()
ဆေးလိပ်တစ်ဖွာ ဥာဏ်တစ်ထွာ
ဘာတဲ့ ငယ်စဉ်အခါတုန်းက သူငယ်ချင်းတစ်ယောက် ပြောစကားလေး ယနေ့တိုင်မမေ့နိုင်သေးပါလေ
သူပြောတာက ဆေးလိပ်တစ်ဖွာ ဥာဏ်တစ်ထွာတဲ့ ကိုယ်ကလည်း နားမလည်ပါးမလည် အူတူတူ
အတတ ဆိုတော့ သူပြောတာကို သူ့ကိုပြန်မေးခွန်းထုတ်ပြီး ပြန်ရှင်းခိုင်းရတယ်လေ။ အဲ့တော့မှ သူက
ပြောတယ် ဆေးလိပ်လေးတစ်ဖွာလောက်သောက်ပြီးတာနဲ့ နဂိုရှိပြီးသားဥာဏ်ထက် တစ်ထွာခန့်ပို
ရှည်လာတယ် ပိုလာတယ် လို့ဆိုလိုတာပါ။ စိတ်ကူးစိတ်သန်းတွေ ဟိုကဒီကထွက်လာတယ်ပေါ့
ကိုယ်ကလည်း မသိပါဘူး သူပြောပြတော့ ဟုတ်မယ်ထင်တာပါဘဲ။ ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်
ကြီးက ဆရာလုပ်ရှင်းပြနေတာ ယုံတာပေါ့။ သူက ရည်းစားစာအရေးတော်တယ်လေ။ ဆေးလိပ်လေးဖွာ
လိုက် ပါးစပ်က ပွစိပွစိနဲ့ ရွတ်လိုက် တဖေါက်ဖေါက်နဲ့ ကောက်ရေးလိုက် နာရီဝက်လောက်နေတော့
စပါယ်ရှယ်ရည်းစားစာ တစ်စောင်ရလေရော့။
ကျွန်နော်မှာတော့တခါတရံဆေးလိပ်တစ်ဘူးလောက်ကုန်မှစာရေးနိုင်တယ်ဗျို့
သိပ်လဲမတွေးပါနဲ့ ပေါ်တာရေးပါကွာ
စာေ၇းတဲ့အခါ ဆေးလိပ်သောက်ရတာ အရသာရှိတယ်အစ်ကိုကြီးရေ
မှန်တယ်ဗျို့ ဆေးလိပ်လဲခဲပြီး စာရေးတာပါဘဲ