မောင်ရေခဲနဲ့ခဏတာ

in #esteem7 years ago

ဒီနေ့တော့ ဓါတ်ပုံလေးများဘက် ခဏလောက်တော့ လှည့်ပါရစေဦး အမှန်က စာရေးမအားလို့ပါ သူ့နာမည်က မောင်ရေခဲပါ နာမည်နဲ့လိုက်အောင် အေးချက်ကရက်စက်ပါတယ် တစ်နေကုန် အိပ်ပါတယ် ဘယ်လောက်အိပ်သလဲဆို တစ်ခါတလေ သူ့ကို အစာကျွေးဖို့ အတော်ခေါ်ယူရပါတယ် ကာလနဂါးဝင်စားတယ်ဆိုတာ ဒီကောင်လေးကိုရည်ညွှန်းပြောတာနေပါ့မယ် အိပ်တာမှ မလှုပ်မရှပ်ကို အိပ်တာပါ သူအိပ်နေပုံများ အသက်များရှိသေးရဲ့လားလို့ လက်ညှိုးလေးနဲ့ သွားသွားတို့ကြည့်ရတာလဲ အမောပါဘဲ စိတ်ပူလို့လေ ဒီလိုဘဲ အနေကြာတော့သံယောဇဉ်ဖြစ်နေတာပေါ့ဗျာ အမှန်က သူတို့စားတာ အစေ့အဆံလေူတွေအခွံမာအသီးအနှံလေးတွေပါ ဒီကောင်လေးကတော့ဘယ်လို ဖြစ်တယ်မသိပါဘူး ဂေါ်ဖီရွက်နဲ့ မုန်လာဥနီ နောက်ငါးခြောက်သေးသေးလေးတွေ အရမ်းစားတာကော သူ့အတွက် ဈေးထဲတကူးတကသွားဝယ်ပေးရတာလဲ အလုပ်တစ်ခုပါ အခုတော့ သူအစာစားနေတုန်း အမိအရဓါတ်ဖမ်းထားတာလေးတွေပါဗျာ

image

image

image

image

image

image

image

image

image

@bobokyaw

Sort:  

ကြွက်ဖြူလေးက ချစ်စရာလေးပါအစ်ကို
အော် တွေ့မြင်နေကြဆိုတော့လည်း သံယောဇဉ်ဖြစ်မိမှာပါပဲ

ချစ်စရာလေး။

ကျေးဇူးတင်ပါတယ်ညီမရေ