကို ဆေးရုံမှာဆုံပြီး မျက်နှာရအောင် အဆင်ပြေဖို့အတွက် ကြိုးစား ရပါတော့တယ်။
မတူညီတဲ့ဘာသာ၊ ယဉ်ကျေးမှုကြားကကူမေးလ်တို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မှာလဲ၊ အမ်မလီကကော ရောဂါပြန်သက်သာလာမှာလား၊ ကူမေးလ်တစ်ယောက်အမ်မလီရဲ့မိဘတွေနဲ့ ဘယ်လိုဆက်ဆံရေးတွေဖြစ်မယ်ဆိုတာ ကြည့်လိုက်ဦးနော်။ ဇာတ်လမ်းပုံစံအဆန်းဖြစ်နေတဲ့အပြင် ဟာသချည်းသက် သက်မဟုတ်တာမို့ ပရိသတ်တွေကြည့်လို့ အဆင်ပြေမယ်ထင်ပါတယ်။
ဒီဇာတ်ကားမှာ ကူမေးလ် နန်ဂျီယာနီ၊ ဇိုးကာဇန်၊ ဟိုလီဟန်တာ၊ ရေးရိုမန်နို စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။
Credit:http://7daydaily.com/story/99903
MSO-31
Congratulations @blackxan! You have completed some achievement on Steemit and have been rewarded with new badge(s) :
You published a post every day of the week
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP